“ဒလန်” မောင်မောင်မြင့်ကို သတ်ကြောင်း DGWCF ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။

ကန်ကြီးထောင့်မြို့မှ ဒလန်ဆိုသူ ဦးမောင်မောင်မြင့်အား သေနတ်ဖြင့် ပစ်သတ်မှုမှာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစု DGWCF က ထုတ်ဖော်ပြောဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများကို စစ်ကောင်စီထံ တိုက်ရိုက်သတင်းပေး၍ ပြည်သူများကို ဒုက္ခ ပေးနေသော ဦးမောင်မောင်မြင့်အား ရှင်းလင်းသုတ်သင်လိုက်ကြောင်း သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် DGWCF အဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာ မှ တစ်ဆင့် သတင်းထုတ်ပြန်သည်။

“မောင်မြင့်သည် ကန်ကြီးထောင့်မြို့ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်၍ မြို့နေလူငယ်တွေကို ဖမ်းဖို့ သတင်းပေးသူ၊ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း ပုသိမ်မှ စစ်တပ်ထောက်ခံပွဲအပြီး ကန်ကြီးထောင့်ကို ပြန်လာခဲ့ရာမှာ အပင်နှစ် ဆယ် ကျေးရွာ အနီးမှာ လက်သုံးချောင်းထောင်ပြခဲ့တဲ့ လူငယ်လေးဦးကို ကားရပ်ပြီး ဆင်းရိုက်ခဲ့တဲ့ သူတွေမှာ ပါဝင်ခဲ့သူဖြစ်သည်” ဟု လည်း DGWCF အဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီ စစ်တပ်နှင့် ရဲများကို သတင်းပေးနေသည်ဟု ဆိုသူများ၏ စာရင်းကိုလည်း ထုတ်ပြန်ထားပြီး ထိုသူများကိုလည်း သတိထားနေကြရန် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကန်ကြီးထောင့်မြို့ မှ ဒလန် ဟုဆိုကာ အသက် ၅၃ နှစ်အရွယ် ဦးမောင်မောင်မြင့်သည် သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီကျော်ခန့် က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

ကန်ကြီးထောင့်မြို့၊ ဥယျာဉ်စု လမ်းနေ ဦးမောင်မောင်မြင့် သည် ရွှေဘိုတန်းလမ်းဈေး သို့ ဈေးဆိုင်ခင်းရန် ဆိုင် ကယ်ဖြင့် ထွက်လာစဉ် ရွှေဘိုတန်းလမ်း မဟာသီရီ မင်္ဂလာ ရာမ ကျောင်းရှေ့အရောက်တွင် သေနတ်ဖြင့် ပစ် သတ်ခံခဲ့ရခြင်း ဖြစ်သည်။

*** ZAWGYI ***
“ဒလန္” ေမာင္ေမာင္ျမင့္ကို သတ္ေၾကာင္း DGWCF ေၾကညာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃၁ ရက္။

ကန္ႀကီးေထာင့္ၿမိဳ႕မွ ဒလန္ဆိုသူ ဦးေမာင္ေမာင္ျမင့္အား ေသနတ္ျဖင့္ ပစ္သတ္မႈမွာ ၎တို႔ လက္ခ်က္ျဖစ္ေၾကာင္း ျမစ္ဝကြၽန္းေပၚ ေျပာက္က်ားစစ္ဆင္ေရး တပ္ေပါင္းစု DGWCF က ထုတ္ေဖာ္ေျပာဆိုသည္။

စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားသူမ်ားကို စစ္ေကာင္စီထံ တိုက္႐ိုက္သတင္းေပး၍ ျပည္သူမ်ားကို ဒုကၡ ေပးေနေသာ ဦးေမာင္ေမာင္ျမင့္အား ရွင္းလင္းသုတ္သင္လိုက္ေၾကာင္း ၾသဂုတ္လ ၂၉ ရက္ေန႔ မြန္းလြဲပိုင္းတြင္ DGWCF အဖြဲ႕က ၎တို႔၏ လူမႈကြန္ရက္ စာမ်က္ႏွာ မွ တစ္ဆင့္ သတင္းထုတ္ျပန္သည္။

“ေမာင္ျမင့္သည္ ကန္ႀကီးေထာင့္ၿမိဳ႕ဗုံးေပါက္ကြဲမႈနဲ႔ ပတ္သက္၍ ၿမိဳ႕ေနလူငယ္ေတြကို ဖမ္းဖို႔ သတင္းေပးသူ၊ ၿပီးခဲ့တဲ့ ေဖေဖၚဝါရီလအတြင္း ပုသိမ္မွ စစ္တပ္ေထာက္ခံပြဲအၿပီး ကန္ႀကီးေထာင့္ကို ျပန္လာခဲ့ရာမွာ အပင္ႏွစ္ ဆယ္ ေက်း႐ြာ အနီးမွာ လက္သုံးေခ်ာင္းေထာင္ျပခဲ့တဲ့ လူငယ္ေလးဦးကို ကားရပ္ၿပီး ဆင္း႐ိုက္ခဲ့တဲ့ သူေတြမွာ ပါဝင္ခဲ့သူျဖစ္သည္” ဟု လည္း DGWCF အဖြဲ႕က ေျပာသည္။

ထို႔အျပင္ စစ္ေကာင္စီ စစ္တပ္ႏွင့္ ရဲမ်ားကို သတင္းေပးေနသည္ဟု ဆိုသူမ်ား၏ စာရင္းကိုလည္း ထုတ္ျပန္ထားၿပီး ထိုသူမ်ားကိုလည္း သတိထားေနၾကရန္ ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ကန္ႀကီးေထာင့္ၿမိဳ႕ မွ ဒလန္ ဟုဆိုကာ အသက္ ၅၃ ႏွစ္အ႐ြယ္ ဦးေမာင္ေမာင္ျမင့္သည္ ၾသဂုတ္လ ၂၉ ရက္ေန႔ နံနက္ ၆ နာရီေက်ာ္ခန႔္ က ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရျခင္း ျဖစ္သည္။

ကန္ႀကီးေထာင့္ၿမိဳ႕၊ ဥယ်ာဥ္စု လမ္းေန ဦးေမာင္ေမာင္ျမင့္ သည္ ေ႐ႊဘိုတန္းလမ္းေဈး သို႔ ေဈးဆိုင္ခင္းရန္ ဆိုင္ ကယ္ျဖင့္ ထြက္လာစဥ္ ေ႐ႊဘိုတန္းလမ္း မဟာသီရီ မဂၤလာ ရာမ ေက်ာင္းေရွ႕အေရာက္တြင္ ေသနတ္ျဖင့္ ပစ္ သတ္ခံခဲ့ရျခင္း ျဖစ္သည္။