COVID-19 ကာကွယ်ဆေးထိုးရန် NUG က ကုလကို အကူအညီတောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။

COVID-19 တတိယလှိုင်း ထိန်းချုပ်နိုင်မှု မရှိခြင်းသည် စစ်ကောင်စီကြောင့် ဖြစ်ကြောင်းအမျိုးသား ညီညွတ်ရေး အစိုးရက စွပ်စွဲလိုက်ပြီး ကာကွယ်ဆေးထိုးနိုင်ရေး အတွက် အကူအညီပေး ရန် ကုလသမဂ္ဂကို တောင်းဆိုလိုက်သည်။

အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ပဒိုမန်းမန်းက ဩဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်သည့် အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာတစ်နိုင်ငံလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရန် အတွက် နည်းလမ်းနှစ်မျိုး နှင့် လုပ်ဆောင်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကျနော်တို့ ဒီကာကွယ်ဆေးကို ထိုးနှံရရှိဖို့အတွက်က တစ်နိုင်ငံလုံးထိုးနှံရရှိနိုင်ဖို့အတွက်ရော နောက် ကာကွယ် ဆေးရဲ့ စီးဆင်းအကောင်အထည်ဆောင်ရွက်မှုက နှစ်ပိုင်းမဟာဗျူဟာချထားပါတယ်။ ပထမတစ်ပိုင်းက ဒီ Cross Border ကနေ သွားဖို့ ဖြစ်ပါတယ်။ Cross Border ဆိုတာ အိန္ဒိယဖြစ်မယ်။ တရုတ်ဖြစ်မယ်။ ထိုင်း ဖြစ်မယ် အခြေခံအားဖြင့် ပေါ့နော်။ အဲ့ဒါကို ကျနော်တို့ သွားဖို့ဖြစ်ပါတယ်။ အခြေခံအားဖြင့်ပေါ့နော်။ အဲ့ဒီ Cross Border ကိုသွားဖို့ဆိုရင် အဓိကအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေ အုပ်ချုပ်နယ်မြေဖြစ်တဲ့ တိုင်း ရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေက အကောင်အထည်ဖော်ဆောင်ရွက်ရမယ်”

ထို့အပြင် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ရန် အတွက် UN အနေနှင့် ကြားဝင်လုပ်ဆောင် ပေးဖို့ လိုအပ်သည်ဟု ပဒိုမန်းမန်းက ဆက်ပြောသည်။

“ဒုတိယ Strategy ကတော့ ကျနော်တို့ ရန်ကုန်လေဆိပ်ကနေမှ သယ်ဆောင်ပေးတဲ့ကိစ္စဖြစ်တယ်။ ဒီ Cross Border မဟုတ်ပဲနဲ့ ရန်ကုန်ဘက်ကနေ ဝင်လာမယ်ဆိုရင်တော့ Third Party UN အေဂျင်စီကို ပေးဖို့ရယ်၊ နောက်တစ်ခါ ထိုးနှံတဲ့နေရာမှာလည်းပဲ Third Party UN အေဂျင်စီကပဲ ထိုးနှံမှာဖြစ်ပါတယ်”

ကာကွယ်ဆေးများရောက်လာပြီး ပြည်သူများကို ထိုးပေးသည့်အခါမှာတွင်လည်း CDM လုပ်ထားသည့် ဆရာ ဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးပေးသည့် လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေး အစီအစဉ်များ ရေးဆွဲထားပြီး အားလုံးပူးပေါင်းပါဝင်ရန်လည်း လိုအပ်သည် အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ပဒိုမန်း မန်းက ပြောသည်။

မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးတွင် COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေပြီး သေဆုံးသူလည်း နေ့စဉ်ရာချီရှိနေသည်ဟု မြို့နယ်အလိုက် ကိုဗစ်-၁၉ ကူးစက်မှုသူများနှင့် အတည်ပြုလူနာ သေဆုံးမှုများအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ပရဟိတအသင်းတာဝန်ရှိသူများက ပြောသည်။

