ကောလင်း နေပူတောင်တွင် စစ်ကောင်စီ ကားများကို ထီးချိုင့် PDF မိုင်းဆွဲ တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။

စစ်ကိုင်းတိုင်း နေပူတောင်တွင် စစ်ကားများ ထိခိုက်ပျက်စီးမှု ရှိနိုင်သည်ဟု ကောလင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ ကောလင်းအပိုင် နေပူတောင်အဆင်းတွင် ထီးချိုင့် PDF များက မိုင်းဆွဲတိုက်မှုကြောင့် စစ်ကားများ ထိခိုက်ပြီး သေဆုံးဒဏ်ရာရမှုများရှိနိုင် သည်ဟု ဒေသခံများက ပြောသည်။

ထီးချိုင့်မြို့နယ် စစ်ကဲကျမ်းဘုရားအနီး စခန်းချထားသည့် စစ်ကောင်စီကား ၅ စီး နံနက် ၆ နာရီခန့် က ထွက်လာ သည်ဆိုသည့် သတင်းကြောင့် သြဂုတ် ၃၀ရက် နံနက် ၉ နာရီအချိန်ခန့်က စောင့်ကြို မိုင်းဆွဲခဲ့ကြောင်း ထီးချိုင့် PDF တစ်ဦးက အတည်ပြုပြောသည်။

“ကားတစီးလုံးတောင် မြောက်တက်သွားတာဆိုတော့ အထိအခိုက်ကတော့ တော်တော်များမယ်“ ဟု ထီးချိုင့် PDF တစ်ဦးက ပြောသည်။

ဇွန်လ ၂၆ ရက်နေ့ က ကျောက်အိုက်တောင်တွင် စစ်ကားသုံးစီးကို ခြုံခိုတိုက်ခြင်းခဲ့ကြောင့် ထီးချိုင် PDF တပ်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲစတင်ခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် KIA တပ်ဖွဲ့များအတူ ပူးပေါင်းစစ်ဆင် မှုများ ရှိလာခြင်း ဖြစ်သည်။

ယခုအကြိမ်နှင့်ပါဆိုလျှင် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် သွားလာနေသည့် စစ်ကောင်စီယာဉ်တန်းများကို ထီးချိုင့် PDF များ တိုက်ခိုက်မှုသည် ဇွန် ၂၆ရက်နေ့က စတွက်လျှင် ၄ ကြိမ်ခန့်ရှိပြီး ဖြစ်ကြောင်း သိရသည်။

*** ZAWGYI ***
ေကာလင္း ေနပူေတာင္တြင္ စစ္ေကာင္စီ ကားမ်ားကို ထီးခ်ိဳင့္ PDF မိုင္းဆြဲ တိုက္ခိုက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃၁ ရက္။

စစ္ကိုင္းတိုင္း ေနပူေတာင္တြင္ စစ္ကားမ်ား ထိခိုက္ပ်က္စီးမႈ ရွိႏိုင္သည္ဟု ေကာလင္း ေဒသခံမ်ားက ေျပာသည္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘို-ျမစ္ႀကီးနားလမ္းေပၚရွိ ေကာလင္းအပိုင္ ေနပူေတာင္အဆင္းတြင္ ထီးခ်ိဳင့္ PDF မ်ားက မိုင္းဆြဲတိုက္မႈေၾကာင့္ စစ္ကားမ်ား ထိခိုက္ၿပီး ေသဆုံးဒဏ္ရာရမႈမ်ားရွိႏိုင္ သည္ဟု ေဒသခံမ်ားက ေျပာသည္။

ထီးခ်ိဳင့္ၿမိဳ႕နယ္ စစ္ကဲက်မ္းဘုရားအနီး စခန္းခ်ထားသည့္ စစ္ေကာင္စီကား ၅ စီး နံနက္ ၆ နာရီခန႔္ က ထြက္လာ သည္ဆိုသည့္ သတင္းေၾကာင့္ ၾသဂုတ္ ၃၀ရက္ နံနက္ ၉ နာရီအခ်ိန္ခန႔္က ေစာင့္ႀကိဳ မိုင္းဆြဲခဲ့ေၾကာင္း ထီးခ်ိဳင့္ PDF တစ္ဦးက အတည္ျပဳေျပာသည္။

“ကားတစီးလုံးေတာင္ ေျမာက္တက္သြားတာဆိုေတာ့ အထိအခိုက္ကေတာ့ ေတာ္ေတာ္မ်ားမယ္“ ဟု ထီးခ်ိဳင့္ PDF တစ္ဦးက ေျပာသည္။

ဇြန္လ ၂၆ ရက္ေန႔ က ေက်ာက္အိုက္ေတာင္တြင္ စစ္ကားသုံးစီးကို ၿခဳံခိုတိုက္ျခင္းခဲ့ေၾကာင့္ ထီးခ်ိဳင္ PDF တပ္ႏွင့္ စစ္ေကာင္စီတို႔အၾကား တိုက္ပြဲစတင္ခဲ့သည္ဟု ဆိုသည္။ ေနာက္ပိုင္းတြင္ KIA တပ္ဖြဲ႕မ်ားအတူ ပူးေပါင္းစစ္ဆင္ မႈမ်ား ရွိလာျခင္း ျဖစ္သည္။

ယခုအႀကိမ္ႏွင့္ပါဆိုလွ်င္ ေ႐ႊဘို-ျမစ္ႀကီးနား လမ္းပိုင္းတြင္ သြားလာေနသည့္ စစ္ေကာင္စီယာဥ္တန္းမ်ားကို ထီးခ်ိဳင့္ PDF မ်ား တိုက္ခိုက္မႈသည္ ဇြန္ ၂၆ရက္ေန႔က စတြက္လွ်င္ ၄ ႀကိမ္ခန႔္ရွိၿပီး ျဖစ္ေၾကာင္း သိရသည္။