စစ်ကောင်စီတပ်များ ဘိုးဘွားရိပ်သာ ဝင်ရောက် စီးနင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ရှိ ဘိုးဘွားရိပ်သာကို စစ်ကောင်စီတပ်များက အင်အားသုံးဝင်ရောက်စီးနင်းပြီး ရံပုံငွေနှင့် မှတ်တမ်းများ စစ် ဆေးသွားသည်ဟု မြို့ခံများက ပြောသည်။

စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့်ရဲအင်အား အလုံးအရင်းဖြင့် လယ်တီရပ်ကွက် အောင်ချမ်းသာကျောင်းလမ်းရှိ၊ ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွား ရိပ်သာကို ဝင်ရောက် စီးနင်းကာ နေရာအနှံ့ ရှာဖွေပြီး ရိပ်သာ၏ ရံပုံငွေစာရင်း နှင့် လှူဒါန်းမှု မှတ်တမ်းများကို စစ်ဆေးသွားခြင်း ဖြစ်သည်ဟု မြိုခံများ က ပြောသည်။

“လျှပ်တပျက် ဝင်လာပြီး အခန်း အားလုံးကို မွှေနှောက်ရှာကြတယ်။ ဘာရှာတယ် မသိရဘူး ရံပုံငွေစာရင်း ကို စစ်သွားတယ်။ အဘိုးတို့ အဘွားတို့က အရမ်းကြောက်နေတာ တချို့ ငိုကြရှာတယ်” ဟု ဘိုးဘွား ရိပ်သာနှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

ယင်းရိပ်သာကို စတင်တည်ထောင်ခဲ့သော မသင်းရွှေစင်လှိုင်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန် သူဖြစ်ပြီး ၎င်းပြန်ရောက်နေသည် အထင်ဖြင့် ဝင်ရောက်ရှာဖွေခြင်း ဖြစ်နိုင်ကြောင်း မြို့ခံအချို့က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယအပတ်တုန်းကလည်း ယင်းဘိုးဘွားရိပ်သာကို စစ်ကောင်စီက အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းပြီး မသင်းရွှေစင်လှိုင် ကို ဖမ်းဆီးရန်ကြိုးစားသော်လည်း ဖမ်းမိခြင်းမရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဘယ်သူ့ကိုရှာရှာ ဘာကိုရှာရှာပေါ့ ဒါကဘိုးဘွား ရိပ်သာပါ။ စစ်မြေပြင် မဟုတ်ဘူး။ အကြမ်းဖက် စီးနင်း ဝင် ရောက်တာ မလုပ်သင့်ဘူး။ သေနတ်တွေ တရမ်းရမ်း ချိန်ပြီး အုန်းအုန်း ရုန်းရုန်းနဲ့ ဘိုးဘွားတွေ အထိတ်တလန့် ဖြစ်ရတယ်” ဟု ဟင်္သာတ မြို့ခံ မန်းထွန်းဝင်း က ပြောသည်။

ယင်းကိစ္စ နှင့် ပါတ်သက်၍ ဟင်္သတမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ မြို့နယ် ရဲတပ်ဖွဲ့က မည်သည့် အတွက်ဝင်ရောက်ရှာဖွေရခြင်းဖြစ်သည်ကို ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွာရိပ်သာကို ၂၀၁၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့က ခိုကိုးရာမဲ့ အဘိုး အဘွား ၁၀၀ ခန့်ကို စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် စောင့်ရှောက်ပေးနေသည့် ဘိုးဘွားရိပ်သာ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

*** ZAWGYI ***
စစ္ေကာင္စီတပ္မ်ား ဘိုးဘြားရိပ္သာ ဝင္ေရာက္ စီးနင္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၅ ရက္။

ဧရာဝတီတိုင္းေဒသႀကီး၊ ဟသၤာတၿမိဳ႕ ရွိ ဘိုးဘြားရိပ္သာကို စစ္ေကာင္စီတပ္မ်ားက အင္အားသုံးဝင္ေရာက္စီးနင္းၿပီး ရံပုံေငြႏွင့္ မွတ္တမ္းမ်ား စစ္ ေဆးသြားသည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။

