အတွင်းရေးမှူးအား ဖမ်းဆီးရန်လာရောက်သည့် ကိစ္စကို KBC က ညှိနှိုင်း သွားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အတွင်းရေးမှူးကို စစ်ကောင်စီက ဖမ်းဆီးရန် စာထုတ်ထားသည့်အပေါ် KBC အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းသွားရန် စီစဉ်ထား သည်ဟု KBC တာဝန်ရှိသူ က ပြောသည်။

KBC ၏ အသင်းတော်များသို့ ဆုတောင်းရန် ဖြန့်ဝေထားသည့်စာထဲတွင် “စစ်အာဏာရှင်”ဟူသော အသုံးအနှုန်း အချို့ပါသည့် အပေါ် ရဲများက စစ်ဆေးရန် ရောက်ရှိလာခဲ့သည်ဟု ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ က ပြောသည်။

“ကိုဗစ်အတွက်ဆုတောင်းရအောင်၊ ကိုဗစ်ပျောက်ဖို့အတွက် ဆုတောင်းရအောင် ဆိုတဲ့အကြောင်းပါတယ်။ ပြီး ရင် ကျနော်တို့ ဒုက္ခရောက်နေတဲ့ နိုင်ငံရေးပြဿနာလည်း ရှိနေတော့ အဲ့ဒီအတွက်ပါ ဆုတောင်းရအောင်ဆိုတဲ့ ဆုတောင်းချက်အပေါ်မှာ ဒီအာဏာရှင်ဆိုတဲ့စကားလုံးကို ကျနော်တို့က စစ်အာဏာရှင်ပဲ ပြောတာမဟုတ်ဘူး။ အာဏာရှင်အားလုံးဆိုတာကို ဆိုလိုတာပေါ့။ အဲ့ဒီမှာ နည်းနည်းနားလည်မှု လွှဲသွားခြင်းဖြစ်ပါတယ်။ ကျနော်တို့ လည်း အဲ့ဒါပြန်လည်ဖြေရှင်းဖို့လုပ်နေပါတယ်” ဟု ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ သိက္ခာတော် ရဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွန် က ပြောသည်။

“၇ ရက်နေ့ ထုတ်တဲ့စာထဲမှာ နံပါတ် ၆ နဲ့ ၇ မှာကတော့ ဒီတပ်မတော်၊ စစ်တပ်နဲ့ ညှိစွန်းတဲ့ စကားလုံးတွေပါ တယ်ဆိုပြီးမှ အဲ့ဒီအပေါ်မှာ အတွင်းရေးမှူးကို ဖမ်းဆီးဖို့ရန်သူတို့ စာထုတ် တာပေါ့။ ဒါပေမယ့် ကျနော်တို့က အဲ့ဒီစာအပေါ်မှာ သက်ဆိုင်ရာဒီ အိမ်စောင့်အစိုးရနဲ့ ညှိနှိုင်းပြီးမှ ဒါပြေလည်အောင် ကျနော်တို့ စကားပြောဖို့ ကမ်းလှမ်းခဲ့တာကိုတော့ သူတို့လက်ခံတာပေါ့။”

ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းအချိန်ခန့်က KBC ရုံးသို့ ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှာ KBC အတွင်းရေးမှူး သိက္ခာတော်ရဆရာတော်တူးမိုင် နှင့် တွေ့ဆုံရန် လာရောက်ခဲ့သည်ဟု သိက္ခာတော်ရ ဆရာ တော် ဒေါက်တာခါလမ်ဆမ်ဆွန်က ဆက်ပြောသည်။

