သတင်းထောက် မသူဇာ ဖမ်းခံရပြီဟု မိသားစု ယူဆ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခြင်းခံထားရပြီး တိမ်းရှောင်နေသည့် သတင်းထောက် မသူဇာသည် မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်မှာ ၅ ရက်ခန့်ရှိနေပြီဖြစ်ကြောင်း မသူဇာ၏ ခင်ပွန်း က ပြောသည်။

“သူနဲ့ကရှောင်နေရပေမယ့် နေ့တိုင်းအဆက်အသွယ်ရှိတယ်။ နောက်ဆုံးအရေးပေါ် ဆက်သွယ်ဖို့ ဖုန်းလည်း ရှိ တယ်။ အခုအဆက်အသွယ်မရတာ ၅ ရက်လောက်ရှိပြီ ဆိုတော့ သူအဖမ်းခံရလိုက်ပြီလို့ ကျနော်တို့ က ယူဆ တယ်” ဟု မသူဇာ၏ ခင်ပွန်းက ပြောသည်။

သတင်းထောက်မသူဇာ၏ နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မေလအတွင်းက လာရောက်ရှာဖွေခဲ့ဖူးပြီး တိမ်းရှောင်နေသဖြင့် ထိုအချိန်က လွတ်မြောက်ခဲ့သည်ဟု မသူဇာ၏ ခင်ပွန်းက ဆိုသည်။

“နောက်ဆုံး သူရှောင်နေတာတော့ ကမာရွတ်မြို့နယ်ထဲမှာ။ သူတစ်ခုခုသွားစရာရှိလို့ ဖုန်းမဆက်ရင်တောင် Message (စာတို) ပို့တယ်။ သူနဲ့အဆက်သွယ်မရတာနဲ့ အိမ်ကမိသားစု စိတ်ပူနေမှာကို သူသိတော့ ဆက်သွယ် တယ်။ အခုသူအဖမ်းခံရတာ ၈၀ ရာခိုင်နှုန်းလောက် သေချာနေပြီ” ဟု မသူဇာခင်ပွန်း က ပြောသည်။

မသူဇာကို စက်တင်ဘာ ၁ ရက်၊ မွန်းလွဲ ၃ နာရီ အချိန်ခန့် က အဆက်အသွယ်ရခဲ့ပြီး အပြင်သို့ရောက်နေကြောင်း၊ ထို့နောက် ဖုန်းစက်ပိတ် သွားပြီး ၎င်းတိမ်းရှောင်နေသည့် နေရာသို့ ပြန်မရောက်လာတော့ကြောင်း၊ နောက်ရက် များတွင် အဆက်သွယ် လုံးဝမရတော့ကြောင်း မိသားစုထံမှ သိရသည်။

“အခုတော့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီးစုံစမ်းနေတယ်။ ရှေ့နေတွေကသူ စစ်ကြောရေး ရောက်နေရင်တော့ ဆက် သွယ်လို့မရဘူးပေါ့။ အဆက်အသွယ်ရတာနဲ့ ဖုန်းဆက်မယ်လို့ပြောတယ်။ မိသားစုကတော့ ပူတာပေါ့။ အမေဆို အိပ်ယာထဲလှဲနေပြီ”ဟု ခင်မွန်းဖြစ်သူက ဆက်ပြောသည်။

သတင်းထောက် မသူဇာဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကမာရွတ်မြို့ နယ် ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်း စုံစမ်း ခဲ့သော်လည်း ၎င်းတို့အနေဖြင့်မသိရသေးကြောင်းသာ ပြောသည်ဟု ကူညီဆောင်ရွက်ပေးနေသည့် တရား လွှတ် တော်ရှေ့နေ က ပြောသည်။

“ကျနော်တို့ အတွေအကြုံအရတော့ နောက်သုံးလေးရက်ဆို သိရမှာပါ။ စခန်းကတော့ သူတို့ မသိသေးဘူးလို့ ပြောတယ်။ အင်းစိန် အကျဉ်းထောင်ကို ရောက်လာခဲ့ရင်လည်း သိရအောင် ကျနော်တို့ ဆောင်ရွက်ထား ပါ တယ်” ဟု အကျိုးဆောင်ရှေ့နေက ပြေသည်။

မသူဇာ၏ ခင်ပွန်းမှာလည်း မသူဇာကို လာရောက်ရှာဖွေစဉ်က ဖမ်းဆီးခံခဲ့ရဖူးပြီး ခံဝန်ဖြင့် ပြန်လည် လွတ် မြောက်လာသူဖြစ်သည်။ ၎င်းတို့နှစ်ဦးတွင် ၇ နှစ်အရွယ် သမီးတစ်ဦး ရှိသည်။

