တပ်မတော်သားနှင့် ရဲများ ပူးပေါင်းရန် NUG ကြေငြာချက်ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

ပြည်သူနှင့် ပူးပေါင်းချင်သည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ NUG ထံ စာရင်းပေးနိုင်ပြီး လိုအပ်သည့် အကူအညီများလည်း ပေးသွားမည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက သြဂုတ်လ ၂၈ ရက်နေ့ တွင် ကြေငြာချက် ထုတ်ပြန်ထားသည်။

ပြည်သူနှင့် ပူးပေါင်းလိုသည့် တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီ၏ အမိန့်များကို နာခံခြင်းမပြုရန်၊ ပြည်သူ့ တပ်မတော်နှင့် မဟာမိတ်များကို တိုက်ခိုက်ခြင်းမပြုရန်၊ ပြည်သူကိုဖမ်းဆီးညှင်းပန်း၍ သတ်ဖြတ်ခြင်း မပြုရန် နှင့် ပစ္စည်းဥစ္စာများကို လုယူဖျက်ဆီးခြင်းမပြုရန် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ရေးသားထားသည်။

ထိုသို့ပူးပေါင်းလာသည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များကို မှတ်တမ်းတင် ဂုဏ်ပြုနိုင်ရန် အမြန်ဆုံး ဆက်သွယ် စာရင်းပေးရန် တိုက်တွန်းထားပြီး NUG အနေဖြင့်လည်း လိုအပ်သော ကူညီစောင့်လျောက်မှုများ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီထံ ဆက်လက် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် မဟာမိတ်များက ပြင်းထန်စွာ တုန့်ပြန် အရေးယူ ဆောင်ရွက်သွားမည် ဟု ယနေ့ထုတ်ပြန်သည့် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ရေးသားထားသည်။

*** ZAWGYI ***
တပ္မေတာ္သားႏွင့္ ရဲမ်ား ပူးေပါင္းရန္ NUG ေၾကျငာခ်က္ထုတ္ျပန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၈ ရက္။

ျပည္သူႏွင့္ ပူးေပါင္းခ်င္သည့္ တပ္မေတာ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား NUG ထံ စာရင္းေပးႏိုင္ၿပီး လိုအပ္သည့္ အကူအညီမ်ားလည္း ေပးသြားမည္ဟု NUG ကာကြယ္ေရး ဝန္ႀကီးဌာနက ၾသဂုတ္လ ၂၈ ရက္ေန႔ တြင္ ေၾကျငာခ်က္ ထုတ္ျပန္ထားသည္။

ျပည္သူႏွင့္ ပူးေပါင္းလိုသည့္ တပ္ဖြဲ႕ဝင္မ်ား အေနျဖင့္ စစ္ေကာင္စီ၏ အမိန႔္မ်ားကို နာခံျခင္းမျပဳရန္၊ ျပည္သူ႔ တပ္မေတာ္ႏွင့္ မဟာမိတ္မ်ားကို တိုက္ခိုက္ျခင္းမျပဳရန္၊ ျပည္သူကိုဖမ္းဆီးညႇင္းပန္း၍ သတ္ျဖတ္ျခင္း မျပဳရန္ ႏွင့္ ပစၥည္းဥစၥာမ်ားကို လုယူဖ်က္ဆီးျခင္းမျပဳရန္ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္း ေရးသားထားသည္။

ထိုသို႔ပူးေပါင္းလာသည့္ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားကို မွတ္တမ္းတင္ ဂုဏ္ျပဳႏိုင္ရန္ အျမန္ဆုံး ဆက္သြယ္ စာရင္းေပးရန္ တိုက္တြန္းထားၿပီး NUG အေနျဖင့္လည္း လိုအပ္ေသာ ကူညီေစာင့္ေလ်ာက္မႈမ်ား ေဆာင္႐ြက္ ေပးမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ထို႔အျပင္ စစ္ေကာင္စီထံ ဆက္လက္ တာဝန္ထမ္းေဆာင္ေနသည့္ တပ္ဖြဲ႕ဝင္မ်ားကိုလည္း ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ႏွင့္ မဟာမိတ္မ်ားက ျပင္းထန္စြာ တုန႔္ျပန္ အေရးယူ ေဆာင္႐ြက္သြားမည္ ဟု ယေန႔ထုတ္ျပန္သည့္ NUG ကာကြယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္း ေရးသားထားသည္။