“အဲ့မှာ မနေ့ညက လာပြီးမှ သူတို့ ဖမ်းဆီးတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ အုပ်ချုပ်ရေးမှူးပါ ပါပြီးမှ ရဲစခန်းက ပုဂ္ဂိုလ်တွေ လေးဦးလာပြီး အတွင်းရေးမှူးကိုတွေ့ဆုံဖို့ လာတွေ့ဆုံခြင်းသာဖြစ်တယ်။ ဒါသတင်းတွေ အမှား တွေက တော့ စစ်ကားနဲ့လာတယ်ဘာညာနဲ့ ဖြစ်နေတာကတော့ ဒါစစ်ကားလည်း မလာပါဘူး။ ဖမ်းဆီးဖို့လာ တာလည်း မဟုတ်ဘူး။ သေနတ်တွေလည်းမပါဘူး။ သူတို့ရိုးရိုးလာကြတာဖြစ်တယ်ဆိုတာ အခုကျနော်တို့က အဲ့ဒါ သတင်း အမှန်တင်ပြဖို့ လုပ်နေပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ KBC ရုံးသို့ ရောက်လာချိန်တွင် “အတွင်းရေးမှူးက အခု သူ ခရီးထွက်နေတယ်။ ဆိုတော့ သူမရှိဘူး။ ဆိုတော့ လုံခြုံမယ်လို့ ထင်ပါတယ်။ ကျနော်တို့လည်း အခုပြေလည် အောင် ဖြေရှင်းဖို့လုပ်နေပါတယ်” ဟု ဒေါက်တာခါလမ်ဆမ်ဆွန် က ဆက်ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးဖို့ ညွန်ကြားထားသော်လည်း KBC အနေဖြင့် ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌ၊ PCG က တာ ဝန်ရှိသူများနှင့် ညှိနှိုင်းပြီး ပြန်လည်ဆွေးနွေးမည်ဟု သိက္ခာတော်ရဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွန်က ပြော သည်။

“ညှိနှိုင်းတယ်ဆိုတာ ကျနော်တို့ ကချင်လိုထုတ်ဝေတဲ့နေရာမှာ ဘာသာပြန်တဲ့အပိုင်းမှာ စစ်တပ်ကိုကြီးပဲ ရည် ရွယ်တာ မဟုတ်ဘူးဆိုတဲ့ အကြောင်း အာဏာာရှင်ဆိုတာ ကျနော်တို့ အားလုံးအာဏာရှင် အသင်းတော်မှာလည်း တချို့အာဏာရှင် ဘုန်းကြီးတွေ ဆရာတော်တွေက အာဏာရှင်ပုံစံမျိုးရှိတာပေါ့နော် ဆိုတော့ ကျနော်တို့ အာ ဏာရှင်ဟူသမျှဆိုတဲ့ စကားလုံးသုံးတဲ့နေရာမှာ စစ်တပ်ကိုပဲ ရည်ရွယ်တာမဟုတ်ဘူးဆိုတဲ့ အကြောင်းတွေ ပြန် ရှင်း ပြဖို့ရှိပါတယ်။”

စစ်ကောင်စီအနေဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ထုတ်ဝေသည့် စာများအား စစ်ဆေးခြင်းမှာ ယခုမှ မဟုတ်ပဲ ယခင်အစိုးရအဆက်ဆက်ကတည်းက ဖြစ်ခဲ့သည့်အတွက် KBC အနေဖြင့် အသင်းတော်များအား ပေးရမည့် စာများ၊ ဆုတောင်းခံချက်ကို ဆက်လက်ဖြန့်ဝေသွားမည်ဟု ဆိုသည်။

“သူတို့ကတော့ ကျနော်တို့ KBC က ထုတ်တဲ့စာတွေကိုတော့ အမြဲတမ်းစိစစ်တယ်လို့ ကျနော်တို့ကတော့ အရင် ကတည်းကနေ သိပြီးသားဖြစ်တယ်။ ဆိုတော့ ဒါကတော့ သူတို့အပိုင်းပေါ့လေ ကျနော်တို့အပိုင်းကတော့ ဒီအ ဖြစ်မှန်တွေကို အသင်းတော်တွေကို ပေးချင်တဲ့ message တွေကတော့ ကျနော်တို့ပုံမှန်ပဲ အဲ့လိုပဲပေးသွားမှာ ပါ။ အရေးယူတဲ့အပိုင်းကတော့ သူတို့ရဲ့ ကဏ္ဍပဲပေါ့” KBC ဥက္ကဋ္ဌ က ပြောသည်။

