ကျောက်မဲ ကမ္ဘောဇဘဏ် ဓါးပြ တိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ကမ္ဘောဇ(KBZ) ဘဏ်ကို သေနတ်တိုတစ်လက်ဖြင့် လူသုံးဦးက ဓါးမြ ဝင်တိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ကျနော်တို့ အကြမ်းဖျင်းသိရသလောက်ကတော့ နေ့လည် ၂ နာရီ ပတ်ဝန်းကျင်လောက် မှာ ဗျ။ အဲ့ဒါကို ဓါးမြဝင်တိုက်တယ်ပြောတယ်။ သေနတ်တိုနဲ့ပေါ့နော်၊ အတိုနဲ့ တိုက်သွားတယ်။ ဘယ်လောက်ပါ သွား တယ်ဆိုတာ မသိသေးဘူး။ သူတို့လည်း ထုတ်ပြန်ထားတာတော့ မရှိသေးဘူး။ ကျနော်တို့လူရတဲ့သတင်း ကတော့ ၃ ယောက်လို့ပြောတယ်။ ကားနဲ့ဟုတ်ကဲ့။ သေနတ်ပစ်တာမျိုးတွေ မရှိဘူး။ ထိခိုက်ဒဏ်ရာ ရတာမျိုး လည်း မရှိပါဘူး” ဟု ပြောသည်။

စက်တင်ဘာ ၃ ရက်နေ့က ဝင်တိုက်ခိုက်ခြင်းဖြစ်ပြီး ဒေသခံများ၏ ပြောပြချက်အရ သိန်းတစ်ထောင်ခန့် ပါသွား သည်ဟု ပြောဆိုနေကြသော်လည်း ရဲစခန်း၊ KBZ ဘဏ်တာဝန်ရှိသူများနှင့် ဘဏ်ဝန်ထမ်းများထံမှ သီးခြား အတည်ပြုချက် မရရှိသေးပေ။

ထိုသို့ ဘဏ်ကို ဓါးမြတိုက်ခံရချိန်တွင် ဘဏ်၏တံခါးမကြီးမှာ ပိတ်ထားပြီး တံခါးအသေးသာဖွင့်ထားခြင်းဖြစ် သည်ဟု ကျောက်မဲမြို့ခံ တစ်ဦးက ပြောသည်။

“၂ နာရီပတ်ဝန်းကျင်လောက်မှာ ဘဏ်ကတော့ ဘဏ်လုပ်ငန်းတွေလုပ်နေတာပေါ့။ ဘဏ်က main တံခါးကြီး ကတော့ ပိတ်ထားတာပေါ့။ ဘေးက နောက်ထဲဝင်တဲ့ ကားဝင်ပေါက်ရှိတယ်။ အဲ့ထဲမှာတော့ custom တွေနဲ့ ဘဏ်လုပ်ငန်းတွေ လုပ်နေတာပေါ့။ အဲ့နားမှာ စျေးကလည်း ကိုဗစ်ကြောင့် ပိတ်ထားတယ်။ ညစျေးတန်း လည်း ပိတ်ထားတယ်။ မဖွင့်ကြဘူး။ လူတွေက ရှင်းနေတာ။ အဲ့ချိန်ကိုဝင်တိုက်သွားတာ” ဟု ပြောသည်။

ယခုဓါးမြတိုက်ခံရသည့်ဘဏ်သည် မြို့၏ အချက်အခြာကျသည့်နေရာတွင် တည်ရှိခြင်းလည်း ဖြစ်သည်။ ဓါးမြ တိုက်ခံရပြီးနောက် အဆိုပါနေရာနှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ လမ်းသွားလမ်းလာ များကို စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