မသူဇာသည် ၂၀၀၇ ခုနှစ်ခန့်က သတင်းလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး မော်ဒန်၊ ဧရာဝတီ သတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ် လုပ်ကိုင်ခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် Friday Time Journal၊ MPA သတင်းဌာနနှင့် ကိုရီးယား သတင်းဌာနတို့တွင် အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် တိမ်းရှောင်နေရသည်။

မြန်မာနိုင်ငံတဝှမ်း စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၇ ရက်နေ့အထိ ဖမ်းဆီးခံရသည့် သတင်း ထောက် စုစုပေါင်း ၉၇ ဦး ရှိပြီဖြစ်သည်ဟု ပြည်တွင်းအခြေဆိုက် သတင်းထောက်များက ပြုစုထားသည့် Detained Journalists Information Myanmar ၏ စာရင်းများအရ သိရသည်။

ထိုစာရင်းအရ ပြန်လည်လွှတ်မြောက်လာသူ ၅၄ ဦးရှိပြီး အကျဉ်းထောင်များထဲတွင် ဆက်လက်ဖမ်းဆီး တရား ရင်ဆိုင်နေရသူ ၄၃ ဦးရှိသည်ဟု သိရသည်။

**** ZAWGYI ***
သတင္းေထာက္ မသူဇာ ဖမ္းခံရၿပီဟု မိသားစု ယူဆ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။

စစ္ေကာင္စီက ပုဒ္မ ၅၀၅ ျဖင့္ တရားစြဲဆိုျခင္းခံထားရၿပီး တိမ္းေရွာင္ေနသည့္ သတင္းေထာက္ မသူဇာသည္ မိသားစုႏွင့္ အဆက္အသြယ္မရဘဲ ေပ်ာက္ဆုံးေနသည္မွာ ၅ ရက္ခန႔္ရွိေနၿပီျဖစ္ေၾကာင္း မသူဇာ၏ ခင္ပြန္း က ေျပာသည္။

“သူနဲ႔ကေရွာင္ေနရေပမယ့္ ေန႔တိုင္းအဆက္အသြယ္ရွိတယ္။ ေနာက္ဆုံးအေရးေပၚ ဆက္သြယ္ဖို႔ ဖုန္းလည္း ရွိ တယ္။ အခုအဆက္အသြယ္မရတာ ၅ ရက္ေလာက္ရွိၿပီ ဆိုေတာ့ သူအဖမ္းခံရလိုက္ၿပီလို႔ က်ေနာ္တို႔ က ယူဆ တယ္” ဟု မသူဇာ၏ ခင္ပြန္းက ေျပာသည္။

သတင္းေထာက္မသူဇာ၏ ေနအိမ္သို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေမလအတြင္းက လာေရာက္ရွာေဖြခဲ့ဖူးၿပီး တိမ္းေရွာင္ေနသျဖင့္ ထိုအခ်ိန္က လြတ္ေျမာက္ခဲ့သည္ဟု မသူဇာ၏ ခင္ပြန္းက ဆိုသည္။

“ေနာက္ဆုံး သူေရွာင္ေနတာေတာ့ ကမာ႐ြတ္ၿမိဳ႕နယ္ထဲမွာ။ သူတစ္ခုခုသြားစရာရွိလို႔ ဖုန္းမဆက္ရင္ေတာင္ Message (စာတို) ပို႔တယ္။ သူနဲ႔အဆက္သြယ္မရတာနဲ႔ အိမ္ကမိသားစု စိတ္ပူေနမွာကို သူသိေတာ့ ဆက္သြယ္ တယ္။ အခုသူအဖမ္းခံရတာ ၈၀ ရာခိုင္ႏႈန္းေလာက္ ေသခ်ာေနၿပီ” ဟု မသူဇာခင္ပြန္း က ေျပာသည္။

မသူဇာကို စက္တင္ဘာ ၁ ရက္၊ မြန္းလြဲ ၃ နာရီ အခ်ိန္ခန႔္ က အဆက္အသြယ္ရခဲ့ၿပီး အျပင္သို႔ေရာက္ေနေၾကာင္း၊ ထို႔ေနာက္ ဖုန္းစက္ပိတ္ သြားၿပီး ၎တိမ္းေရွာင္ေနသည့္ ေနရာသို႔ ျပန္မေရာက္လာေတာ့ေၾကာင္း၊ ေနာက္ရက္ မ်ားတြင္ အဆက္သြယ္ လုံးဝမရေတာ့ေၾကာင္း မိသားစုထံမွ သိရသည္။