ဩဂုတ်လ ၇ ရက်နေ့က အသင်းတော်များအား ဖြန့်ဝေသည့် KBC ၏ ဆုတောင်းခံချက် စာထဲတွင် အချက် ၈ ချက်ပါဝင်ပြီး အဓိကအားဖြင့် ကိုဗစ်-၁၉ ကြောင့် ဒုက္ခရောက်နေသူများ၊ စစ်ရှောင်များ၊ နိုင်ငံခေါင်းဆောင်များ အတွက် ဆုတောင်းရန်၊ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကြောင့် ကြုံနေရသည့် အခက်အခဲများ၊ အာဏာရှင်များ ကျဆုံးရေးနှင့် စစ်မှန်ပြီး တရားမျှသည့် နိုင်ငံဖြစ်လာရန် ဆုတောင်းကြဖို့ ဆိုသည့်အချက်များ ပါဝင်သည်။

အဆိုပါဆုတောင်းခံချက်စာကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC ၏ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် တူးမိုင်၏ လက်မှတ်ဖြင့် အသင်းတော်များအား ဖြန့်ဝေထားခြင်း ဖြစ်သည်။

*** ZAWGYI ***
အတြင္းေရးမႉးအား ဖမ္းဆီးရန္လာေရာက္သည့္ ကိစၥကို KBC က ညႇိႏႈိင္း သြားမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၈ ရက္။

ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC အတြင္းေရးမႉးကို စစ္ေကာင္စီက ဖမ္းဆီးရန္ စာထုတ္ထားသည့္အေပၚ KBC အေနျဖင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြးညႇိႏႈိင္းသြားရန္ စီစဥ္ထား သည္ဟု KBC တာဝန္ရွိသူ က ေျပာသည္။

KBC ၏ အသင္းေတာ္မ်ားသို႔ ဆုေတာင္းရန္ ျဖန႔္ေဝထားသည့္စာထဲတြင္ “စစ္အာဏာရွင္”ဟူေသာ အသုံးအႏႈန္း အခ်ိဳ႕ပါသည့္ အေပၚ ရဲမ်ားက စစ္ေဆးရန္ ေရာက္ရွိလာခဲ့သည္ဟု ကခ်င္ ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ဥကၠ႒ က ေျပာသည္။

“ကိုဗစ္အတြက္ဆုေတာင္းရေအာင္၊ ကိုဗစ္ေပ်ာက္ဖို႔အတြက္ ဆုေတာင္းရေအာင္ ဆိုတဲ့အေၾကာင္းပါတယ္။ ၿပီး ရင္ က်ေနာ္တို႔ ဒုကၡေရာက္ေနတဲ့ ႏိုင္ငံေရးျပႆနာလည္း ရွိေနေတာ့ အဲ့ဒီအတြက္ပါ ဆုေတာင္းရေအာင္ဆိုတဲ့ ဆုေတာင္းခ်က္အေပၚမွာ ဒီအာဏာရွင္ဆိုတဲ့စကားလုံးကို က်ေနာ္တို႔က စစ္အာဏာရွင္ပဲ ေျပာတာမဟုတ္ဘူး။ အာဏာရွင္အားလုံးဆိုတာကို ဆိုလိုတာေပါ့။ အဲ့ဒီမွာ နည္းနည္းနားလည္မႈ လႊဲသြားျခင္းျဖစ္ပါတယ္။ က်ေနာ္တို႔ လည္း အဲ့ဒါျပန္လည္ေျဖရွင္းဖို႔လုပ္ေနပါတယ္” ဟု ကခ်င္ ႏွစ္ျခင္းခရစ္ယာန္ အဖြဲ႕ခ်ဳပ္ KBC ဥကၠ႒ သိကၡာေတာ္ ရဆရာေတာ္ ေဒါက္တာခါလမ္ဆမ္ဆြန္ က ေျပာသည္။