“တကယ်ဆို သူတို့အချင်းချင်းလား အကြောင်းသိလားမပြောတတ်ဘူး။ ကျမတို့ရိုးရိုးလူတွေ ဘဏ်သွားရင် အနည်းဆုံးတော့ ဘဏ်ရှေ့မှာ ဘာလာလုပ်တာလဲ၊ မှတ်ပုံတင်ပြ၊ ဘယ်ကောင်တာကို သွားဆိုတာမျိုး ပြောတဲ့ လူရှိတယ်။ လာမေးတယ်ကွာ၊ ချက်ချင်းဝင်လို့လည်းမရဘူး။ ပြီးရင် ဒီနောက်ပိုင်းဆို စစ်သားတွေလည်း အမြဲ စောင့်တယ်လေနော်။ အခုက ဘာမှ မရှိဘူးဆိုတော့ တစ်မျိုးပဲနော် ပြန်စဉ်းစားကြည့်ရင်” အသက် ၃၅ နှစ် အရွယ် ကျောက်မဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်မှူးတို့အား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆိုပါကိစ္စနှင့် ပတ်သက် ၍ ၎င်းတို့အနေဖြင့် ဖြေကြားခွင့် မရှိဘူးဟု ပြောသည်။ KBZ ဘဏ်မှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိ ပေ။

ကျောက်မဲမြို့ခံ ဦးတင်မောင်သိန်းက “ကျနော်တို့ဒီမှာလည်း ကာဖျူးဆိုတာရှိတယ်။ ကာဖျူးကာလဆိုလည်း မိုး လင်းအထိ ကားတွေ ဖြတ်သွားနေတာတော့ ကြားနေရတာပဲ။ ဆိုတော့ ဒီကာဖျူးရှိသော်ငြာလည်း ဒီအနေအ ထားအရ သိပ်ပြီးတော့ တင်းကြပ်မှုမရှိဘူးလို့ ပြောရမယ်ပေါ့နော်။ အဲ့တော့ တစ်နိုင်ငံလုံးရဲ့ နိုင်ငံရေးအခြေ အ နေအရ တဖြည်းဖြည်းနဲ့ ကောလဟာလတွေကလည်း များလာတယ်ပေါ့။ ကျနော်တို့ မြင်တာတော့ ဒီဘဏ်ဓါး မြ တိုက်တဲ့လူတွေက ကောက်ခါငင်ခါတိုက်သွားတာမျိုးတော့ မဟုတ်လောက်ဘူး။ မြို့ရဲ့ အခင်းအကျင်း၊ ပတ် ဝန်းကျင်ကို ရင်းနှီးတဲ့လူဖြစ်တယ်။ မြို့မှာ လုံခြုံရေးအရ အားနည်းချက်လေးတွေကို သေချာလေးအချိန်ယူပြီး မှ ထောက်လှမ်းစောင့်ကြည့်ပြီးတော့မှ သူတို့ဝင်လုပ်သွားတယ်လို့ပဲ ကျနော်ဒီလိုပဲ သုံးသပ်တယ်” ဟု ပြော သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံရှိ ဘဏ်များအားလုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံ ရေးယူကာ အစောင့်အကြပ်ပုံစံမျိုးရှိနေခြင်းဖြစ်သည်။ သို့သော် KBZ ကျောက်မဲဘဏ်တွင် ယခုရက်ပိုင်း စစ် သားများစောင့်နေသည်ကို မတွေ့ရဘူးဟုလည်း ဒေသခံအချို့က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြိုရှိ ကမ္ဘောဇဘဏ်ကို “အကြမ်းဖက်သူ အမျိုးသား သုံဦးက သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်းတစ်ထောင်ခန့်ကို လုယက်ယူဆောင်သွားသည်” ဟု စစ်ကောင်စီ၏ မြန်မာ့ အလင်း သတင်းစာတွင် ထုတ်ပြန်ထားသည်။

