CDM သမားများ ပြန်လာရန် တနင်္သာရီ စစ်ကောင်စီ ဖိတ်ခေါ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။

တနင်္သာရီ တိုင်း ပုလောမြို့နယ်အတွင်း CDM သမားများ၊ အမှုဖွင့်ခံထားသူများ ပြန်လာကြရန် စစ်ကောင်စီမှ လက်ကမ်းစာစောင်များ ဖြန့်ဝေနေသည်ဟု မြို့ခံများက ပြောသည်.

CDMသမားများ၊ စစ်ကောင်စီမှ အမှုဖွင့်ထားသူများ နေရပ်ပြန် လာပါက အမှုကိုရုတ်သိမ်းကြောင်း ပုလောရဲတပ်ဖွဲ့က လက်ကမ်းစာစောင်များကို စက်တင်ဘာ ၂ ရက် နေ့က ဖြန့်ဝေနေသည်ဟု ပုလောမြို့ခံ များက ပြောသည်။

ထိုလက်ကမ်းစာစောင်များကို ပုလောမြို့တွင် ပထမဆုံးဝေငှ ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် များ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပုလော ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မြို့မဈေးကြီးထိပ်တွင် ဖြန့်ဝေပေးနေသည် ဟု ဒေသခံများက ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် နေရာအသီးသီးကို ရောက်ရှိနေသည့် CDM ပြုလုပ်ထားသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားပြည်သူများသည် လူသတ်ခြင်း၊ မီးရှို့ဖျက်စီးခြင်း နှင့် အကြမ်းဖက်မှုများ မပြုလုပ်ခဲ့ပါက အရေးယူခံရမည်မဟုတ်ကြောင်း ရေးသားထားသည် ဟု အမှတ် ၁ ရပ်ကွက် တွင် နေထိုင်သူ အသက် ၃၀ခန့် လူငယ်တစ်ဦးက ပြောသည်။

“သူတို့က အရေးမယူဘူး ဆိုပေမယ့် ပြည်သူတွေက မယုံရဲဘူး၊ ကျုံးထဲရောက်ပြီးမှ ချောင်ပိတ်အဖမ်းခံရ တာ မျိုး ဖြစ်မှာစိုးလို့၊ သူတို့အလိုရှိတဲ့ ကာယကံရှင် ဖမ်းမမိရင် မသက်ဆိုင်တဲ့ မိဘ ညီအကို မောင်နှမတွေကိုတောင် ဥပဒေမဲ့ လက်တလုံးခြား ဖမ်းနေကြတာ ကြားသိနေရတာ” ဟု ထိုလူငယ် က ပြောသည်။

မိမိနေရပ်သို့ ပြန်လည် လာရောက်နေထိုင်ရန် ဆက်သွယ်ပါက အရေးယူဆောင်ရွက်သွားမည် မဟုတ်ဘဲ ဆက် သွယ်ရန် ဖုန်းနံပါတ်များကိုလည်း စာစောင်ထဲတွင် ဖော်ပြထားကြောင်း သိရသည်။

ဆက်သွယ်လာမည့် အရပ်သားပြည်သူများကို အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာနှင့် ဝန်ထမ်းများ ဖြစ်ပါက ဌာနနှင့် ရာထူးကိုသာ မေးမြန်းသွားမည်ဖြစ်ပြီး လက်ရှိရောက်နေသည့် နေရာကို မေးမြန်းသွားမည် မဟုတ်ဟု ထည့်သွင်းဖေါ်ပြထားသည်ဟု သိရသည်။

ဆက်သွယ်ချိန်တွင် မေးမြန်းခြင်းအတွက် စိုးရိမ်စရာမလိုကြောင်း နှင့် မှတ်တမ်း ပေးပို့ပြီးနောက် သတင်းပို့ပေး ရမည့် နေရာကို ပြန်လည်ဆက်သွယ်အကြောင်း ကြားပေးသွားမည် ဟု လက်ကမ်းစာစောင်အတွင်း ရေးသားပါ ရှိသည်။

*** ZAWGYI ***
CDM သမားမ်ား ျပန္လာရန္ တနသၤာရီ စစ္ေကာင္စီ ဖိတ္ေခၚ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၃ ရက္။

တနသၤာရီ တိုင္း ပုေလာၿမိဳ႕နယ္အတြင္း CDM သမားမ်ား၊ အမႈဖြင့္ခံထားသူမ်ား ျပန္လာၾကရန္ စစ္ေကာင္စီမွ လက္ကမ္းစာေစာင္မ်ား ျဖန႔္ေဝေနသည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္.

