ဖမ်းဆီးခံ သတင်းထောက် သုံးရက်ကြာသည်အထိ အဆက်အသွယ်မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ အခြေစိုက် သတင်းထောက် လုပ်ဖူးသူ ကိုမျိုးစံစိုးကို စစ်ကောင်စီ၏ တပ်ဖွဲ့ ဝင်များက ဖမ်းဆီးထားသည်မှာ ၃ ရက်ကြာမြင့်သည် အထိ အဆက်အသွယ်မရသဖြင့် မိသားစုဝင်များက စိုးရိမ် ပူပန်နေကြသည်။

သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းက Delta News Agency ၏ သတင်းထောက်ဟောင်းဖြစ်သူ ကိုမျိုးစံစိုး ကို ၎င်း၏ နေအိမ်တွင် စစ် ကောင်စီ တပ်ဖွဲ့ဝင်များ က လာရောက်ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်ထိ မည်သည့်နေရာတွင် ချုပ်နှောင်ထား သည်ကို မသိရသေးဟု မိသားစုဝင်များက ပြောသည်။

“အကြောင်းပြချက် တစ်စုံတစ်ရာ မပြောပဲ လာဖမ်းသွားတာ။ ဘယ်ခေါ်သွားလဲ မသိရဘူး။ မိဘဆွေမျိုးတွေ နဲ့ ပရဟိတ အဖွဲ့ဝင်တွေက စိုးရိမ်နေတယ်” ဟု ဖျာပုံမြို့က ပရဟိတ အဖွဲ့ဝင် တစ်ဦး က ပြောသည်။

ကိုမျိုးစံစိုးသည် ကိုဗစ်-၁၉ တတိယလှိုင်း စတင်သည့် အချိန်မှစ၍ သတင်းထောက် အလုပ်မလုပ်တော့ဘဲ မြို့အတွက်လိုအပ်နေသည့် အောက်စီဂျင် ရှာဖွေရေး ပရဟိတ လုပ်ငန်း နှင့် ကိုဗစ်-၁၉ လူနာပို့ဆောင်ရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်း ဆောင်ရွက်နေသူ ဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူများ က ပြောသည်။

“သူ သတင်းထောက် မလုပ်တာကြာနေပြီ။ သူ့သဘောနဲ့သူ နုတ်ထွက်စာတင်လို့ နုတ်ထွက်ခွင့်ပြု လိုက်ပြီးသား ပါ” ဟု ကိုမျိုးစံစိုး နောက်ဆုံး သတင်းရေးသားခဲ့သည့် Delta News Agency သတင်းဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

သတင်းထောက်ဟောင်း ကိုမျိုးစံစိုးအား သက်ဆိုင်ရာ မှ မေးမြန်းရန် ရှိနေသဖြင့် ခေါ်ထားခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ က ဖမ်းဆီးထားသည့် ကိုမျိုးစံစိုးသည် ပြည်တွင်းသတင်းဌာနများ ဖြစ်သည့် Ayeyarwaddy Times ၊ BIN နှင့် Delta News Agency စသည့် သတင်းဌာနများတွင် သတင်းရေးခဲ့ဘူးသူ ဖြစ်သည်။

*** ZAWGYI ***
ဖမ္းဆီးခံ သတင္းေထာက္ သုံးရက္ၾကာသည္အထိ အဆက္အသြယ္မရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃၁ ရက္။

ဧရာဝတီတိုင္း၊ ဖ်ာပုံၿမိဳ႕ အေျခစိုက္ သတင္းေထာက္ လုပ္ဖူးသူ ကိုမ်ိဳးစံစိုးကို စစ္ေကာင္စီ၏ တပ္ဖြဲ႕ ဝင္မ်ားက ဖမ္းဆီးထားသည္မွာ ၃ ရက္ၾကာျမင့္သည္ အထိ အဆက္အသြယ္မရသျဖင့္ မိသားစုဝင္မ်ားက စိုးရိမ္ ပူပန္ေနၾကသည္။

ၾသဂုတ္လ ၂၉ ရက္ေန႔ ညေနပိုင္းက Delta News Agency ၏ သတင္းေထာက္ေဟာင္းျဖစ္သူ ကိုမ်ိဳးစံစိုး ကို ၎၏ ေနအိမ္တြင္ စစ္ ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား က လာေရာက္ဖမ္းဆီးသြားခဲ့ၿပီး ယေန႔အခ်ိန္ထိ မည္သည့္ေနရာတြင္ ခ်ဳပ္ေႏွာင္ထား သည္ကို မသိရေသးဟု မိသားစုဝင္မ်ားက ေျပာသည္။

“အေၾကာင္းျပခ်က္ တစ္စုံတစ္ရာ မေျပာပဲ လာဖမ္းသြားတာ။ ဘယ္ေခၚသြားလဲ မသိရဘူး။ မိဘေဆြမ်ိဳးေတြ နဲ႔ ပရဟိတ အဖြဲ႕ဝင္ေတြက စိုးရိမ္ေနတယ္” ဟု ဖ်ာပုံၿမိဳ႕က ပရဟိတ အဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။

ကိုမ်ိဳးစံစိုးသည္ ကိုဗစ္-၁၉ တတိယလႈိင္း စတင္သည့္ အခ်ိန္မွစ၍ သတင္းေထာက္ အလုပ္မလုပ္ေတာ့ဘဲ ၿမိဳ႕အတြက္လိုအပ္ေနသည့္ ေအာက္စီဂ်င္ ရွာေဖြေရး ပရဟိတ လုပ္ငန္း ႏွင့္ ကိုဗစ္-၁၉ လူနာပို႔ေဆာင္ေရး လုပ္ငန္းမ်ားတြင္ ေစတနာ့ဝန္ထမ္း ေဆာင္႐ြက္ေနသူ ျဖစ္သည္ဟု ၎ႏွင့္ နီးစပ္သူမ်ား က ေျပာသည္။

“သူ သတင္းေထာက္ မလုပ္တာၾကာေနၿပီ။ သူ႔သေဘာနဲ႔သူ ႏုတ္ထြက္စာတင္လို႔ ႏုတ္ထြက္ခြင့္ျပဳ လိုက္ၿပီးသား ပါ” ဟု ကိုမ်ိဳးစံစိုး ေနာက္ဆုံး သတင္းေရးသားခဲ့သည့္ Delta News Agency သတင္းဌာန မွ တာဝန္ရွိသူတစ္ဦး က ေျပာသည္။

သတင္းေထာက္ေဟာင္း ကိုမ်ိဳးစံစိုးအား သက္ဆိုင္ရာ မွ ေမးျမန္းရန္ ရွိေနသျဖင့္ ေခၚထားျခင္း ျဖစ္ႏိုင္ေၾကာင္း ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕ က ဖမ္းဆီးထားသည့္ ကိုမ်ိဳးစံစိုးသည္ ျပည္တြင္းသတင္းဌာနမ်ား ျဖစ္သည့္ Ayeyarwaddy Times ၊ BIN ႏွင့္ Delta News Agency စသည့္ သတင္းဌာနမ်ားတြင္ သတင္းေရးခဲ့ဘူးသူ ျဖစ္သည္။