စက္တင္ဘာလ ၂ ရက္ေန႔ မြန္းလြဲပိုင္းက စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ႏွင့္ရဲအင္အား အလုံးအရင္းျဖင့္ လယ္တီရပ္ကြက္ ေအာင္ခ်မ္းသာေက်ာင္းလမ္းရွိ၊ ခိုလႈံရာ ခိုကိုးရာမဲ့ ဘိုးဘြား ရိပ္သာကို ဝင္ေရာက္ စီးနင္းကာ ေနရာအႏွံ႔ ရွာေဖြၿပီး ရိပ္သာ၏ ရံပုံေငြစာရင္း ႏွင့္ လႉဒါန္းမႈ မွတ္တမ္းမ်ားကို စစ္ေဆးသြားျခင္း ျဖစ္သည္ဟု ၿမိဳခံမ်ား က ေျပာသည္။

“လွ်ပ္တပ်က္ ဝင္လာၿပီး အခန္း အားလုံးကို ေမႊေႏွာက္ရွာၾကတယ္။ ဘာရွာတယ္ မသိရဘူး ရံပုံေငြစာရင္း ကို စစ္သြားတယ္။ အဘိုးတို႔ အဘြားတို႔က အရမ္းေၾကာက္ေနတာ တခ်ိဳ႕ ငိုၾကရွာတယ္” ဟု ဘိုးဘြား ရိပ္သာႏွင့္ နီးစပ္သူ တစ္ဦး က ေျပာသည္။

ယင္းရိပ္သာကို စတင္တည္ေထာင္ခဲ့ေသာ မသင္းေ႐ႊစင္လႈိင္သည္ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ေတာ္လွန္ သူျဖစ္ၿပီး ၎ျပန္ေရာက္ေနသည္ အထင္ျဖင့္ ဝင္ေရာက္ရွာေဖြျခင္း ျဖစ္ႏိုင္ေၾကာင္း ၿမိဳ႕ခံအခ်ိဳ႕က ဆိုသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ တတိယအပတ္တုန္းကလည္း ယင္းဘိုးဘြားရိပ္သာကို စစ္ေကာင္စီက အင္အား ၁၀၀ ခန႔္ျဖင့္ ဝင္ေရာက္ စီးနင္းၿပီး မသင္းေ႐ႊစင္လႈိင္ ကို ဖမ္းဆီးရန္ႀကိဳးစားေသာ္လည္း ဖမ္းမိျခင္းမရွိခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

“ဘယ္သူ႔ကိုရွာရွာ ဘာကိုရွာရွာေပါ့ ဒါကဘိုးဘြား ရိပ္သာပါ။ စစ္ေျမျပင္ မဟုတ္ဘူး။ အၾကမ္းဖက္ စီးနင္း ဝင္ ေရာက္တာ မလုပ္သင့္ဘူး။ ေသနတ္ေတြ တရမ္းရမ္း ခ်ိန္ၿပီး အုန္းအုန္း ႐ုန္း႐ုန္းနဲ႔ ဘိုးဘြားေတြ အထိတ္တလန႔္ ျဖစ္ရတယ္” ဟု ဟသၤာတ ၿမိဳ႕ခံ မန္းထြန္းဝင္း က ေျပာသည္။

ယင္းကိစၥ ႏွင့္ ပါတ္သက္၍ ဟသၤတၿမိဳ႕နယ္ ရဲစခန္းကို ဆက္သြယ္ေမးျမန္းရာ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က မည္သည့္ အတြက္ဝင္ေရာက္ရွာေဖြရျခင္းျဖစ္သည္ကို ထုတ္ေဖာ္ ေျပာၾကားျခင္း မရွိေပ။

ခိုလႈံရာ ခိုကိုးရာမဲ့ ဘိုးဘြာရိပ္သာကို ၂၀၁၆ ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့ၿပီး ျမန္မာႏိုင္ငံအႏွံ႔က ခိုကိုးရာမဲ့ အဘိုး အဘြား ၁၀၀ ခန႔္ကို ေစတနာရွင္၊ အလႉရွင္မ်ား၏ လႉဒါန္းမႈမ်ားျဖင့္ ေစာင့္ေရွာက္ေပးေနသည့္ ဘိုးဘြားရိပ္သာ ျဖစ္ေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာသည္။