NLD ဆန့်ကျင်ရေး မျိုးချစ်ဆရာတော်ဟု ထင်ရှားသူ ဦးဝီရသူ ပြန်လွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

စစ်အာဏာသိမ်းပြီး ၇ လ အကြာတွင် စစ်ကောင်စီက ဆရာတော် ဦးဝီရသူအား အမှုရုတ်သိမ်းပေးခဲ့ပြီး စက်တင် ဘာလ ၆ ရက်နေ့ နေ့လည်က ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း မဘသ အဖွဲ့ ဝင်များက ပြောသည်။

“ဆရာတော်ပြန်လည်လွတ်မြောက်တာ အရမ်းဝမ်းသာတယ်။ ပျော်လွန်းလို့ မျက်ရည်တောင်ကျတယ်။ တရား ဟောပွဲတွေ ပြန်လုပ်နိုင်တော့မယ်” ဟု ဆရာတော်အား ထောက်ခံသူ အင်းစိန်မြို့နယ်တွင် နေထိုင်သည့်အ သက် ၃၀ ခန့် အရွယ် အမျိုးသမီးတစ်ဦး က ပြောသည်။

ဦးဝီရသူ ပြန်လည်လွတ်မြောက်လာမှုနှင့်ပတ်သက်၍ အချိန်ကိုက် လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး၊ နိုင်ငံရေး ငြိမ်သက်မှု မရှိချိန် လူမျိုးရေး ဘာသာရေးအကြောင်းပြကာ ဆူပူမှုများ ထပ်ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း လူမှု ကွန်ယက်စာမျက်နှာများတွင် ဖေါ်ပြရေးသားနေကြသည်ကိုလည်း တွေ့မြင်ရသည်။

အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရသည့် ဦးဝီရသူသည် ပြီးခဲ့သည့် သြဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသည်။

“သူအကျဉ်းထောင်မှာ မရှိတာကြာပြီ။ မေလကတည်းက လက်မောင်း အကြောကပ်ရောဂါဖြစ်လို့ မင်္ဂလာဒုံ စစ် ဆေးရုံမှာ ဆေးကုသနေတာ။ ထောင်နဲ့ အဆက်ပြတ်နေတာမို့ လွတ်လား မလွတ်လားဆိုတာကို ဌာနကွပ်ကဲမှု အောက်မှာ မရှိလို့ တိတိကျကျတော့မသိဘူး” ဟု အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြော သည်။

ဆရာတော် ဦးဝီရသူသည် ယခင်အရပ်သားအစိုးရ လက်ထက် ဟောပြောပွဲတစ်ခု၌ နိုင်ငံတော်အကြီးအကဲများ အပေါ် မဖွယ်မရာ စကားလုံးများ သုံးနှုန်းပြောဆိုခြင်းနှင့် နိုင်ငံတော် တရားရေးနှင့် အုပ်ချုပ်ရေး စသည့် ကဏ္ဍ များမှ တာဝန်ရှိသူများအပေါ် အကြည်ညိုပျက်အောင် ပြောဆိုမှုကြောင့် အရေးယူခြင်းခံရသည်။

အနောက်ပိုင်းခရိုင် ဒု-အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းမှ တရားလိုပြုလုပ်၍ နိုင်ငံတော် အကြည်ညိုပျက် စေမှု ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆိုရန် ၂၀၁၉ မေလ ၂၈ ရက်နေ့တွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ဦးဝီရသူသည် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ၁၇ လကြာ ပုန်းရှောင်နေရာ ၂၀၂၀ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် ရဲတပ်ဖွဲ့ထံ လာရောက် အဖမ်းခံခဲ့သည်။

ဖမ်းဝရမ်းထုတ် အရေးယူဆောင်ရွက်မှုကြောင့် ကရင်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ၁၇ လ အကြာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ နိုဝင်ဘာလ ၂ ရက်နေ့ တွင် လာရောက် အဖမ်းခံခဲ့သဖြင့် အင်း စိန်ထောင်အတွင်း ချုပ်နှောင်ထားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား စစ်ကောင်စီမှ ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဦးဝီရသူအား ဆက်လက်ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။ အခြား စစ်တပ်ထောက်ခံသူ အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဝီရသူမှာ အစိုးရမှ တရားစွဲဆိုထားခြင်းဖြစ်သဖြင့် ရန်ကုန်တိုင်း ဒေသကြီးမှ အမှု ပြန်လည် ရုတ်သိမ်းရန် ကြံ့ကြာနေခဲ့ခြင်း ဖြစ်ကြောင်း ရှေ့နေများက ပြောသည်။

*** ZAWGYI ***
NLD ဆန႔္က်င္ေရး မ်ိဳးခ်စ္ဆရာေတာ္ဟု ထင္ရွားသူ ဦးဝီရသူ ျပန္လြတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။

စစ္အာဏာသိမ္းၿပီး ၇ လ အၾကာတြင္ စစ္ေကာင္စီက ဆရာေတာ္ ဦးဝီရသူအား အမႈ႐ုတ္သိမ္းေပးခဲ့ၿပီး စက္တင္ ဘာလ ၆ ရက္ေန႔ ေန႔လည္က ျပန္လည္လႊတ္ေပးလိုက္ၿပီ ျဖစ္ေၾကာင္း မဘသ အဖြဲ႕ ဝင္မ်ားက ေျပာသည္။

