ကိုယ်ဝန်ဆောင် အမျိုးသမီးကို စစ်ကောင်စီ တပ်များ ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စက်တင်ဘာ ၁ ရက်နေ့ (ယမန်နေ့) ည ၁၀ နာရီ အချိန်ခန့်က ပေါင်မြို့နယ် သဲအိမ်ကျေးရွာနေ လင်မယားနှစ်ယောက်ဖြစ်သည့် မင်းနေလွင်နှင့် နော်အိသွယ်မိုးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံရမှုကြောင့် ကိုယ်ဝန်လွယ်ထားရသည့် နော်အိသွယ်မိုးသည် နေရာ တွင် ပွဲချင်းပြီး သေဆုံးသွားပြီး ခင်ပွန်းဖြစ်သူ မင်းနေလွင်ကတော့ ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံတွင် တက်ရောက် ဆေးကုသခံနေရသည်ဟု သဲအိမ်ကျေးရွာက ဒေသခံတစ်ဦး က ပြောသည်။

“သူတို့မှာ ၄ နှစ်အရွယ်ကလေးတစ်ဦးလည်းရှိတယ်၊ ၁၀ ချက်လောက်အပစ်ခံရတယ်လို့ ပြောတယ်၊ အမျိုးသမီး ကတော့ ကိုယ်ဝန်နဲ့ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်၊ ယောကျာ်ဖြစ်သူကတော့ ဒဏ်ရာရတယ် ဆေးရုံမှာ ဆေးကုနေရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ငါးသွားရှာသည့် ခင်ပွန်းဖြစ်သူ မင်းနေလွင် ပြန်အလာ ဇနီးဖြစ်သူ နော်အိသွယ်မိုးက နေအိမ်အရှေ့ ထွက်စောင့်နေရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ရောက်ရှိလာပြီး ပစ်ခတ်သွားခြင်းဖြစ်သည် ဟု သဲအိမ်ကျေးရွာက ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကိုယ်ဝန်သည် နော်အိသွယ်မိုးနှင့် ဒဏ်ရာရရှိ ထားသည့် မင်းနေလွင်တို့တွင် ၄ နှစ်အရွယ် ကလေးတစ်ဦးလည်း ရှိနေသည်ဟု သိရသည်။

စစ်တပ်အာဏာက သိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်မှုများရှိနေသည့်အပြင် ယခုကဲ့သို့ ညပိုင်းတွင် သွားလာနေသည့် အပြစ်မဲ့ ပြည်သူများကိုလည်း ပစ်သတ်မှုများ ရှိလာခဲ့သည်။

ပြီးခဲ့သည့် ဇွန်လခန့်ကလည်း မော်လမြိုင်မြို့ပေါ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များ က ပစ်သတ်ခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

ဖေဖော်ဝါရီလ တစ်ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ၇ လတာ ကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင် ရေး (နွေဦးတော်လှန်ရေး)အတွင်း ကျဆုံးသွားသူ ၁၀၄၁ ရှိပြီဟု AAPP က ထုတ်ပြန်ထားသည်။

*** ZAWGYI ***
ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးကို စစ္ေကာင္စီ တပ္မ်ား ပစ္သတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္။

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တို႔၏ ပစ္ခတ္မႈေၾကာင့္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

စက္တင္ဘာ ၁ ရက္ေန႔ (ယမန္ေန႔) ည ၁၀ နာရီ အခ်ိန္ခန႔္က ေပါင္ၿမိဳ႕နယ္ သဲအိမ္ေက်း႐ြာေန လင္မယားႏွစ္ေယာက္ျဖစ္သည့္ မင္းေနလြင္ႏွင့္ ေနာ္အိသြယ္မိုးတို႔ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား က ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္။

ေသနတ္ျဖင့္ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခံရမႈေၾကာင့္ ကိုယ္ဝန္လြယ္ထားရသည့္ ေနာ္အိသြယ္မိုးသည္ ေနရာ တြင္ ပြဲခ်င္းၿပီး ေသဆုံးသြားၿပီး ခင္ပြန္းျဖစ္သူ မင္းေနလြင္ကေတာ့ ျပင္းထန္ဒဏ္ရာျဖင့္ ေဆး႐ုံတြင္ တက္ေရာက္ ေဆးကုသခံေနရသည္ဟု သဲအိမ္ေက်း႐ြာက ေဒသခံတစ္ဦး က ေျပာသည္။

“သူတို႔မွာ ၄ ႏွစ္အ႐ြယ္ကေလးတစ္ဦးလည္းရွိတယ္၊ ၁၀ ခ်က္ေလာက္အပစ္ခံရတယ္လို႔ ေျပာတယ္၊ အမ်ိဳးသမီး ကေတာ့ ကိုယ္ဝန္နဲ႔ အပစ္ခံရတဲ့ေနရာမွာပဲ ဆုံးသြားတယ္၊ ေယာက်ာ္ျဖစ္သူကေတာ့ ဒဏ္ရာရတယ္ ေဆး႐ုံမွာ ေဆးကုေနရတယ္လို႔ သိရတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။

ျဖစ္စဥ္မွာ ငါးသြားရွာသည့္ ခင္ပြန္းျဖစ္သူ မင္းေနလြင္ ျပန္အလာ ဇနီးျဖစ္သူ ေနာ္အိသြယ္မိုးက ေနအိမ္အေရွ႕ ထြက္ေစာင့္ေနရင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္တို႔ ေရာက္ရွိလာၿပီး ပစ္ခတ္သြားျခင္းျဖစ္သည္ ဟု သဲအိမ္ေက်း႐ြာက ေဒသခံမ်ားက ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားသည့္ ကိုယ္ဝန္သည္ ေနာ္အိသြယ္မိုးႏွင့္ ဒဏ္ရာရရွိ ထားသည့္ မင္းေနလြင္တို႔တြင္ ၄ ႏွစ္အ႐ြယ္ ကေလးတစ္ဦးလည္း ရွိေနသည္ဟု သိရသည္။

စစ္တပ္အာဏာက သိမ္းၿပီးေနာက္ မြန္ျပည္နယ္အတြင္း၌ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပေနသူမ်ားအား စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ပစ္သတ္မႈမ်ားရွိေနသည့္အျပင္ ယခုကဲ့သို႔ ညပိုင္းတြင္ သြားလာေနသည့္ အျပစ္မဲ့ ျပည္သူမ်ားကိုလည္း ပစ္သတ္မႈမ်ား ရွိလာခဲ့သည္။

ၿပီးခဲ့သည့္ ဇြန္လခန႔္ကလည္း ေမာ္လၿမိဳင္ၿမိဳ႕ေပၚတြင္ ဆိုင္ကယ္စီးလာသည့္ လူငယ္ႏွစ္ဦးကို စစ္ေကာင္စီတပ္ဖြဲ႕ ဝင္မ်ား က ပစ္သတ္ခဲ့သည့္ျဖစ္စဥ္လည္း ရွိခဲ့သည္။

ေဖေဖာ္ဝါရီလ တစ္ရက္ေန႔မွ စက္တင္ဘာလ ၁ ရက္ေန႔အထိ ၇ လတာ ကာလအတြင္း စစ္အာဏာရွင္ဆန႔္က်င္ ေရး (ေႏြဦးေတာ္လွန္ေရး)အတြင္း က်ဆုံးသြားသူ ၁၀၄၁ ရွိၿပီဟု AAPP က ထုတ္ျပန္ထားသည္။