“အခုေတာ့ ေရွ႕ေနေတြနဲ႔ တိုင္ပင္ၿပီးစုံစမ္းေနတယ္။ ေရွ႕ေနေတြကသူ စစ္ေၾကာေရး ေရာက္ေနရင္ေတာ့ ဆက္ သြယ္လို႔မရဘူးေပါ့။ အဆက္အသြယ္ရတာနဲ႔ ဖုန္းဆက္မယ္လို႔ေျပာတယ္။ မိသားစုကေတာ့ ပူတာေပါ့။ အေမဆို အိပ္ယာထဲလွဲေနၿပီ”ဟု ခင္မြန္းျဖစ္သူက ဆက္ေျပာသည္။

သတင္းေထာက္ မသူဇာဖမ္းဆီးခံရမႈႏွင့္ ပတ္သက္၍ ကမာ႐ြတ္ၿမိဳ႕ နယ္ ရဲတပ္ဖြဲ႕ထံ ဆက္သြယ္ေမးျမန္း စုံစမ္း ခဲ့ေသာ္လည္း ၎တို႔အေနျဖင့္မသိရေသးေၾကာင္းသာ ေျပာသည္ဟု ကူညီေဆာင္႐ြက္ေပးေနသည့္ တရား လႊတ္ ေတာ္ေရွ႕ေန က ေျပာသည္။

“က်ေနာ္တို႔ အေတြအႀကဳံအရေတာ့ ေနာက္သုံးေလးရက္ဆို သိရမွာပါ။ စခန္းကေတာ့ သူတို႔ မသိေသးဘူးလို႔ ေျပာတယ္။ အင္းစိန္ အက်ဥ္းေထာင္ကို ေရာက္လာခဲ့ရင္လည္း သိရေအာင္ က်ေနာ္တို႔ ေဆာင္႐ြက္ထား ပါ တယ္” ဟု အက်ိဳးေဆာင္ေရွ႕ေနက ေျပသည္။

မသူဇာ၏ ခင္ပြန္းမွာလည္း မသူဇာကို လာေရာက္ရွာေဖြစဥ္က ဖမ္းဆီးခံခဲ့ရဖူးၿပီး ခံဝန္ျဖင့္ ျပန္လည္ လြတ္ ေျမာက္လာသူျဖစ္သည္။ ၎တို႔ႏွစ္ဦးတြင္ ၇ ႏွစ္အ႐ြယ္ သမီးတစ္ဦး ရွိသည္။

မသူဇာသည္ ၂၀၀၇ ခုႏွစ္ခန႔္က သတင္းေလာကသို႔ စတင္ဝင္ေရာက္ခဲ့ၿပီး ေမာ္ဒန္၊ ဧရာဝတီ သတင္းဌာန၊ RFA သတင္းဌာန၊ 7 Day သတင္းဌာန၊ Friday Time ဂ်ာနယ္ လုပ္ကိုင္ခဲ့သည္။

စစ္တပ္ အာဏာသိမ္းၿပီးေနာက္ Friday Time Journal၊ MPA သတင္းဌာနႏွင့္ ကိုရီးယား သတင္းဌာနတို႔တြင္ အလြတ္သတင္းေထာက္အျဖစ္ လုပ္ကိုင္ခဲ့ၿပီး ေနာက္ပိုင္းတြင္ တိမ္းေရွာင္ေနရသည္။

ျမန္မာႏိုင္ငံတဝွမ္း စစ္တပ္က အာဏာသိမ္းၿပီးေနာက္ စက္တင္ဘာလ ၇ ရက္ေန႔အထိ ဖမ္းဆီးခံရသည့္ သတင္း ေထာက္ စုစုေပါင္း ၉၇ ဦး ရွိၿပီျဖစ္သည္ဟု ျပည္တြင္းအေျခဆိုက္ သတင္းေထာက္မ်ားက ျပဳစုထားသည့္ Detained Journalists Information Myanmar ၏ စာရင္းမ်ားအရ သိရသည္။

ထိုစာရင္းအရ ျပန္လည္လႊတ္ေျမာက္လာသူ ၅၄ ဦးရွိၿပီး အက်ဥ္းေထာင္မ်ားထဲတြင္ ဆက္လက္ဖမ္းဆီး တရား ရင္ဆိုင္ေနရသူ ၄၃ ဦးရွိသည္ဟု သိရသည္။