*** ZAWGYI ***
ေက်ာက္မဲ ကေမာၻဇဘဏ္ ဓါးျပ တိုက္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၅ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕ရွိ ကေမာၻဇ(KBZ) ဘဏ္ကို ေသနတ္တိုတစ္လက္ျဖင့္ လူသုံးဦးက ဓါးျမ ဝင္တိုက္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ေဒသခံတစ္ဦးက “က်ေနာ္တို႔ အၾကမ္းဖ်င္းသိရသေလာက္ကေတာ့ ေန႔လည္ ၂ နာရီ ပတ္ဝန္းက်င္ေလာက္ မွာ ဗ်။ အဲ့ဒါကို ဓါးျမဝင္တိုက္တယ္ေျပာတယ္။ ေသနတ္တိုနဲ႔ေပါ့ေနာ္၊ အတိုနဲ႔ တိုက္သြားတယ္။ ဘယ္ေလာက္ပါ သြား တယ္ဆိုတာ မသိေသးဘူး။ သူတို႔လည္း ထုတ္ျပန္ထားတာေတာ့ မရွိေသးဘူး။ က်ေနာ္တို႔လူရတဲ့သတင္း ကေတာ့ ၃ ေယာက္လို႔ေျပာတယ္။ ကားနဲ႔ဟုတ္ကဲ့။ ေသနတ္ပစ္တာမ်ိဳးေတြ မရွိဘူး။ ထိခိုက္ဒဏ္ရာ ရတာမ်ိဳး လည္း မရွိပါဘူး” ဟု ေျပာသည္။

စက္တင္ဘာ ၃ ရက္ေန႔က ဝင္တိုက္ခိုက္ျခင္းျဖစ္ၿပီး ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိန္းတစ္ေထာင္ခန႔္ ပါသြား သည္ဟု ေျပာဆိုေနၾကေသာ္လည္း ရဲစခန္း၊ KBZ ဘဏ္တာဝန္ရွိသူမ်ားႏွင့္ ဘဏ္ဝန္ထမ္းမ်ားထံမွ သီးျခား အတည္ျပဳခ်က္ မရရွိေသးေပ။

ထိုသို႔ ဘဏ္ကို ဓါးျမတိုက္ခံရခ်ိန္တြင္ ဘဏ္၏တံခါးမႀကီးမွာ ပိတ္ထားၿပီး တံခါးအေသးသာဖြင့္ထားျခင္းျဖစ္ သည္ဟု ေက်ာက္မဲၿမိဳ႕ခံ တစ္ဦးက ေျပာသည္။

“၂ နာရီပတ္ဝန္းက်င္ေလာက္မွာ ဘဏ္ကေတာ့ ဘဏ္လုပ္ငန္းေတြလုပ္ေနတာေပါ့။ ဘဏ္က main တံခါးႀကီး ကေတာ့ ပိတ္ထားတာေပါ့။ ေဘးက ေနာက္ထဲဝင္တဲ့ ကားဝင္ေပါက္ရွိတယ္။ အဲ့ထဲမွာေတာ့ custom ေတြနဲ႔ ဘဏ္လုပ္ငန္းေတြ လုပ္ေနတာေပါ့။ အဲ့နားမွာ ေစ်းကလည္း ကိုဗစ္ေၾကာင့္ ပိတ္ထားတယ္။ ညေစ်းတန္း လည္း ပိတ္ထားတယ္။ မဖြင့္ၾကဘူး။ လူေတြက ရွင္းေနတာ။ အဲ့ခ်ိန္ကိုဝင္တိုက္သြားတာ” ဟု ေျပာသည္။

ယခုဓါးျမတိုက္ခံရသည့္ဘဏ္သည္ ၿမိဳ႕၏ အခ်က္အျခာက်သည့္ေနရာတြင္ တည္ရွိျခင္းလည္း ျဖစ္သည္။ ဓါးျမ တိုက္ခံရၿပီးေနာက္ အဆိုပါေနရာႏွင့္ အနီးတဝိုက္တြင္ စစ္ေကာင္စီတပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား လမ္းသြားလမ္းလာ မ်ားကို စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနသည္ဟုလည္း ေဒသခံမ်ားက ေျပာသည္။

“တကယ္ဆို သူတို႔အခ်င္းခ်င္းလား အေၾကာင္းသိလားမေျပာတတ္ဘူး။ က်မတို႔႐ိုး႐ိုးလူေတြ ဘဏ္သြားရင္ အနည္းဆုံးေတာ့ ဘဏ္ေရွ႕မွာ ဘာလာလုပ္တာလဲ၊ မွတ္ပုံတင္ျပ၊ ဘယ္ေကာင္တာကို သြားဆိုတာမ်ိဳး ေျပာတဲ့ လူရွိတယ္။ လာေမးတယ္ကြာ၊ ခ်က္ခ်င္းဝင္လို႔လည္းမရဘူး။ ၿပီးရင္ ဒီေနာက္ပိုင္းဆို စစ္သားေတြလည္း အၿမဲ ေစာင့္တယ္ေလေနာ္။ အခုက ဘာမွ မရွိဘူးဆိုေတာ့ တစ္မ်ိဳးပဲေနာ္ ျပန္စဥ္းစားၾကည့္ရင္” အသက္ ၃၅ ႏွစ္ အ႐ြယ္ ေက်ာက္မဲၿမိဳ႕ခံ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

