အောက်ပိုင်းဒေသများ မိုးနှောင်းကာလ ရေကြီးမှု တွေ့ကြုံနိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။

မိုးနှောင်းကာလတွင် မြန်မာနိုင်ငံရှိမြစ်များ စိုးရိမ်ရေမှတ်ကို ကျော်လွန်နိုင်သဖြင့် မြစ်ကမ်းတစ်လျှောက်နေ ထိုင်သူများ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က ညွှန်ကြားရေးမှူး ဦးလှထွန်း က ပြောသည်။

စက်တင်ဘာလအတွင်း ဧရာဝတီမြစ်ရေသည် ရွှေကူမြို့မှ ဇလွန်မြို့ အထိ မြစ်ကြောင်းတစ်လျှောက်မြို့များတွင် စိုးရိမ်ရေမှတ် အထက်သို့ မြင့်တက်နိုင်ပြီး ချင်းတွင်းမြစ်ရေမှာလည်း ဟုမ္မလင်းမြို့မှ မုံရွာမြို့ထိ မြစ်ကြောင်း တစ်လျှောက်မြို့များတွင် စိုးရိမ်ရေမှတ် အထက်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် သြဂုတ်လအစပိုင်းမှစတင်ကာ မိုးရွာ သွန်းမှုများပြားခဲ့ပြီး ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပွားခဲ့ကာ လူသေဆုံးမှုများ ရှိခဲ့သည်။

“အခုမြောက်ဘက်မှာ မိုးကောင်းနေတယ်။ မြစ်ရဲ့ သဘောသဘာဝအရ အဲဒီရေတွေက အောက်ကို ဆင်းလာတဲ့ အချိန် အောက်ဖက်မှာ မိုးရေနဲ့ပေါင်းမိရင် ရေကတက်လာမှာပေါ့။ အဓိကက ဟင်္သာတတို့ ဇလွန်တို့ သတိထား ရမယ်”ဟု ဦးလှထွန်း က ပြောသည်။

ထို့အပြင် ဒုဋ္ဌဝတီမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်နှင့် တိုးမြစ်တို့တွင်လည်း စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း စိုးရိမ်ရေမှတ် အထက်ကိုကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကချင်ပြည်နယ်အတွင်း မိုးရွာသွန်းမှု များပြားခဲ့သဖြင့် မလိခမြစ်ရေမြင့်တက်လာခဲ့ ပြီး တံတားနှစ်စင်း ပျက်စီးသွားခဲ့သည်။

*** ZAWGYI ***
ေအာက္ပိုင္းေဒသမ်ား မိုးေႏွာင္းကာလ ေရႀကီးမႈ ေတြ႕ႀကဳံႏိုင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃၀ ရက္။

မိုးေႏွာင္းကာလတြင္ ျမန္မာႏိုင္ငံရွိျမစ္မ်ား စိုးရိမ္ေရမွတ္ကို ေက်ာ္လြန္ႏိုင္သျဖင့္ ျမစ္ကမ္းတစ္ေလွ်ာက္ေန ထိုင္သူမ်ား သတိျပဳေနထိုင္ၾကရန္ မိုးေလဝသႏွင့္ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန က ၫႊန္ၾကားေရးမႉး ဦးလွထြန္း က ေျပာသည္။

စက္တင္ဘာလအတြင္း ဧရာဝတီျမစ္ေရသည္ ေ႐ႊကူၿမိဳ႕မွ ဇလြန္ၿမိဳ႕ အထိ ျမစ္ေၾကာင္းတစ္ေလွ်ာက္ၿမိဳ႕မ်ားတြင္ စိုးရိမ္ေရမွတ္ အထက္သို႔ ျမင့္တက္ႏိုင္ၿပီး ခ်င္းတြင္းျမစ္ေရမွာလည္း ဟုမၼလင္းၿမိဳ႕မွ မုံ႐ြာၿမိဳ႕ထိ ျမစ္ေၾကာင္း တစ္ေလွ်ာက္ၿမိဳ႕မ်ားတြင္ စိုးရိမ္ေရမွတ္ အထက္သို႔ေရာက္ရွိႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက သတိေပးထားသည္။

ျမန္မာႏိုင္ငံေျမာက္ပိုင္းတြင္ ၾသဂုတ္လအစပိုင္းမွစတင္ကာ မိုး႐ြာ သြန္းမႈမ်ားျပားခဲ့ၿပီး ေရႀကီးေရလွ်ံမႈမ်ား၊ ေျမၿပိဳမႈမ်ားျဖစ္ပြားခဲ့ကာ လူေသဆုံးမႈမ်ား ရွိခဲ့သည္။

“အခုေျမာက္ဘက္မွာ မိုးေကာင္းေနတယ္။ ျမစ္ရဲ႕ သေဘာသဘာဝအရ အဲဒီေရေတြက ေအာက္ကို ဆင္းလာတဲ့ အခ်ိန္ ေအာက္ဖက္မွာ မိုးေရနဲ႔ေပါင္းမိရင္ ေရကတက္လာမွာေပါ့။ အဓိကက ဟသၤာတတို႔ ဇလြန္တို႔ သတိထား ရမယ္”ဟု ဦးလွထြန္း က ေျပာသည္။

ထို႔အျပင္ ဒု႒ဝတီျမစ္၊ သံလြင္ျမစ္၊ ေသာင္ရင္းျမစ္၊ ငဝန္ျမစ္ႏွင့္ တိုးျမစ္တို႔တြင္လည္း စက္တင္ဘာလႏွင့္ ေအာက္တိုဘာလအတြင္း စိုးရိမ္ေရမွတ္ အထက္ကိုေက်ာ္လြန္ေရာက္ရွိႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ကခ်င္ျပည္နယ္အတြင္း မိုး႐ြာသြန္းမႈ မ်ားျပားခဲ့သျဖင့္ မလိချမစ္ေရျမင့္တက္လာခဲ့ ၿပီး တံတားႏွစ္စင္း ပ်က္စီးသြားခဲ့သည္။