NUG အစိုးရ၏ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “ကိုဗစ်တတိယလှိုင်းရဲ့ တရားခံဟာ ဘယ်သူလဲဆိုတာ တကမ္ဘာလုံးသိပါတယ်။ ကျနော်တို့ မြန်မာပြည်ကလည်း သိတယ်။ ဒါ့ကြောင့် ပြည်သူတွေ ကျနော်တို့ သူငယ်ချင်းတွေ ကျနော်တို့ရဲ့ မိဘတွေ ဆွေမျိုးတွေ မိတ်ဆွေတွေ အသက်ဆုံးရှုံးခဲ့ရ တယ်။ ထောင်သောင်းချီပြီးဆုံးရှုံးခဲ့ရတယ်။ တရားခံဘယ်သူလဲဆိုတာ တကမ္ဘာလုံးသိတယ်။ ဒါဘယ်သူမှ မငြင်းနိုင်ဘူး။ အခုလည်းသူတို့ ထိုးစစ်တွေဆင်တယ်။ အခုလည်းသူတို့စစ်သားတွေနဲ့ ရဲသားတွေတောင် ကာ ကွယ်ဆေးထိုးရရဲ့လားဆိုတာ သူမသုံးသပ်ဘူး” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြည်သူများ COVID-19 ကာကွယ်ဆေးထိုးနိုင်ရေး လုပ်ဆောင်မှုထက် ဒေသအသီးသီးအား ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းများကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်သည်ဟု ဒေါက်တာဇော်ဝေစိုးက ဆက်ပြောသည်။

“ကာကွယ်ဆေးထိုးဖို့ကျတော့ မသုံးချင်ပဲနဲ့ အခုလို ထိုးစစ်တွေဆင်ပြီးသွားချင်တဲ့ ဒီလိုစစ်အာဏာရှင်မျိုး ဆက် ရှိနေရင် ကျနော်တို့ နောက်ထပ် စတုတ္ထလှိုင်းဆိုတာ ပေါ်လာအုံးမှာ။ ဒါ့ကြောင့် ကျနော်တို့ မြန်မာပြည်မှာ နောက်ထပ်ကိုဗစ်မဖြစ်ဖို့ နောက်ထပ်လှိုင်းတွေ မပေါ်ဖို့က အရေးအကြီးဆုံးက စစ်အာဏာရှင်ကို အမြစ်ပြတ် ရှင်းပစ်ဖို့ပဲ။”

မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် စစ်အာဏာရှင်စနစ်ကြောင့် အခက်အခဲအမျိုးမျိုးကြုံနေရသည့်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု၊ နိုင်ငံအတွင်း စီးပွားရေးအခြေအနေများကြောင့် နိုင်ငံတော် ကျဆုံးခန်း Fail State ဖြစ်နေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရက ပြောသည်။

ထိုသို့အဘက်ဘက် ချွတ်ခြုံကျနေသော်လည်း စစ်ကောင်စီအနေဖြင့် ပြည်သူများအတွက် ကာကွယ်ဆေးရရှိနိုင် ရေးကြိုးစားမှုထက် တိုင်းရင်းသားဒေသများတွင်လည်း ထိုးစစ်ဆင်နေခြင်းများ ဆက်တိုက်လုပ်ဆောင်နေ သည်ဟု NUG အစိုးရက ပြောဆိုလိုက်သည်။

စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဩဂုတ်လ ၂၄ ရက် နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇၈၃၇၇ ဦး၊ သေဆုံးသူ ၁၄၆၂၂ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။ သို့သော် မြေပြင်တွင် အဆိုပါစာရင်းထက်များနိုင်သည်ဟု ပညာရှင်များ၊ စောင့်ကြည့်နေသူများ၊ ပရဟိတ သမားများနှင့် စေတနာ့ဝန်ထမ်းများ က ပြောဆိုထားသည်။

*** ZAWGYI ***
COVID-19 ကာကြယ္ေဆးထိုးရန္ NUG က ကုလကို အကူအညီေတာင္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၅ ရက္။

COVID-19 တတိယလႈိင္း ထိန္းခ်ဳပ္ႏိုင္မႈ မရွိျခင္းသည္ စစ္ေကာင္စီေၾကာင့္ ျဖစ္ေၾကာင္းအမ်ိဳးသား ညီၫြတ္ေရး အစိုးရက စြပ္စြဲလိုက္ၿပီး ကာကြယ္ေဆးထိုးႏိုင္ေရး အတြက္ အကူအညီေပး ရန္ ကုလသမဂၢကို ေတာင္းဆိုလိုက္သည္။

အမ်ိဳးသားက်န္းမာေရးေကာ္မတီ ဥကၠ႒ ပဒိုမန္းမန္းက ဩဂုတ္လ ၂၄ ရက္ေန႔က ျပဳလုပ္သည့္ အြန္လိုင္း သတင္းစာ ရွင္းလင္းပြဲတြင္ ျမန္မာတစ္ႏိုင္ငံလုံး ကိုဗစ္-၁၉ ကာကြယ္ေဆးရရွိႏိုင္ရန္ အတြက္ နည္းလမ္းႏွစ္မ်ိဳး ႏွင့္ လုပ္ေဆာင္ေနသည္ဟု အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

