မင်းတုန်းမှ လူငယ် ၈ ဦး PDF ဟု ဆိုကာ ဖမ်းဆီး ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် စစ်ကောင်စီတပ်များက လူငယ် ၈ ဦး ကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်များမှာ အမှတ် ၄ ရပ်ကွက်အတွင်း နေထိုင်သူ လူငယ်များဖြစ်ပြီး စက်တင်ဘာလ ၃ ရက် ည ၁၁ နာရီအချိန်ခန့်တွင် စစ်ကား ၄ စီး ဖြင့် ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

”PDF ဆိုပြီးဖမ်းတာ။ ဘာမှန်းကို မသိတော့ဘူး။ ၈ ယောက်ပါသွားတယ် အသက်မပြည့်သူတွေ များတယ်” ဟု အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦး က ပြောသည်။

ဖမ်းဆီခံသူများ၏ မိဘများကို ဆက်သွယ်အတည်ပြုရာ ဖမ်းဆီးကာစဖြစ်၍ ကလေးများအတွက် ဖိအားပိုများ သွားမည်ကို စိုးရိမ်ပြီး မေးမြန်းချက်အားဖြေကြားရန် အဆင်မပြေဘူးဟု ပြောသည်။

”ကလေးတွေက အုပ်စုလိုက် ချောင်းဖျားကို ပျော်ပွဲစားခဏ ခဏထွက်ကြတယ် စားစရာတွေ ပါဆယ် ထုတ်ယူ သွားတာကို မသင်္ကာဖြစ်တယ်နဲ့တူတယ်” ဟု အသက် ၄၅ နှစ်အရွယ် မြို့ခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များက မင်းတုန်းနှင့် ရခိုင်ရိုးမကြားတွင် PDF များ၊ CDM ဝန်ထမ်းများ ပုန်းခိုသည်ဆိုသည့်ကိစ္စရပ်များအပေါ် သံသယရှိနေသည်ဟုလည်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မင်းတုန်းမြို့နယ် လက်ပံဝကျေးရွာက လူငယ်တစ်ဦးကိုလည်း သရက် PDF အဖွဲ့ နှင့် ဆက်သွယ်သည်ဟု ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။ ထိုဖမ်းဆီးခံရသူ၏ နောက်ဆုံး အခြေအနေကိုလည်း မည်သူမှ ဂဃနဏမသိကြဘူးဟု ဒေသခံများက ဆိုသည်။

*** ZAWGYI ***
မင္းတုန္းမွ လူငယ္ ၈ ဦး PDF ဟု ဆိုကာ ဖမ္းဆီး ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၅ ရက္။

မေကြးတိုင္းေဒသႀကီး၊ သရက္ခ႐ိုင္၊ မင္းတုန္းၿမိဳ႕တြင္ စစ္ေကာင္စီတပ္မ်ားက လူငယ္ ၈ ဦး ကို PDF ဟု စြပ္စြဲကာ ဖမ္းဆီးသြားေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ဖမ္းဆီးခံရသည့္ လူငယ္မ်ားမွာ အမွတ္ ၄ ရပ္ကြက္အတြင္း ေနထိုင္သူ လူငယ္မ်ားျဖစ္ၿပီး စက္တင္ဘာလ ၃ ရက္ ည ၁၁ နာရီအခ်ိန္ခန႔္တြင္ စစ္ကား ၄ စီး ျဖင့္ ဝင္ေရာက္ဖမ္းဆီးသြားျခင္း ျဖစ္သည္။

”PDF ဆိုၿပီးဖမ္းတာ။ ဘာမွန္းကို မသိေတာ့ဘူး။ ၈ ေယာက္ပါသြားတယ္ အသက္မျပည့္သူေတြ မ်ားတယ္” ဟု အမွတ္ ၄ ရပ္ကြက္တြင္ ေနထိုင္သူ တစ္ဦး က ေျပာသည္။

ဖမ္းဆီခံသူမ်ား၏ မိဘမ်ားကို ဆက္သြယ္အတည္ျပဳရာ ဖမ္းဆီးကာစျဖစ္၍ ကေလးမ်ားအတြက္ ဖိအားပိုမ်ား သြားမည္ကို စိုးရိမ္ၿပီး ေမးျမန္းခ်က္အားေျဖၾကားရန္ အဆင္မေျပဘူးဟု ေျပာသည္။

”ကေလးေတြက အုပ္စုလိုက္ ေခ်ာင္းဖ်ားကို ေပ်ာ္ပြဲစားခဏ ခဏထြက္ၾကတယ္ စားစရာေတြ ပါဆယ္ ထုတ္ယူ သြားတာကို မသကၤာျဖစ္တယ္နဲ႔တူတယ္” ဟု အသက္ ၄၅ ႏွစ္အ႐ြယ္ ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားက မင္းတုန္းႏွင့္ ရခိုင္႐ိုးမၾကားတြင္ PDF မ်ား၊ CDM ဝန္ထမ္းမ်ား ပုန္းခိုသည္ဆိုသည့္ကိစၥရပ္မ်ားအေပၚ သံသယရွိေနသည္ဟုလည္း ေဒသခံမ်ားက ဆိုသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းက မင္းတုန္းၿမိဳ႕နယ္ လက္ပံဝေက်း႐ြာက လူငယ္တစ္ဦးကိုလည္း သရက္ PDF အဖြဲ႕ ႏွင့္ ဆက္သြယ္သည္ဟု ဆိုကာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္။ ထိုဖမ္းဆီးခံရသူ၏ ေနာက္ဆုံး အေျခအေနကိုလည္း မည္သူမွ ဂဃနဏမသိၾကဘူးဟု ေဒသခံမ်ားက ဆိုသည္။