“၇ ရက္ေန႔ ထုတ္တဲ့စာထဲမွာ နံပါတ္ ၆ နဲ႔ ၇ မွာကေတာ့ ဒီတပ္မေတာ္၊ စစ္တပ္နဲ႔ ညႇိစြန္းတဲ့ စကားလုံးေတြပါ တယ္ဆိုၿပီးမွ အဲ့ဒီအေပၚမွာ အတြင္းေရးမႉးကို ဖမ္းဆီးဖို႔ရန္သူတို႔ စာထုတ္ တာေပါ့။ ဒါေပမယ့္ က်ေနာ္တို႔က အဲ့ဒီစာအေပၚမွာ သက္ဆိုင္ရာဒီ အိမ္ေစာင့္အစိုးရနဲ႔ ညႇိႏႈိင္းၿပီးမွ ဒါေျပလည္ေအာင္ က်ေနာ္တို႔ စကားေျပာဖို႔ ကမ္းလွမ္းခဲ့တာကိုေတာ့ သူတို႔လက္ခံတာေပါ့။”

ဩဂုတ္လ ၂၆ ရက္ေန႔ ညေနပိုင္းအခ်ိန္ခန႔္က KBC ႐ုံးသို႔ ရဲတပ္ဖြဲ႕ဝင္ေလးဦးႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတို႔မွာ KBC အတြင္းေရးမႉး သိကၡာေတာ္ရဆရာေတာ္တူးမိုင္ ႏွင့္ ေတြ႕ဆုံရန္ လာေရာက္ခဲ့သည္ဟု သိကၡာေတာ္ရ ဆရာ ေတာ္ ေဒါက္တာခါလမ္ဆမ္ဆြန္က ဆက္ေျပာသည္။

“အဲ့မွာ မေန႔ညက လာၿပီးမွ သူတို႔ ဖမ္းဆီးတဲ့ပုံစံမ်ိဳး မဟုတ္ပါဘူး။ အုပ္ခ်ဳပ္ေရးမႉးပါ ပါၿပီးမွ ရဲစခန္းက ပုဂၢိဳလ္ေတြ ေလးဦးလာၿပီး အတြင္းေရးမႉးကိုေတြ႕ဆုံဖို႔ လာေတြ႕ဆုံျခင္းသာျဖစ္တယ္။ ဒါသတင္းေတြ အမွား ေတြက ေတာ့ စစ္ကားနဲ႔လာတယ္ဘာညာနဲ႔ ျဖစ္ေနတာကေတာ့ ဒါစစ္ကားလည္း မလာပါဘူး။ ဖမ္းဆီးဖို႔လာ တာလည္း မဟုတ္ဘူး။ ေသနတ္ေတြလည္းမပါဘူး။ သူတို႔႐ိုး႐ိုးလာၾကတာျဖစ္တယ္ဆိုတာ အခုက်ေနာ္တို႔က အဲ့ဒါ သတင္း အမွန္တင္ျပဖို႔ လုပ္ေနပါတယ္” ဟု ေျပာသည္။

စစ္ေကာင္စီ လက္ေအာက္ခံ ရဲတပ္ဖြဲ႕ဝင္မ်ား KBC ႐ုံးသို႔ ေရာက္လာခ်ိန္တြင္ “အတြင္းေရးမႉးက အခု သူ ခရီးထြက္ေနတယ္။ ဆိုေတာ့ သူမရွိဘူး။ ဆိုေတာ့ လုံၿခဳံမယ္လို႔ ထင္ပါတယ္။ က်ေနာ္တို႔လည္း အခုေျပလည္ ေအာင္ ေျဖရွင္းဖို႔လုပ္ေနပါတယ္” ဟု ေဒါက္တာခါလမ္ဆမ္ဆြန္ က ဆက္ေျပာသည္။

စစ္ေကာင္စီက ဖမ္းဆီးဖို႔ ၫြန္ၾကားထားေသာ္လည္း KBC အေနျဖင့္ ျပည္နယ္စစ္ေကာင္စီ ဥကၠ႒၊ PCG က တာ ဝန္ရွိသူမ်ားႏွင့္ ညႇိႏႈိင္းၿပီး ျပန္လည္ေဆြးေႏြးမည္ဟု သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာခါလမ္ဆမ္ဆြန္က ေျပာ သည္။

