စစ်ဆေးရေး ဂိတ်များ ကားများမှ ပိုက်ဆံကောက်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

အဝေးပြေးလမ်း အချို့တွင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များက ငွေကောက်ခံနေကြောင်း အငှားယာဉ်မောင်းများက ပြောသည်။

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း နှင့် ရန်ကုန်-ဧရာဝတီတိုင်း အဝေးပြေးလမ်းပေါ် ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ငွေကြေးကောက်ခံနေခြင်းဖြစ်ပြီး ခရီးဝေးနယ် အော်ဒါလိုက်ပို့လျှင် စစ်ရေးဂိတ်တစ်ဂိတ်ဖြတ်တိုင်း ကျပ် ၅၀၀၊ ကျပ် ၁၀၀၀ ပေးရပြီး ရန်ကုန်- မော်လမြိုင် အသွားအပြန်ခရီးကို နှစ်သောင်းခန့်ကုန်ကြောင်း တောင်ဒဂုံမှ အငှားယာဉ်မောင်း ဦးကရင်က ပြော သည်။

“လမ်းတစ်လျှောက် ဂိတ်များတဲ့ ခရီးဆိုပိုကုန်တယ်။ တချို့ဆို လေးငါးသောင်းအထိ ကုန်တဲ့ ခရီးတွေရှိတယ်။ ဟိုး အရင်ကလိုပြန် ဖြစ်နေပြီ။ ဆီဈေးတွေကလည်း တက်နေတော့ မကိုက်ဘူး” ဟု ၎င်း က ဆိုသည်။

အဝေးပြေးလမ်းများ အသုံးပြုရာတွင် ယခင်က မြို့အဝင် တိုးဂိတ်များတွင်သာ သတ်မှတ်ထားသည့် နှုန်းထား အတိုင်းသာ ပေးဆောင်ရပြီး စစ်တပ်ကအာဏာသိမ်း ပြီးနောက်ပိုင်း အသစ်ရှိလာခဲ့သည့် စစ်ဆေးရေးဂိတ်တိုင်း တွင် ငွေကြေးပေးဆောင် နေရကြောင်း အငှားယာဉ်မောင်းများ က ပြောသည်။

ရန်ကုန်မြို့မှ စတင်ထွက်ခွာသည်ဆိုလျှင်ပင် လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များ အများအပြားရှိပြီး အဆိုပါ ဂိတ်များတွင် လုံခြုံရေးယူထားသည့် စစ်ဆေးရေးဂိတ်တိုင်းကို ပေးရကြောင်း ၎င်းက ရှင်းပြသည်။

ဂိတ်တွင် ယူနီဖောင်းဝတ်ထားသူများက မတောင်းဘဲ အရပ်ဝတ်နှင့် လူများကတောင်းနေခြင်း ဖြစ်သည်ဟု ကိုယ် တိုင် ငွေပေးဆောင်ခဲ့ရသည့် အသက် ၂၈ နှစ်အရွယ် အငှားယာဉ်မောင်း တစ်ဦး က ပြောသည်။

“တောင်းတာတောင် ရိုးရိုးမတောင်းဘူး။ ကားထွက်ဖို့ ပြင်လိုက်ရင် နှုတ်မဆက်တော့ဘူးလားတို့ ဘော်ဒါကြေးတို့ ဆိုပြီး တောင်းတာ” ဟု ၎င်း က ပြောသည်။

ထိုသို့ တောင်းခံလာလျှင် ယာဉ်မောင်းများကသာ ပေးဆောင်ရခြင်းရှိသကဲ့သို့ ခရီးသည် အချို့က ယာဉ်မောင်း အစား ပေးဆောင် ခြင်းမျိုးလည်း ရှိသည်ဟု ၎င်းကဆိုသည်။

အသွားတွင် ခရီးသည်ပါလျှင် ခရီးသည်ကပေးပြီး အပြန်ခါလီပြန်လျှင် ကိုယ်ဟာကိုယ်ပေးရသဖြင့် ငွေရနည်း သွားကြောင်း ခရီးသည်များက သတ်မှတ်ဈေးနှုန်းအတိုင်းသာပေးကြ၍မကိုက်ကြောင်း မော်လမြိုင်သို့ ခရီးသည် ပို့ဆောင်ပြီး ပြန်လာသည့် အငှားယာဉ်မောင်းတစ်ဦး က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အဝေးပြေးလမ်းမ တစ်လျှောက်တွင် လုံခြုံရေးနှင့် COVID-19 ကပ်ရော ဂါကို အကြောင်းပြကာ စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ အများအပြား ချထားခြင်းဖြစ်သည်။

*** ZAWGYI ***
စစ္ေဆးေရး ဂိတ္မ်ား ကားမ်ားမွ ပိုက္ဆံေကာက္

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၈ ရက္။

အေဝးေျပးလမ္း အခ်ိဳ႕တြင္ စစ္ေကာင္စီ စစ္ေဆးေရး ဂိတ္မ်ားက ေငြေကာက္ခံေနေၾကာင္း အငွားယာဥ္ေမာင္းမ်ားက ေျပာသည္။

