မအူပင်တွင် NLD ပါတီနှင့် ဝန်းရံသူများ ခြိမ်းခြောက်ခံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၆ ရက်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ နာဂပါလ အဖွဲ့က NLD ပါတီဝင်များနှင့် ပါတီဝန်းရံ ထောက်ခံသူများကို ခြိမ်းခြောက်သည့် စာတစ်စောင်ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

နဂရပါလအဖွဲ့ကို ပြည်ခိုင်ဖြိုး ပါတီထောက်ခံသူများ၊ စစ်ကောင်စီ သတင်းပေး ဒလန် အများစုဖြင့် ဖွဲ့စည်းထား ခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

ထုတ်ပြန်သော စာတွင် “အကြမ်းဖက် NLD များ နှင့် ၎င်းတို့ကို အားပေးသူများက အေးချမ်းစွာနေလိုသူများကို ခေါင်းစဉ်အမျိုးမျိုးတပ် ကာခြိမ်း ခြောက်လျှက်ရှိပြီး တစ်စုံတစ်ရာပြုလုပ်ပါက NLD ပါတီဝင်များနှင့် အားပေးထောက်ခံသူများ သာမက မိသားစုများကိုပါ ထိရောက်စွာ လက်တုန့်ပြန်သွားမည်” ဖြစ်ကြောင်း ဖော်ပြထားသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်သူကို အကြမ်းဖက် စော်ကားသူများ နှင့် အားပေးသူများကို အရေးယူပေးရန် တင်ပြကြောင်း နာဂပါလ အဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက PDF အဖွဲ့က မအူပင်က စစ်ကောင်စီ ဒလန်တွေကို အမည်နဲ့ တပ်ပြီး သတိပေးချက် ထုတ် ပြန်တယ်။ ဒါကို နဂပါလတွေက တုန့်ပြန်တာဖြစ်မယ်” ဟု မအူပင် မြို့ခံ တစ်ဦးက သုံးသပ်သည်။

နဂရပါလအဖွဲ့၏ သတင်းပေးတိုင်ကြားမှုများကြောင့် မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အချို့ ဖမ်းဆီးခံခဲ့ရပြီး အချို့မှာလည်း ယနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မအူပင်မြို့ခံများ က ဆိုသည်။

ယင်းခြိမ်းခြောက်စာသည် သြဂုတ် ၂၄ရက်နေ့ က စတင်ပြီး လူမှုကွန်ရက်မီဒီယာပေါ်တွင် ပျံ့နှံ့လာခြင်း ဖြစ်သည်။

*** ZAWGYI ***
မအူပင္တြင္ NLD ပါတီႏွင့္ ဝန္းရံသူမ်ား ၿခိမ္းေျခာက္ခံေနရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္ ဩဂုတ္လ ၂၆ ရက္။

ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕ရွိ နာဂပါလ အဖြဲ႕က NLD ပါတီဝင္မ်ားႏွင့္ ပါတီဝန္းရံ ေထာက္ခံသူမ်ားကို ၿခိမ္းေျခာက္သည့္ စာတစ္ေစာင္ထုတ္ျပန္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

နဂရပါလအဖြဲ႕ကို ျပည္ခိုင္ၿဖိဳး ပါတီေထာက္ခံသူမ်ား၊ စစ္ေကာင္စီ သတင္းေပး ဒလန္ အမ်ားစုျဖင့္ ဖြဲ႕စည္းထား ျခင္းျဖစ္ေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။

ထုတ္ျပန္ေသာ စာတြင္ “အၾကမ္းဖက္ NLD မ်ား ႏွင့္ ၎တို႔ကို အားေပးသူမ်ားက ေအးခ်မ္းစြာေနလိုသူမ်ားကို ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္ ကာၿခိမ္း ေျခာက္လွ်က္ရွိၿပီး တစ္စုံတစ္ရာျပဳလုပ္ပါက NLD ပါတီဝင္မ်ားႏွင့္ အားေပးေထာက္ခံသူမ်ား သာမက မိသားစုမ်ားကိုပါ ထိေရာက္စြာ လက္တုန႔္ျပန္သြားမည္” ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ျပည္သူကို အၾကမ္းဖက္ ေစာ္ကားသူမ်ား ႏွင့္ အားေပးသူမ်ားကို အေရးယူေပးရန္ တင္ျပေၾကာင္း နာဂပါလ အဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။

“ၿပီးခဲ့တဲ့ ရက္ပိုင္းက PDF အဖြဲ႕က မအူပင္က စစ္ေကာင္စီ ဒလန္ေတြကို အမည္နဲ႔ တပ္ၿပီး သတိေပးခ်က္ ထုတ္ ျပန္တယ္။ ဒါကို နဂပါလေတြက တုန႔္ျပန္တာျဖစ္မယ္” ဟု မအူပင္ ၿမိဳ႕ခံ တစ္ဦးက သုံးသပ္သည္။

နဂရပါလအဖြဲ႕၏ သတင္းေပးတိုင္ၾကားမႈမ်ားေၾကာင့္ ၿမိဳ႕ခံ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ အခ်ိဳ႕ ဖမ္းဆီးခံခဲ့ရၿပီး အခ်ိဳ႕မွာလည္း ယေန႔အခ်ိန္အထိ ထြက္ေျပးတိမ္းေရွာင္ေနရသည္ဟု မအူပင္ၿမိဳ႕ခံမ်ား က ဆိုသည္။

ယင္းၿခိမ္းေျခာက္စာသည္ ၾသဂုတ္ ၂၄ရက္ေန႔ က စတင္ၿပီး လူမႈကြန္ရက္မီဒီယာေပၚတြင္ ပ်ံ႕ႏွံ႔လာျခင္း ျဖစ္သည္။