မလိခ မြစ်ရေတက်သဖြင့် ဒေသခံအချို့ ရွှေ့ပြောင်းရ။
မြစ်ကြီးနား မစိုးရိမ်ရသေးဟု မိုးဇလ ဆို။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မလိခမြစ် စိုးရိမ်ရေမှတ်ကျော်လွန်၍ ရေမြင့်တက်လာသည့်အတွက် ဒေသခံများဘေးလွတ်ရာသို့ ညတွင်းချင်းပြောင်းရွှေ့နေကြရ သည်ဟု ဒေသခံများက ပြောသည်။

မလိခမြစ် တစ် လျှောက်တွင် ရှိသည့်ကျေးရွာအချို့နှင့် မချမ်းဘော့မြို့နယ် ကောင်းမှုလုံကျေးရွာအနီးတဝိုက် ရေဝင်လာခဲ့ခြင်းဖြစ် သော်လည်း မြစ်ကြီးနားတွင် စိုးရိမ်ဖွယ်မရှိသေးဟု မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ပြောသည်။

ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မလိခ မြစ်ရေသည် သြဂုတ်လ ၂၆ ရက်နေ့ ည ၈နာရီခွဲ အချိန်တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် အထက် ၆၇ စင်တီမီတာတွင် ရောက်ရှိနေကြောင်း ပူတာအို မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ သိရသည်။

မလိခမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၂၀၀ စင်တီမီတာဖြစ်ပြီး ယခု ၁၂၆၇ စင်တီမီတာသို့ ရောက်ရှိနေကာ မိုးဆက်လက် ရွာသွန်းနေခြင်းဖြစ်သည်။

မြစ်ရေတက်မှု မြန်ဆန်သဖြင့် ပူတာအိုမြို့နယ် မလိခွမ်ကျေးရွာ နှင့် မြစ်ကမ်းဘေးနေအိမ် အချို့မှာ ရေဝင်လာ သည့် အတွက် ရွာသူရွာသားများ ဘေးလွတ်ရာကို ညတွင်းချင်းရွေ့ပြောင်းခဲ့ကြရသည်။

မလိခမြစ်ရေတက်နေသည့် အတွက် မြစ်ကြီးနားမြို့တွင် သြဂုတ်လ ၂၇ရက်နေ့ နေ့လည်ပိုင်းနှင့် ညနေပိုင်း အတွင်း ရေပြန်လည်မြင့်တက်လာနိုင်သော်လည်း စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာ ကို မရောက်နိုင်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ က တာဝန်ရှိသူတစ်ဦး က ပြောသည်။

*** ZAWGYI ***
မလိခ ျမစ္ေရတက္သျဖင့္ ေဒသခံအခ်ိဳ႕ ေ႐ႊ႕ေျပာင္းရ။
ျမစ္ႀကီးနား မစိုးရိမ္ရေသးဟု မိုးဇလ ဆို။

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၆ ရက္။

ကခ်င္ျပည္နယ္၊ ပူတာအိုခ႐ိုင္အတြင္း မလိချမစ္ စိုးရိမ္ေရမွတ္ေက်ာ္လြန္၍ ေရျမင့္တက္လာသည့္အတြက္ ေဒသခံမ်ားေဘးလြတ္ရာသို႔ ညတြင္းခ်င္းေျပာင္းေ႐ႊ႕ေနၾကရ သည္ဟု ေဒသခံမ်ားက ေျပာသည္။

မလိချမစ္ တစ္ ေလွ်ာက္တြင္ ရွိသည့္ေက်း႐ြာအခ်ိဳ႕ႏွင့္ မခ်မ္းေဘာ့ၿမိဳ႕နယ္ ေကာင္းမႈလုံေက်း႐ြာအနီးတဝိုက္ ေရဝင္လာခဲ့ျခင္းျဖစ္ ေသာ္လည္း ျမစ္ႀကီးနားတြင္ စိုးရိမ္ဖြယ္မရွိေသးဟု မိုးေလဝသႏွင့္ ဇလေဗဒ ဦးစီးဌာနက ေျပာသည္။

ပူတာအိုခ႐ိုင္၊ မခ်မ္းေဘာၿမိဳ႕တြင္ မလိခ ျမစ္ေရသည္ ၾသဂုတ္လ ၂၆ ရက္ေန႔ ည ၈နာရီခြဲ အခ်ိန္တိုင္းထြာ ခ်က္ အရ စိုးရိမ္ေရမွတ္ အထက္ ၆၇ စင္တီမီတာတြင္ ေရာက္ရွိေနေၾကာင္း ပူတာအို မိုးေလဝသႏွင့္ ဇလေဗဒ ဦးစီးဌာနမွ သိရသည္။

မလိချမစ္ေရ၏ စိုးရိမ္ေရအမွတ္သည္ ၁၂၀၀ စင္တီမီတာျဖစ္ၿပီး ယခု ၁၂၆၇ စင္တီမီတာသို႔ ေရာက္ရွိေနကာ မိုးဆက္လက္ ႐ြာသြန္းေနျခင္းျဖစ္သည္။

ျမစ္ေရတက္မႈ ျမန္ဆန္သျဖင့္ ပူတာအိုၿမိဳ႕နယ္ မလိခြမ္ေက်း႐ြာ ႏွင့္ ျမစ္ကမ္းေဘးေနအိမ္ အခ်ိဳ႕မွာ ေရဝင္လာ သည့္ အတြက္ ႐ြာသူ႐ြာသားမ်ား ေဘးလြတ္ရာကို ညတြင္းခ်င္းေ႐ြ႕ေျပာင္းခဲ့ၾကရသည္။

မလိချမစ္ေရတက္ေနသည့္ အတြက္ ျမစ္ႀကီးနားၿမိဳ႕တြင္ ၾသဂုတ္လ ၂၇ရက္ေန႔ ေန႔လည္ပိုင္းႏွင့္ ညေနပိုင္း အတြင္း ေရျပန္လည္ျမင့္တက္လာႏိုင္ေသာ္လည္း စိုးရိမ္ေရအမွတ္ ၁၂၀၀ စင္တီမီတာ ကို မေရာက္ႏိုင္ေၾကာင္း ကခ်င္ျပည္နယ္ မိုးေလဝသႏွင့္ဇလေဗဒ က တာဝန္ရွိသူတစ္ဦး က ေျပာသည္။