ဝိုင်းမော် စစ်ရှောင်များ နေစရာ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်။

မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေသည့် ဝိုင်းမော်မြို့ ခလရ ၅၈ တပ်အနီးမှာရှိ မဒိန်ကျေးရွာနှင့် ခါ့ကွမ်ကျေး ရွာက စစ်ရှောင်အချို့ နေစရာအခက်အခဲဖြစ်နေသည်ဟု ဒေသခံများနှင့် အသင်းတော်တာဝန်ရှိသူများက ပြောသည်။

လော်ဝေါ် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်း ဟောခန်းမတွင်ရောက်ရှိနေသည့် လူဦးရေ ၉၀ ခန့် သည်
COVID-19 ကာလအတွင်း စုပေါင်းနေထိုင်နေရ၍ တစ်လခန့်ကြာမြင့်လာချိန်တွင် အခက်အခဲများ ပိုများလာ ကြောင်းအသင်းတော်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

“ဖြစ်နိုင်ရင်တစ်အိမ်ထောင်နဲ့ တစ်အိမ်ထောင် အိပ်တဲ့အခါမှာ မိသားစုတစ်စုကို ခန်းစီးဖြစ်ဖြစ် ကလာကာ ဖြစ် ဖြစ် လုပ်ရင်တော့ ပိုကောင်းမယ်ထင်တယ်။ အခုက လူအရမ်းများတော့လေ ကိုဗစ်က တစ်မှောက်ဆိုတော့ တ အား စိုးရိမ်နေရတဲ့ အခြေအနေကြုံနေရတယ်” ဟု ၎င်းက ပြောသည်။

ဝိုင်းမော် ခလရ ၅၈ စစ်တပ်ဘေးရှိ မဒိန်ကျေးရွာနှင့်ခါ့ကွမ်ကျေးရွာရှိ လူနေအိမ်များ လက်နက်ကြီး ထိမှန်ပျက် စီးခဲ့ပြီးနောက် ရွာသားများ အိမ်မွေးတိရိစ္ဆာန်များကို ရရာဈေးများနှင့် ရောင်းချပြီး ဆွေမျိုးနီးစပ်များနေထိုင်သည့် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လော်ဝေါ်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာသူ အိမ်ထောင်စု ၂၁ စု၊ လူဦးရေ စုစု ပေါင်း ၈၅ ယောက်ရှိပြီး ကချင်လူမျိုးအများစုနှင့် ဗမာလူမျိုး အနည်းငယ်ပါဝင်သည်။

နေရပ်စွန့်ပြီး ထွက်ပြေးလာကြသူ အများစုသည် တောင်ယာ လုပ်ငန်းလုပ်ကိုင်သူများ ဖြစ်ကြသည်။

ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်ရင်းအနီး ဇူလိုင်လ ၃၁ ရက်နေ့ကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့ အချိန်ထိ စစ်ကောင်စီတပ်များက တိုက်ပွဲများ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသော်လည်း မကြာခဏ ကျေးရွာ များထဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၇ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာက ဦးခေါဇုန်းနှင့် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ဝိုင်းမော် စျေးမှ ပြန်လာသည့် ဝူယန်ငေါ့ချန်းရပ်ကွက်က အသက် ၃၃ နှစ်အရွယ် ဒေါ်ဆောင်ပြုံးတို့ သည် ခလရ ၅၈ တပ် ရင်းက ပစ်ခတ်လိုက်သည့် သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ ကြရသည်။

ထို့အပြင် ခလရ ၅၈ တပ်ရင်းက လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် အနီးအနားကျေးရွာများက ဒေသခံများ၏ နေအိမ်များအချို့ ပျက်စီးမှုများရှိနေသည့်အပြင် အိမ်မွေးတိရိစ္ဆာန်များ ထိမှန် သေဆုံးမှုများရှိခဲ့သည်။

*** ZAWGYI ***
ဝိုင္းေမာ္ စစ္ေရွာင္မ်ား ေနစရာ အခက္ႀကဳံ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၅ ရက္။

မၾကာခဏ ပစ္ခတ္မႈမ်ား ျဖစ္ပြားေနသည့္ ဝိုင္းေမာ္ၿမိဳ႕ ခလရ ၅၈ တပ္အနီးမွာရွိ မဒိန္ေက်း႐ြာႏွင့္ ခါ့ကြမ္ေက်း ႐ြာက စစ္ေရွာင္အခ်ိဳ႕ ေနစရာအခက္အခဲျဖစ္ေနသည္ဟု ေဒသခံမ်ားႏွင့္ အသင္းေတာ္တာဝန္ရွိသူမ်ားက ေျပာသည္။