“က်ေနာ္တို႔ ဒီကာကြယ္ေဆးကို ထိုးႏွံရရွိဖို႔အတြက္က တစ္ႏိုင္ငံလုံးထိုးႏွံရရွိႏိုင္ဖို႔အတြက္ေရာ ေနာက္ ကာကြယ္ ေဆးရဲ႕ စီးဆင္းအေကာင္အထည္ေဆာင္႐ြက္မႈက ႏွစ္ပိုင္းမဟာဗ်ဴဟာခ်ထားပါတယ္။ ပထမတစ္ပိုင္းက ဒီ Cross Border ကေန သြားဖို႔ ျဖစ္ပါတယ္။ Cross Border ဆိုတာ အိႏၵိယျဖစ္မယ္။ တ႐ုတ္ျဖစ္မယ္။ ထိုင္း ျဖစ္မယ္ အေျခခံအားျဖင့္ ေပါ့ေနာ္။ အဲ့ဒါကို က်ေနာ္တို႔ သြားဖို႔ျဖစ္ပါတယ္။ အေျခခံအားျဖင့္ေပါ့ေနာ္။ အဲ့ဒီ Cross Border ကိုသြားဖို႔ဆိုရင္ အဓိကအားျဖင့္ တိုင္းရင္းသားလက္နက္ကိုင္ေတြ အုပ္ခ်ဳပ္နယ္ေျမျဖစ္တဲ့ တိုင္း ရင္းသား က်န္းမာေရးအဖြဲ႕အစည္းေတြက အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရမယ္”

ထို႔အျပင္ ျပည္သူမ်ားကို ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးေပးႏိုင္ရန္ အတြက္ UN အေနႏွင့္ ၾကားဝင္လုပ္ေဆာင္ ေပးဖို႔ လိုအပ္သည္ဟု ပဒိုမန္းမန္းက ဆက္ေျပာသည္။

“ဒုတိယ Strategy ကေတာ့ က်ေနာ္တို႔ ရန္ကုန္ေလဆိပ္ကေနမွ သယ္ေဆာင္ေပးတဲ့ကိစၥျဖစ္တယ္။ ဒီ Cross Border မဟုတ္ပဲနဲ႔ ရန္ကုန္ဘက္ကေန ဝင္လာမယ္ဆိုရင္ေတာ့ Third Party UN ေအဂ်င္စီကို ေပးဖို႔ရယ္၊ ေနာက္တစ္ခါ ထိုးႏွံတဲ့ေနရာမွာလည္းပဲ Third Party UN ေအဂ်င္စီကပဲ ထိုးႏွံမွာျဖစ္ပါတယ္”

ကာကြယ္ေဆးမ်ားေရာက္လာၿပီး ျပည္သူမ်ားကို ထိုးေပးသည့္အခါမွာတြင္လည္း CDM လုပ္ထားသည့္ ဆရာ ဝန္မ်ား၊ က်န္းမာေရးဝန္ထမ္းမ်ားက ကာကြယ္ေဆးထိုးေပးသည့္ လုပ္ငန္းစဥ္တြင္ ပါဝင္ႏိုင္ေရး အစီအစဥ္မ်ား ေရးဆြဲထားၿပီး အားလုံးပူးေပါင္းပါဝင္ရန္လည္း လိုအပ္သည္ အမ်ိဳးသားက်န္းမာေရးေကာ္မတီ ဥကၠ႒ ပဒိုမန္း မန္းက ေျပာသည္။

ျမန္မာႏိုင္ငံအတြင္း တိုင္းႏွင့္ျပည္နယ္အသီးသီးတြင္ COVID-19 ကူးစက္မႈႏႈန္း ျမင့္တက္ေနၿပီး ေသဆုံးသူလည္း ေန႔စဥ္ရာခ်ီရွိေနသည္ဟု ၿမိဳ႕နယ္အလိုက္ ကိုဗစ္-၁၉ ကူးစက္မႈသူမ်ားႏွင့္ အတည္ျပဳလူနာ ေသဆုံးမႈမ်ားအတြက္ လိုက္ပါေဆာင္႐ြက္ေပးေနသည့္ ပရဟိတအသင္းတာဝန္ရွိသူမ်ားက ေျပာသည္။

