မိုးတားကြီးတွင် အရပ်သား အိမ်များ ဖျက်ဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။

စစ်ကိုင်းတိုင်း မိုးတားကြီးတွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကို ကူညီသည်ဟု စွပ်စွဲမှုဖြင့် အိမ်နှင့် ပရိဘောဂများကို ဖျက်ဆီးပြီး လူနှစ်ဦးကို ခေတ္တ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

သြဂုတ် ၂၈ ရက်တွင် ရွှေကူမှ ရေကြောင်းဖြင့် စုန်ဆင်းလားသည့် စစ်ကောင်စီတပ်များက ကသာမြို့နယ်အတွင်းရှိ မိုတားကြီးကျေးရွာမှ လူနေအိမ် ၄ လုံးနှင့် အိမ်များအတွင်းက အိမ်ထောင်ပရိဘောဂများကို ဖျက်ဆီးပြီး ရွာသား နှစ်ဦးကို ဖမ်းဆီးသွားကာ နောက်ပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

“အိမ်ထဲက ပစ္စည်းတွေအားလုံး ရစရာမရှိအောင် အငြိုးတကြီးနဲ့ ထုခွဲဖျက်ဆီးခဲ့ကြတာ။ ဖမ်းတဲ့ နှစ်ယောက် တော့ ညကျ ပြန်လွတ်ပေးလာတယ်“ ဟု အသက် ၅၀ အရွယ် လက်ပံရွာသားတစ်ဦး က ပြောသည်။

သြဂုတ်လ ၃ ရက်နေ့ကလည်း မိုးတားကြီး၊ မိုးတားလေးအပိုင်း လက်ပံကျေးရွာရှိ ရွာသားများ၏ တဲ ၈ လုံး ကို မီးရှို့ဖျက်ဆီးပြီး ငွေများ၊ ဆီပုံးများ၊ ဖုန်းများ၊ ဆန်အိတ်များကို ယူဆောင်သွားကြောင်း ၎င်း ရွာသား တစ်ဦး က ဆက်ပြောသည်။

ကသာမြို့နှင့် ၁၀မိုင်ခန့်ကွာဝေးသည့် မိုးတားကြီး အနီးတဝိုက်တွင် ဇွန် ၂၄ ရက်ခန့်က စတင်ပြီး စစ်ကောင်စီတပ် များနှင့် PDF၊ KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။

အဆိုပါဒေသအတွင်း ယခု သြဂုတ်လ အထိဆိုပါက တိုက်ပွဲ ၁၀ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ က ပြောသည်။

အထူးသဖြင့် ဇွန်လ ၂၄ရက်တွင် ၃ကြိမ်၊ ဇွန် ၂၆ရက် တွင် ၂ကြိမ်၊ နှစ်ရက်အတွက် တိုက်ပွဲ ၅ ကြိမ်အထိ ဖြစ်ပွား ကြောင်း ဒေသခံများက ပြောသည်။

*** ZAWGYI ***
မိုးတားႀကီးတြင္ အရပ္သား အိမ္မ်ား ဖ်က္ဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃၁ ရက္။

စစ္ကိုင္းတိုင္း မိုးတားႀကီးတြင္ ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕မ်ားကို ကူညီသည္ဟု စြပ္စြဲမႈျဖင့္ အိမ္ႏွင့္ ပရိေဘာဂမ်ားကို ဖ်က္ဆီးၿပီး လူႏွစ္ဦးကို ေခတၱ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ၾသဂုတ္ ၂၈ ရက္တြင္ ေ႐ႊကူမွ ေရေၾကာင္းျဖင့္ စုန္ဆင္းလားသည့္ စစ္ေကာင္စီတပ္မ်ားက ကသာၿမိဳ႕နယ္အတြင္းရွိ မိုတားႀကီးေက်း႐ြာမွ လူေနအိမ္ ၄ လုံးႏွင့္ အိမ္မ်ားအတြင္းက အိမ္ေထာင္ပရိေဘာဂမ်ားကို ဖ်က္ဆီးၿပီး ႐ြာသား ႏွစ္ဦးကို ဖမ္းဆီးသြားကာ ေနာက္ပိုင္းတြင္ ျပန္လြတ္ေပးခဲ့ေၾကာင္း သိရသည္။

“အိမ္ထဲက ပစၥည္းေတြအားလုံး ရစရာမရွိေအာင္ အၿငိဳးတႀကီးနဲ႔ ထုခြဲဖ်က္ဆီးခဲ့ၾကတာ။ ဖမ္းတဲ့ ႏွစ္ေယာက္ ေတာ့ ညက် ျပန္လြတ္ေပးလာတယ္“ ဟု အသက္ ၅၀ အ႐ြယ္ လက္ပံ႐ြာသားတစ္ဦး က ေျပာသည္။

ၾသဂုတ္လ ၃ ရက္ေန႔ကလည္း မိုးတားႀကီး၊ မိုးတားေလးအပိုင္း လက္ပံေက်း႐ြာရွိ ႐ြာသားမ်ား၏ တဲ ၈ လုံး ကို မီးရႈိ႕ဖ်က္ဆီးၿပီး ေငြမ်ား၊ ဆီပုံးမ်ား၊ ဖုန္းမ်ား၊ ဆန္အိတ္မ်ားကို ယူေဆာင္သြားေၾကာင္း ၎ ႐ြာသား တစ္ဦး က ဆက္ေျပာသည္။

ကသာၿမိဳ႕ႏွင့္ ၁၀မိုင္ခန႔္ကြာေဝးသည့္ မိုးတားႀကီး အနီးတဝိုက္တြင္ ဇြန္ ၂၄ ရက္ခန႔္က စတင္ၿပီး စစ္ေကာင္စီတပ္ မ်ားႏွင့္ PDF၊ KIA ပူးေပါင္းတပ္တို႔အၾကား တိုက္ပြဲမ်ား မၾကာခဏျဖစ္ပြားလွ်က္ရွိသည္။

အဆိုပါေဒသအတြင္း ယခု ၾသဂုတ္လ အထိဆိုပါက တိုက္ပြဲ ၁၀ ႀကိမ္ထက္ မနည္း ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ား က ေျပာသည္။

အထူးသျဖင့္ ဇြန္လ ၂၄ရက္တြင္ ၃ႀကိမ္၊ ဇြန္ ၂၆ရက္ တြင္ ၂ႀကိမ္၊ ႏွစ္ရက္အတြက္ တိုက္ပြဲ ၅ ႀကိမ္အထိ ျဖစ္ပြား ေၾကာင္း ေဒသခံမ်ားက ေျပာသည္။