“ညႇိႏႈိင္းတယ္ဆိုတာ က်ေနာ္တို႔ ကခ်င္လိုထုတ္ေဝတဲ့ေနရာမွာ ဘာသာျပန္တဲ့အပိုင္းမွာ စစ္တပ္ကိုႀကီးပဲ ရည္ ႐ြယ္တာ မဟုတ္ဘူးဆိုတဲ့ အေၾကာင္း အာဏာာရွင္ဆိုတာ က်ေနာ္တို႔ အားလုံးအာဏာရွင္ အသင္းေတာ္မွာလည္း တခ်ိဳ႕အာဏာရွင္ ဘုန္းႀကီးေတြ ဆရာေတာ္ေတြက အာဏာရွင္ပုံစံမ်ိဳးရွိတာေပါ့ေနာ္ ဆိုေတာ့ က်ေနာ္တို႔ အာ ဏာရွင္ဟူသမွ်ဆိုတဲ့ စကားလုံးသုံးတဲ့ေနရာမွာ စစ္တပ္ကိုပဲ ရည္႐ြယ္တာမဟုတ္ဘူးဆိုတဲ့ အေၾကာင္းေတြ ျပန္ ရွင္း ျပဖို႔ရွိပါတယ္။”

စစ္ေကာင္စီအေနျဖင့္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္က ထုတ္ေဝသည့္ စာမ်ားအား စစ္ေဆးျခင္းမွာ ယခုမွ မဟုတ္ပဲ ယခင္အစိုးရအဆက္ဆက္ကတည္းက ျဖစ္ခဲ့သည့္အတြက္ KBC အေနျဖင့္ အသင္းေတာ္မ်ားအား ေပးရမည့္ စာမ်ား၊ ဆုေတာင္းခံခ်က္ကို ဆက္လက္ျဖန႔္ေဝသြားမည္ဟု ဆိုသည္။

“သူတို႔ကေတာ့ က်ေနာ္တို႔ KBC က ထုတ္တဲ့စာေတြကိုေတာ့ အၿမဲတမ္းစိစစ္တယ္လို႔ က်ေနာ္တို႔ကေတာ့ အရင္ ကတည္းကေန သိၿပီးသားျဖစ္တယ္။ ဆိုေတာ့ ဒါကေတာ့ သူတို႔အပိုင္းေပါ့ေလ က်ေနာ္တို႔အပိုင္းကေတာ့ ဒီအ ျဖစ္မွန္ေတြကို အသင္းေတာ္ေတြကို ေပးခ်င္တဲ့ message ေတြကေတာ့ က်ေနာ္တို႔ပုံမွန္ပဲ အဲ့လိုပဲေပးသြားမွာ ပါ။ အေရးယူတဲ့အပိုင္းကေတာ့ သူတို႔ရဲ႕ က႑ပဲေပါ့” KBC ဥကၠ႒ က ေျပာသည္။

ဩဂုတ္လ ၇ ရက္ေန႔က အသင္းေတာ္မ်ားအား ျဖန႔္ေဝသည့္ KBC ၏ ဆုေတာင္းခံခ်က္ စာထဲတြင္ အခ်က္ ၈ ခ်က္ပါဝင္ၿပီး အဓိကအားျဖင့္ ကိုဗစ္-၁၉ ေၾကာင့္ ဒုကၡေရာက္ေနသူမ်ား၊ စစ္ေရွာင္မ်ား၊ ႏိုင္ငံေခါင္းေဆာင္မ်ား အတြက္ ဆုေတာင္းရန္၊ လက္ရွိ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ ႀကဳံေနရသည့္ အခက္အခဲမ်ား၊ အာဏာရွင္မ်ား က်ဆုံးေရးႏွင့္ စစ္မွန္ၿပီး တရားမွ်သည့္ ႏိုင္ငံျဖစ္လာရန္ ဆုေတာင္းၾကဖို႔ ဆိုသည့္အခ်က္မ်ား ပါဝင္သည္။

အဆိုပါဆုေတာင္းခံခ်က္စာကို ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ KBC ၏ အတြင္းေရးမႉး သိကၡာေတာ္ရ ဆရာေတာ္ တူးမိုင္၏ လက္မွတ္ျဖင့္ အသင္းေတာ္မ်ားအား ျဖန႔္ေဝထားျခင္း ျဖစ္သည္။