NUG အစိုးရ၏ ပညာေရးႏွင့္ က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးက “ကိုဗစ္တတိယလႈိင္းရဲ႕ တရားခံဟာ ဘယ္သူလဲဆိုတာ တကမာၻလုံးသိပါတယ္။ က်ေနာ္တို႔ ျမန္မာျပည္ကလည္း သိတယ္။ ဒါ့ေၾကာင့္ ျပည္သူေတြ က်ေနာ္တို႔ သူငယ္ခ်င္းေတြ က်ေနာ္တို႔ရဲ႕ မိဘေတြ ေဆြမ်ိဳးေတြ မိတ္ေဆြေတြ အသက္ဆုံးရႈံးခဲ့ရ တယ္။ ေထာင္ေသာင္းခ်ီၿပီးဆုံးရႈံးခဲ့ရတယ္။ တရားခံဘယ္သူလဲဆိုတာ တကမာၻလုံးသိတယ္။ ဒါဘယ္သူမွ မျငင္းႏိုင္ဘူး။ အခုလည္းသူတို႔ ထိုးစစ္ေတြဆင္တယ္။ အခုလည္းသူတို႔စစ္သားေတြနဲ႔ ရဲသားေတြေတာင္ ကာ ကြယ္ေဆးထိုးရရဲ႕လားဆိုတာ သူမသုံးသပ္ဘူး” ဟု ေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီအေနျဖင့္ ျပည္သူမ်ား COVID-19 ကာကြယ္ေဆးထိုးႏိုင္ေရး လုပ္ေဆာင္မႈထက္ ေဒသအသီးသီးအား ထိုးစစ္ဆင္တိုက္ခိုက္ေနျခင္းမ်ားေၾကာင့္ အေျခအေနမ်ား ပိုမိုဆိုး႐ြားလာႏိုင္သည္ဟု ေဒါက္တာေဇာ္ေဝစိုးက ဆက္ေျပာသည္။

“ကာကြယ္ေဆးထိုးဖို႔က်ေတာ့ မသုံးခ်င္ပဲနဲ႔ အခုလို ထိုးစစ္ေတြဆင္ၿပီးသြားခ်င္တဲ့ ဒီလိုစစ္အာဏာရွင္မ်ိဳး ဆက္ ရွိေနရင္ က်ေနာ္တို႔ ေနာက္ထပ္ စတုတၳလႈိင္းဆိုတာ ေပၚလာအုံးမွာ။ ဒါ့ေၾကာင့္ က်ေနာ္တို႔ ျမန္မာျပည္မွာ ေနာက္ထပ္ကိုဗစ္မျဖစ္ဖို႔ ေနာက္ထပ္လႈိင္းေတြ မေပၚဖို႔က အေရးအႀကီးဆုံးက စစ္အာဏာရွင္ကို အျမစ္ျပတ္ ရွင္းပစ္ဖို႔ပဲ။”

ျမန္မာႏိုင္ငံအေနျဖင့္ လက္ရွိတြင္ စစ္အာဏာရွင္စနစ္ေၾကာင့္ အခက္အခဲအမ်ိဳးမ်ိဳးႀကဳံေနရသည့္အျပင္ ကိုဗစ္-၁၉ ကပ္ေရာဂါကူးစက္မႈ၊ ႏိုင္ငံအတြင္း စီးပြားေရးအေျခအေနမ်ားေၾကာင့္ ႏိုင္ငံေတာ္ က်ဆုံးခန္း Fail State ျဖစ္ေနၿပီဟု အမ်ိဳးသားညီၫြတ္ေရးအစိုးရက ေျပာသည္။

ထိုသို႔အဘက္ဘက္ ခြၽတ္ၿခဳံက်ေနေသာ္လည္း စစ္ေကာင္စီအေနျဖင့္ ျပည္သူမ်ားအတြက္ ကာကြယ္ေဆးရရွိႏိုင္ ေရးႀကိဳးစားမႈထက္ တိုင္းရင္းသားေဒသမ်ားတြင္လည္း ထိုးစစ္ဆင္ေနျခင္းမ်ား ဆက္တိုက္လုပ္ေဆာင္ေန သည္ဟု NUG အစိုးရက ေျပာဆိုလိုက္သည္။

စစ္ေကာင္စီ လက္ေအာက္ခံ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ဩဂုတ္လ ၂၄ ရက္ ေန႔အထိ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၃၇၈၃၇၇ ဦး၊ ေသဆုံးသူ ၁၄၆၂၂ ဦး ရွိသည္ဟု ထုတ္ျပန္ထားသည္။ သို႔ေသာ္ ေျမျပင္တြင္ အဆိုပါစာရင္းထက္မ်ားႏိုင္သည္ဟု ပညာရွင္မ်ား၊ ေစာင့္ၾကည့္ေနသူမ်ား၊ ပရဟိတ သမားမ်ားႏွင့္ ေစတနာ့ဝန္ထမ္းမ်ား က ေျပာဆိုထားသည္။