ရန္ကုန္-ေမာ္လၿမိဳင္ အေဝးေျပးလမ္း ႏွင့္ ရန္ကုန္-ဧရာဝတီတိုင္း အေဝးေျပးလမ္းေပၚ ျဖတ္သန္းသြားလာသည့္ ယာဥ္မ်ားထံမွ စစ္ေကာင္စီ စစ္ေဆးေရးဂိတ္မ်ားက ေငြေၾကးေကာက္ခံေနျခင္းျဖစ္ၿပီး ခရီးေဝးနယ္ ေအာ္ဒါလိုက္ပို႔လွ်င္ စစ္ေရးဂိတ္တစ္ဂိတ္ျဖတ္တိုင္း က်ပ္ ၅၀၀၊ က်ပ္ ၁၀၀၀ ေပးရၿပီး ရန္ကုန္- ေမာ္လၿမိဳင္ အသြားအျပန္ခရီးကို ႏွစ္ေသာင္းခန႔္ကုန္ေၾကာင္း ေတာင္ဒဂုံမွ အငွားယာဥ္ေမာင္း ဦးကရင္က ေျပာ သည္။

“လမ္းတစ္ေလွ်ာက္ ဂိတ္မ်ားတဲ့ ခရီးဆိုပိုကုန္တယ္။ တခ်ိဳ႕ဆို ေလးငါးေသာင္းအထိ ကုန္တဲ့ ခရီးေတြရွိတယ္။ ဟိုး အရင္ကလိုျပန္ ျဖစ္ေနၿပီ။ ဆီေဈးေတြကလည္း တက္ေနေတာ့ မကိုက္ဘူး” ဟု ၎ က ဆိုသည္။

အေဝးေျပးလမ္းမ်ား အသုံးျပဳရာတြင္ ယခင္က ၿမိဳ႕အဝင္ တိုးဂိတ္မ်ားတြင္သာ သတ္မွတ္ထားသည့္ ႏႈန္းထား အတိုင္းသာ ေပးေဆာင္ရၿပီး စစ္တပ္ကအာဏာသိမ္း ၿပီးေနာက္ပိုင္း အသစ္ရွိလာခဲ့သည့္ စစ္ေဆးေရးဂိတ္တိုင္း တြင္ ေငြေၾကးေပးေဆာင္ ေနရေၾကာင္း အငွားယာဥ္ေမာင္းမ်ား က ေျပာသည္။

ရန္ကုန္ၿမိဳ႕မွ စတင္ထြက္ခြာသည္ဆိုလွ်င္ပင္ လမ္းတစ္ေလွ်ာက္ စစ္ေဆးေရးဂိတ္မ်ား အမ်ားအျပားရွိၿပီး အဆိုပါ ဂိတ္မ်ားတြင္ လုံၿခဳံေရးယူထားသည့္ စစ္ေဆးေရးဂိတ္တိုင္းကို ေပးရေၾကာင္း ၎က ရွင္းျပသည္။

ဂိတ္တြင္ ယူနီေဖာင္းဝတ္ထားသူမ်ားက မေတာင္းဘဲ အရပ္ဝတ္ႏွင့္ လူမ်ားကေတာင္းေနျခင္း ျဖစ္သည္ဟု ကိုယ္ တိုင္ ေငြေပးေဆာင္ခဲ့ရသည့္ အသက္ ၂၈ ႏွစ္အ႐ြယ္ အငွားယာဥ္ေမာင္း တစ္ဦး က ေျပာသည္။

“ေတာင္းတာေတာင္ ႐ိုး႐ိုးမေတာင္းဘူး။ ကားထြက္ဖို႔ ျပင္လိုက္ရင္ ႏႈတ္မဆက္ေတာ့ဘူးလားတို႔ ေဘာ္ဒါေၾကး တို႔ ဆိုၿပီး ေတာင္းတာ” ဟု ၎ က ေျပာသည္။

ထိုသို႔ ေတာင္းခံလာလွ်င္ ယာဥ္ေမာင္းမ်ားကသာ ေပးေဆာင္ရျခင္းရွိသကဲ့သို႔ ခရီးသည္ အခ်ိဳ႕က ယာဥ္ေမာင္း အစား ေပးေဆာင္ ျခင္းမ်ိဳးလည္း ရွိသည္ဟု ၎ကဆိုသည္။

အသြားတြင္ ခရီးသည္ပါလွ်င္ ခရီးသည္ကေပးၿပီး အျပန္ခါလီျပန္လွ်င္ ကိုယ္ဟာကိုယ္ေပးရသျဖင့္ ေငြရနည္း သြားေၾကာင္း ခရီးသည္မ်ားက သတ္မွတ္ေဈးႏႈန္းအတိုင္းသာေပးၾက၍မကိုက္ေၾကာင္း ေမာ္လၿမိဳင္သို႔ ခရီးသည္ ပို႔ေဆာင္ၿပီး ျပန္လာသည့္ အငွားယာဥ္ေမာင္းတစ္ဦး က ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီး ေနာက္ပိုင္း အေဝးေျပးလမ္းမ တစ္ေလွ်ာက္တြင္ လုံၿခဳံေရးႏွင့္ COVID-19 ကပ္ေရာ ဂါကို အေၾကာင္းျပကာ စစ္ေကာင္စီက စစ္ေဆးေရးဂိတ္မ်ား အမ်ားအျပား ခ်ထားျခင္းျဖစ္သည္။