PDF အဖေကို မတွေ့သဖြင့် သမီးနှင့် သမက်ကိုဖမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ဖခင် ဖြစ်သူ ကို မတွေ့သဖြင့် သမီးနှင့် သမက်ကို ဖမ်းဆီးပြီး ကသာထောင်သို့ပို့လိုက်ကြောင်း မိသားစုဝင်တစ်ဦး ကပြောသည်။

သြဂုတ် ၃၁ ရက် နံနက် ၇နာရီခန့် က ကသာ မြို့နယ်အတွင်းဖခင် ဖြစ်သူကို မတွေ့သဖြင့် ထမင်းဟင်းချက်နေသည့် လင်မယား နှစ်ဦးကို စစ်ကောင်စီတပ်များက ဖမ်ဆီးပြီး ယနေ့ စက်တင်ဘာလ ၁ ရက်တွင် ကသာထောင်သို့ ခေါ်ဆောင်သွား ကြောင်း ၎င်း က ပြောသည်။

၎င်းတို့၏ “မိခင်ဖြစ်သူကလည်း ရှောင်နေရတာပ“ ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

သမီးနှင့်သားသည် အိမ်ထောင်ခွဲနေထိုင်ပြီး ယင်းနေ့က မိခင်နေမကောင်း၍ ထမင်းဟင်းလာကူချက်ပေးနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် လင်မယားနှစ်ဦးက အသက် ၂၇နှစ်ဦးခန့်ရှိပြီး သားသမီးနှစ်ဦး ကျန်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

ထို့အပြင် တဲ၌ချည်ထားသော နွားတကောင်ကိုလည်း ပစ်သတ်ခဲ့ပြီး တဲကိုမီးရှို့ထားခဲ့ကာ တူမီး ၇ လက်ခန့်ကို လည်း စစ်ကောင်စီတပ်က သိမ်းဆည်းသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်များက PDF များကို ထောက်ခံကူညီသည်ဟုဆိုက မိုးတားကြီး၊ မိုးတားလေးအနီးတဝိုက်ရှိ ရွာများကိုဝင်ရောက်၍ ပြည်သူများ၏ အိမ်များ၊ တဲများ၊ ထော်လာဂျီးကို မီးရှို့ခြင်း၊ နွားကို ပစ်သတ်ခြင်း၊ ငွေကြေး၊ ဖုန်းအပါအဝင် အသုံးဝင်သည့် တန်ဖိုးရှိ ပစ္စည်းယူဆောင်ခြင်းများကို ၄ ကြိမ်ထက်မနည်း ပြုခဲ့သည်။

*** ZAWGYI ***
PDF အေဖကို မေတြ႕သျဖင့္ သမီးႏွင့္ သမက္ကိုဖမ္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕နယ္ ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕ဝင္ ဖခင္ ျဖစ္သူ ကို မေတြ႕သျဖင့္ သမီးႏွင့္ သမက္ကို ဖမ္းဆီးၿပီး ကသာေထာင္သို႔ပို႔လိုက္ေၾကာင္း မိသားစုဝင္တစ္ဦး ကေျပာသည္။

ၾသဂုတ္ ၃၁ ရက္ နံနက္ ၇နာရီခန႔္ က ကသာ ၿမိဳ႕နယ္အတြင္းဖခင္ ျဖစ္သူကို မေတြ႕သျဖင့္ ထမင္းဟင္းခ်က္ေနသည့္ လင္မယား ႏွစ္ဦးကို စစ္ေကာင္စီတပ္မ်ားက ဖမ္ဆီးၿပီး ယေန႔ စက္တင္ဘာလ ၁ ရက္တြင္ ကသာေထာင္သို႔ ေခၚေဆာင္သြား ေၾကာင္း ၎ က ေျပာသည္။

၎တို႔၏ “မိခင္ျဖစ္သူကလည္း ေရွာင္ေနရတာပ“ ဟု မိသားစုဝင္တစ္ဦးက ေျပာသည္။

သမီးႏွင့္သားသည္ အိမ္ေထာင္ခြဲေနထိုင္ၿပီး ယင္းေန႔က မိခင္ေနမေကာင္း၍ ထမင္းဟင္းလာကူခ်က္ေပးေနစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးခံရသည့္ လင္မယားႏွစ္ဦးက အသက္ ၂၇ႏွစ္ဦးခန႔္ရွိၿပီး သားသမီးႏွစ္ဦး က်န္ခဲ့သည္ဟု ေဒသခံအခ်ိဳ႕က ေျပာသည္။

ထို႔အျပင္ တဲ၌ခ်ည္ထားေသာ ႏြားတေကာင္ကိုလည္း ပစ္သတ္ခဲ့ၿပီး တဲကိုမီးရႈိ႕ထားခဲ့ကာ တူမီး ၇ လက္ခန႔္ကို လည္း စစ္ေကာင္စီတပ္က သိမ္းဆည္းသြားေၾကာင္းသိရသည္။

စစ္ေကာင္စီတပ္မ်ားက PDF မ်ားကို ေထာက္ခံကူညီသည္ဟုဆိုက မိုးတားႀကီး၊ မိုးတားေလးအနီးတဝိုက္ရွိ ႐ြာမ်ားကိုဝင္ေရာက္၍ ျပည္သူမ်ား၏ အိမ္မ်ား၊ တဲမ်ား၊ ေထာ္လာဂ်ီးကို မီးရႈိ႕ျခင္း၊ ႏြားကို ပစ္သတ္ျခင္း၊ ေငြေၾကး၊ ဖုန္းအပါအဝင္ အသုံးဝင္သည့္ တန္ဖိုးရွိ ပစၥည္းယူေဆာင္ျခင္းမ်ားကို ၄ ႀကိမ္ထက္မနည္း ျပဳခဲ့သည္။