ေလာ္ေဝၚ ႏွစ္ျခင္းအသင္းေတာ္ ဘုရားေက်ာင္းဝင္း ေဟာခန္းမတြင္ေရာက္ရွိေနသည့္ လူဦးေရ ၉၀ ခန႔္ သည္
COVID-19 ကာလအတြင္း စုေပါင္းေနထိုင္ေနရ၍ တစ္လခန႔္ၾကာျမင့္လာခ်ိန္တြင္ အခက္အခဲမ်ား ပိုမ်ားလာ ေၾကာင္းအသင္းေတာ္မွ တာဝန္ရွိသူတစ္ဦး က ေျပာသည္။

“ျဖစ္ႏိုင္ရင္တစ္အိမ္ေထာင္နဲ႔ တစ္အိမ္ေထာင္ အိပ္တဲ့အခါမွာ မိသားစုတစ္စုကို ခန္းစီးျဖစ္ျဖစ္ ကလာကာ ျဖစ္ ျဖစ္ လုပ္ရင္ေတာ့ ပိုေကာင္းမယ္ထင္တယ္။ အခုက လူအရမ္းမ်ားေတာ့ေလ ကိုဗစ္က တစ္ေမွာက္ဆိုေတာ့ တ အား စိုးရိမ္ေနရတဲ့ အေျခအေနႀကဳံေနရတယ္” ဟု ၎က ေျပာသည္။

ဝိုင္းေမာ္ ခလရ ၅၈ စစ္တပ္ေဘးရွိ မဒိန္ေက်း႐ြာႏွင့္ခါ့ကြမ္ေက်း႐ြာရွိ လူေနအိမ္မ်ား လက္နက္ႀကီး ထိမွန္ပ်က္ စီးခဲ့ၿပီးေနာက္ ႐ြာသားမ်ား အိမ္ေမြးတိရိစာၦန္မ်ားကို ရရာေဈးမ်ားႏွင့္ ေရာင္းခ်ၿပီး ေဆြမ်ိဳးနီးစပ္မ်ားေနထိုင္သည့္ အျခားေက်း႐ြာမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။

ေလာ္ေဝၚႏွစ္ျခင္းအသင္းေတာ္ ဘုရားေက်ာင္းသို႔ ထြက္ေျပးတိမ္းေရွာင္လာသူ အိမ္ေထာင္စု ၂၁ စု၊ လူဦးေရ စုစု ေပါင္း ၈၅ ေယာက္ရွိၿပီး ကခ်င္လူမ်ိဳးအမ်ားစုႏွင့္ ဗမာလူမ်ိဳး အနည္းငယ္ပါဝင္သည္။

ေနရပ္စြန႔္ၿပီး ထြက္ေျပးလာၾကသူ အမ်ားစုသည္ ေတာင္ယာ လုပ္ငန္းလုပ္ကိုင္သူမ်ား ျဖစ္ၾကသည္။

ဝိုင္းေမာ္အေျခစိုက္ ခလရ ၅၈ တပ္ရင္းအနီး ဇူလိုင္လ ၃၁ ရက္ေန႔ကတည္းက တိုက္ပြဲမ်ားျဖစ္ပြားခဲ့ရာ ယေန႔ အခ်ိန္ထိ စစ္ေကာင္စီတပ္မ်ားက တိုက္ပြဲမ်ား တစ္စုံတစ္ရာ ျဖစ္ပြားျခင္းမရွိေသာ္လည္း မၾကာခဏ ေက်း႐ြာ မ်ားထဲ လက္နက္ႀကီးမ်ားျဖင့္ ရမ္းသမ္းပစ္ခတ္လွ်က္ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဩဂုတ္လ ၂၇ ရက္ေန႔က ဝိုင္းေမာ္ၿမိဳ႕နယ္၊ မဒိန္ေက်း႐ြာက ဦးေခါဇုန္းႏွင့္ ဩဂုတ္လ ၁၃ ရက္ေန႔ ညေန ဝိုင္းေမာ္ ေစ်းမွ ျပန္လာသည့္ ဝူယန္ေငါ့ခ်န္းရပ္ကြက္က အသက္ ၃၃ ႏွစ္အ႐ြယ္ ေဒၚေဆာင္ၿပဳံးတို႔ သည္ ခလရ ၅၈ တပ္ ရင္းက ပစ္ခတ္လိုက္သည့္ ေသနတ္က်ည္ထိမွန္ၿပီး ေသဆုံးခဲ့ ၾကရသည္။

ထို႔အျပင္ ခလရ ၅၈ တပ္ရင္းက လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ ရမ္းသမ္းပစ္ခတ္ေနမႈမ်ားေၾကာင့္ အနီးအနားေက်း႐ြာမ်ားက ေဒသခံမ်ား၏ ေနအိမ္မ်ားအခ်ိဳ႕ ပ်က္စီးမႈမ်ားရွိေနသည့္အျပင္ အိမ္ေမြးတိရိစာၦန္မ်ား ထိမွန္ ေသဆုံးမႈမ်ားရွိခဲ့သည္။