CDMသမားမ်ား၊ စစ္ေကာင္စီမွ အမႈဖြင့္ထားသူမ်ား ေနရပ္ျပန္ လာပါက အမႈကို႐ုတ္သိမ္းေၾကာင္း ပုေလာရဲတပ္ဖြဲ႕က လက္ကမ္းစာေစာင္မ်ားကို စက္တင္ဘာ ၂ ရက္ ေန႔က ျဖန႔္ေဝေနသည္ဟု ပုေလာၿမိဳ႕ခံ မ်ားက ေျပာသည္။

ထိုလက္ကမ္းစာေစာင္မ်ားကို ပုေလာၿမိဳ႕တြင္ ပထမဆုံးေဝငွ ျခင္းျဖစ္ၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး အဖြဲ႕ဝင္ မ်ား၊ ရာအိမ္မႉး၊ ဆယ္အိမ္မႉးမ်ားႏွင့္ ပုေလာ ရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားက ၿမိဳ႕မေဈးႀကီးထိပ္တြင္ ျဖန႔္ေဝေပးေနသည္ ဟု ေဒသခံမ်ားက ေျပာသည္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနရာအသီးသီးကို ေရာက္ရွိေနသည့္ CDM ျပဳလုပ္ထားသူမ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ အရပ္သားျပည္သူမ်ားသည္ လူသတ္ျခင္း၊ မီးရႈိ႕ဖ်က္စီးျခင္း ႏွင့္ အၾကမ္းဖက္မႈမ်ား မျပဳလုပ္ခဲ့ပါက အေရးယူခံရမည္မဟုတ္ေၾကာင္း ေရးသားထားသည္ ဟု အမွတ္ ၁ ရပ္ကြက္ တြင္ ေနထိုင္သူ အသက္ ၃၀ခန႔္ လူငယ္တစ္ဦးက ေျပာသည္။

“သူတို႔က အေရးမယူဘူး ဆိုေပမယ့္ ျပည္သူေတြက မယုံရဲဘူး၊ က်ဳံးထဲေရာက္ၿပီးမွ ေခ်ာင္ပိတ္အဖမ္းခံရ တာ မ်ိဳး ျဖစ္မွာစိုးလို႔၊ သူတို႔အလိုရွိတဲ့ ကာယကံရွင္ ဖမ္းမမိရင္ မသက္ဆိုင္တဲ့ မိဘ ညီအကို ေမာင္ႏွမေတြကိုေတာင္ ဥပေဒမဲ့ လက္တလုံးျခား ဖမ္းေနၾကတာ ၾကားသိေနရတာ” ဟု ထိုလူငယ္ က ေျပာသည္။

မိမိေနရပ္သို႔ ျပန္လည္ လာေရာက္ေနထိုင္ရန္ ဆက္သြယ္ပါက အေရးယူေဆာင္႐ြက္သြားမည္ မဟုတ္ဘဲ ဆက္ သြယ္ရန္ ဖုန္းနံပါတ္မ်ားကိုလည္း စာေစာင္ထဲတြင္ ေဖာ္ျပထားေၾကာင္း သိရသည္။

ဆက္သြယ္လာမည့္ အရပ္သားျပည္သူမ်ားကို အမည္၊ မွတ္ပုံတင္၊ ေနရပ္လိပ္စာႏွင့္ ဝန္ထမ္းမ်ား ျဖစ္ပါက ဌာနႏွင့္ ရာထူးကိုသာ ေမးျမန္းသြားမည္ျဖစ္ၿပီး လက္ရွိေရာက္ေနသည့္ ေနရာကို ေမးျမန္းသြားမည္ မဟုတ္ဟု ထည့္သြင္းေဖၚျပထားသည္ဟု သိရသည္။

ဆက္သြယ္ခ်ိန္တြင္ ေမးျမန္းျခင္းအတြက္ စိုးရိမ္စရာမလိုေၾကာင္း ႏွင့္ မွတ္တမ္း ေပးပို႔ၿပီးေနာက္ သတင္းပို႔ေပး ရမည့္ ေနရာကို ျပန္လည္ဆက္သြယ္အေၾကာင္း ၾကားေပးသြားမည္ ဟု လက္ကမ္းစာေစာင္အတြင္း ေရးသားပါ ရွိသည္။