ေက်ာက္မဲခ႐ိုင္ ရဲတပ္ဖြဲ႕မႉး႐ုံးႏွင့္ ၿမိဳ႕နယ္မႉးတို႔အား ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္လည္း အဆိုပါကိစၥႏွင့္ ပတ္သက္ ၍ ၎တို႔အေနျဖင့္ ေျဖၾကားခြင့္ မရွိဘူးဟု ေျပာသည္။ KBZ ဘဏ္မွလည္း တစ္စုံတစ္ရာ ထုတ္ျပန္ထားျခင္း မရွိ ေပ။

ေက်ာက္မဲၿမိဳ႕ခံ ဦးတင္ေမာင္သိန္းက “က်ေနာ္တို႔ဒီမွာလည္း ကာဖ်ဴးဆိုတာရွိတယ္။ ကာဖ်ဴးကာလဆိုလည္း မိုး လင္းအထိ ကားေတြ ျဖတ္သြားေနတာေတာ့ ၾကားေနရတာပဲ။ ဆိုေတာ့ ဒီကာဖ်ဴးရွိေသာ္ျငာလည္း ဒီအေနအ ထားအရ သိပ္ၿပီးေတာ့ တင္းၾကပ္မႈမရွိဘူးလို႔ ေျပာရမယ္ေပါ့ေနာ္။ အဲ့ေတာ့ တစ္ႏိုင္ငံလုံးရဲ႕ ႏိုင္ငံေရးအေျခ အ ေနအရ တျဖည္းျဖည္းနဲ႔ ေကာလဟာလေတြကလည္း မ်ားလာတယ္ေပါ့။ က်ေနာ္တို႔ ျမင္တာေတာ့ ဒီဘဏ္ဓါး ျမ တိုက္တဲ့လူေတြက ေကာက္ခါငင္ခါတိုက္သြားတာမ်ိဳးေတာ့ မဟုတ္ေလာက္ဘူး။ ၿမိဳ႕ရဲ႕ အခင္းအက်င္း၊ ပတ္ ဝန္းက်င္ကို ရင္းႏွီးတဲ့လူျဖစ္တယ္။ ၿမိဳ႕မွာ လုံၿခဳံေရးအရ အားနည္းခ်က္ေလးေတြကို ေသခ်ာေလးအခ်ိန္ယူၿပီး မွ ေထာက္လွမ္းေစာင့္ၾကည့္ၿပီးေတာ့မွ သူတို႔ဝင္လုပ္သြားတယ္လို႔ပဲ က်ေနာ္ဒီလိုပဲ သုံးသပ္တယ္” ဟု ေျပာ သည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံအႏွံရွိ ဘဏ္မ်ားအားလုံးတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံ ေရးယူကာ အေစာင့္အၾကပ္ပုံစံမ်ိဳးရွိေနျခင္းျဖစ္သည္။ သို႔ေသာ္ KBZ ေက်ာက္မဲဘဏ္တြင္ ယခုရက္ပိုင္း စစ္ သားမ်ားေစာင့္ေနသည္ကို မေတြ႕ရဘူးဟုလည္း ေဒသခံအခ်ိဳ႕က ေျပာသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳရွိ ကေမာၻဇဘဏ္ကို “အၾကမ္းဖက္သူ အမ်ိဳးသား သုံဦးက ေသနတ္ျဖင့္ ၿခိမ္းေျခာက္ကာ ေငြက်ပ္သိန္းတစ္ေထာင္ခန႔္ကို လုယက္ယူေဆာင္သြားသည္” ဟု စစ္ေကာင္စီ၏ ျမန္မာ့ အလင္း သတင္းစာတြင္ ထုတ္ျပန္ထားသည္။