“ဆရာေတာ္ျပန္လည္လြတ္ေျမာက္တာ အရမ္းဝမ္းသာတယ္။ ေပ်ာ္လြန္းလို႔ မ်က္ရည္ေတာင္က်တယ္။ တရား ေဟာပြဲေတြ ျပန္လုပ္ႏိုင္ေတာ့မယ္” ဟု ဆရာေတာ္အား ေထာက္ခံသူ အင္းစိန္ၿမိဳ႕နယ္တြင္ ေနထိုင္သည့္အ သက္ ၃၀ ခန႔္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး က ေျပာသည္။

ဦးဝီရသူ ျပန္လည္လြတ္ေျမာက္လာမႈႏွင့္ပတ္သက္၍ အခ်ိန္ကိုက္ လႊတ္ေပးလိုက္ျခင္းျဖစ္ၿပီး၊ ႏိုင္ငံေရး ၿငိမ္သက္မႈ မရွိခ်ိန္ လူမ်ိဳးေရး ဘာသာေရးအေၾကာင္းျပကာ ဆူပူမႈမ်ား ထပ္ျဖစ္လာမည္ကို စိုးရိမ္ရေၾကာင္း လူမႈ ကြန္ယက္စာမ်က္ႏွာမ်ားတြင္ ေဖၚျပေရးသားေနၾကသည္ကိုလည္း ေတြ႕ျမင္ရသည္။

အင္းစိန္ေထာင္အတြင္း ခ်ဳပ္ေႏွာင္ခံထားရသည့္ ဦးဝီရသူသည္ ၿပီးခဲ့သည့္ ၾသဂုတ္လအတြင္း ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံခဲ့ရသည္။

“သူအက်ဥ္းေထာင္မွာ မရွိတာၾကာၿပီ။ ေမလကတည္းက လက္ေမာင္း အေၾကာကပ္ေရာဂါျဖစ္လို႔ မဂၤလာဒုံ စစ္ ေဆး႐ုံမွာ ေဆးကုသေနတာ။ ေထာင္နဲ႔ အဆက္ျပတ္ေနတာမို႔ လြတ္လား မလြတ္လားဆိုတာကို ဌာနကြပ္ကဲမႈ ေအာက္မွာ မရွိလို႔ တိတိက်က်ေတာ့မသိဘူး” ဟု အက်ဥ္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးခ်မ္းေအးေက်ာ္က ေျပာ သည္။

ဆရာေတာ္ ဦးဝီရသူသည္ ယခင္အရပ္သားအစိုးရ လက္ထက္ ေဟာေျပာပြဲတစ္ခု၌ ႏိုင္ငံေတာ္အႀကီးအကဲမ်ား အေပၚ မဖြယ္မရာ စကားလုံးမ်ား သုံးႏႈန္းေျပာဆိုျခင္းႏွင့္ ႏိုင္ငံေတာ္ တရားေရးႏွင့္ အုပ္ခ်ဳပ္ေရး စသည့္ က႑ မ်ားမွ တာဝန္ရွိသူမ်ားအေပၚ အၾကည္ညိဳပ်က္ေအာင္ ေျပာဆိုမႈေၾကာင့္ အေရးယူျခင္းခံရသည္။

အေနာက္ပိုင္းခ႐ိုင္ ဒု-အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးစန္းမင္းမွ တရားလိုျပဳလုပ္၍ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ ေစမႈ ပုဒ္မ ၁၂၄-က ျဖင့္ တရားစြဲဆိုရန္ ၂၀၁၉ ေမလ ၂၈ ရက္ေန႔တြင္ အမႈဖြင့္တိုင္တန္းခဲ့ျခင္း ျဖစ္သည္။

ဦးဝီရသူသည္ ဖမ္းဝရမ္းထုတ္ခံရၿပီးေနာက္ ၁၇ လၾကာ ပုန္းေရွာင္ေနရာ ၂၀၂၀ခုႏွစ္ ႏိုဝင္ဘာ ၂ ရက္ေန႔တြင္ ရဲတပ္ဖြဲ႕ထံ လာေရာက္ အဖမ္းခံခဲ့သည္။

ဖမ္းဝရမ္းထုတ္ အေရးယူေဆာင္႐ြက္မႈေၾကာင့္ ကရင္ျပည္နယ္ဘက္သို႔ ထြက္ေျပးတိမ္းေရွာင္ေနခဲ့ၿပီး ၁၇ လ အၾကာ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲ မတိုင္မီ ႏိုဝင္ဘာလ ၂ ရက္ေန႔ တြင္ လာေရာက္ အဖမ္းခံခဲ့သျဖင့္ အင္း စိန္ေထာင္အတြင္း ခ်ဳပ္ေႏွာင္ထားခဲ့သည္။

စစ္အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေရးအက်ဥ္းသားမ်ားအား စစ္ေကာင္စီမွ ျပန္လည္လႊတ္ေပးခဲ့ေသာ္လည္း ဦးဝီရသူအား ဆက္လက္ခ်ဳပ္ေႏွာင္ထားခဲ့ျခင္းျဖစ္သည္။ အျခား စစ္တပ္ေထာက္ခံသူ အက်ဥ္းသားမ်ားကို ျပန္လႊတ္ေပးခဲ့ေသာ္လည္း ဦးဝီရသူမွာ အစိုးရမွ တရားစြဲဆိုထားျခင္းျဖစ္သျဖင့္ ရန္ကုန္တိုင္း ေဒသႀကီးမွ အမႈ ျပန္လည္ ႐ုတ္သိမ္းရန္ ႀကံ့ၾကာေနခဲ့ျခင္း ျဖစ္ေၾကာင္း ေရွ႕ေနမ်ားက ေျပာသည္။