အမျိုးသား ညီညွတ်ရေး အစိုးရ စစ်ကြေညာ၊ ရိက္ခာစုကြရန် ပြည်သူများကို တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

ခုခံတွန်းလှန်စစ် စတင်ပြီဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မလိုအပ်ပဲ ခရီးမသွားကြရန်နှင့် ရိက္ခာနှင့် ဆေး ဝါးများကို စုဆောင်းထားကြရန် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြည်သူများအား သတိပေး ပြောဆိုလိုက်သည်။

NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက လက်တလောဖြစ်ပေါ်နေသည့် စစ်ရေး ပဋိပက္ခအခြေအနေများ နှင့် ပတ်သက်၍ စက်တင်ဘာလ ၇ ရက်နေ့ (ယနေ့) ပြောကြားထားသည့် မိန့်ခွန်းထဲတွင် ထိုသို့ ထည့်သွင်းပြော ကြား ထားခြင်း ဖြစ်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူများအနေဖြင့် ယနေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြ ဘဲ တစ်ဦးချင်း၏ လုံခြုံမှုကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊ ဆေးဝါး စသည်တို့ကို စုဆောင်းထား ကြပါ” ဟု ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခုခံတွန်းလှန်စစ် စတင်မည့် အခြေအနေနှင့် ပတ်သက်၍ “ဒီနေ့ စက်တင်ဘာလ (၇) ရက်၊ တော်သလင်းလဆန်း ( ၂ ) ရက်မှစ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူတို့၏ ခုခံတွန်းလှန်စစ် သည် စတင်နေပြီ ဖြစ်သည်။ ဤတော်လှန်ရေးသည် ပြည်သူလူထု၏ တော်လှန်ရေး ဖြစ်သည့်အတွက် ပြည် ထောင်စု မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူပြည်သားများအားလုံး မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက် စစ် အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှည်းနေလှေအောင်း မြင်းစောင်းမကျန် တွန်းလှန် တိုက်ဖျက် ကြပါ” ဟု ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။

ထို့အပြင် စစ်ကောင်စီအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တွန်းလှန်တိုက်ခိုက်သည့် ကာလတွင် ပြည်သူများ အနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်ကြ ရန်နှင့် စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုသတင်းများကို အချိန်မီ ပေးပို့ကြရန် ယာယီသမ္မတ က မေတ္တာရပ်ခံ တောင်းဆိုထားသည်။

တစ်ဖက်တွင်လည်း မင်းအောင်လှိုင်၏ လိမ်လည်လှည့်ဖျား ဖိနှိပ်မှုအောက်တွင် တာဝန်ထမ်း ဆောင်နေကြသော တပ်မတော် သားများ၊ ပြည်သူ့ရဲများ၊ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် ချက် ချင်း ဆက်သွယ် ပူးပေါင်းကြရန် ပြောဆိုထားသည့်အပြင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းအားလုံး ရုံး တက်ခြင်းမပြုကြရန် သတိပေး တားမြစ်ထားသည်။

ထို့အပြင် စစ်ကောင်စီ၏ လှည့်ဖျားမှုကြောင့် နားယောင်ခဲ့သည့် နယ်ခြားစောင့် BGF တပ်များနှင့် ပြည်သူ့စစ်အား လုံး ပူးပေါင်း၍ ပြည်သူ့ရန်သူများကို စတင်ရင်ဆိုင်တိုက်ခိုက်ကြရန် တိုက်တွန်း ထားသည်။

လက်ရှိမြန်မာနိုင်ငံ၏ ပကတိ အခြေအနေ လိုအပ်ချက်ကြောင့် တွန်းလှန်တိုက်ခိုက်မှုအား လုပ်ဆောင်ရခြင်း ဖြစ် သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ASEAN နိုင်ငံများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း နားလည် ပေးကြရန် NUG ယာယီသမ္မတက ၎င်း၏ မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုထားသည်။

ယာယီသမ္မတ ဒူဝါလရှီးလက ယခုတော်လှန်ရေးသည် တရားနည်းလမ်းကျသော တရားမျှတသော တော်လှန် ရေးဖြစ်ကြောင်းနှင့် ရေရှည်ငြိမ်းချမ်းသော နိုင်ငံတော်တည်ဆောက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးအတွက် မရှိမဖြစ်လိုအပ်သည့် တော်လှန်ရေးဖြစ်သည်ဟု ဆိုသည်။

*** ZAWGYI ***
အမ်ိဳးသား ညီၫြတ္ေရး အစိုးရ စစ္ေၾကညာ၊ ရိကၡာစုၾကရန္ ျပည္သူမ်ားကို တိုက္တြန္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။

ခုခံတြန္းလွန္စစ္ စတင္ၿပီျဖစ္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ မလိုအပ္ပဲ ခရီးမသြားၾကရန္ႏွင့္ ရိကၡာႏွင့္ ေဆး ဝါးမ်ားကို စုေဆာင္းထားၾကရန္ ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ယာယီသမၼတ ဒူဝါလရွီးလ က ျပည္သူမ်ားအား သတိေပး ေျပာဆိုလိုက္သည္။

NUG အစိုးရ ယာယီသမၼတ ဒူဝါလရွီးလက လက္တေလာျဖစ္ေပၚေနသည့္ စစ္ေရး ပဋိပကၡအေျခအေနမ်ား ႏွင့္ ပတ္သက္၍ စက္တင္ဘာလ ၇ ရက္ေန႔ (ယေန႔) ေျပာၾကားထားသည့္ မိန႔္ခြန္းထဲတြင္ ထိုသို႔ ထည့္သြင္းေျပာ ၾကား ထားျခင္း ျဖစ္သည္။

NUG ယာယီသမၼတ ဒူဝါလရွီးလက “ျပည္သူမ်ားအေနျဖင့္ ယေန႔မွစ၍ မလိုအပ္ဘဲ ခရီးသြားလာျခင္း မျပဳၾက ဘဲ တစ္ဦးခ်င္း၏ လုံၿခဳံမႈကို အထူးဂ႐ုစိုက္ၾကပါ။ လိုအပ္မည့္ ရိကၡာ၊ ေဆးဝါး စသည္တို႔ကို စုေဆာင္းထား ၾကပါ” ဟု ေျပာသည္။

တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ခုခံတြန္းလွန္စစ္ စတင္မည့္ အေျခအေနႏွင့္ ပတ္သက္၍ “ဒီေန႔ စက္တင္ဘာလ (၇) ရက္၊ ေတာ္သလင္းလဆန္း ( ၂ ) ရက္မွစ၍ စစ္အာဏာရွင္ ဆန္႔က်င္ေရး ျပည္သူတို႔၏ ခုခံတြန္းလွန္စစ္ သည္ စတင္ေနၿပီ ျဖစ္သည္။ ဤေတာ္လွန္ေရးသည္ ျပည္သူလူထု၏ ေတာ္လွန္ေရး ျဖစ္သည့္အတြက္ ျပည္ ေထာင္စု ျမန္မာႏိုင္ငံတစ္ဝန္းရွိ ျပည္သူျပည္သားမ်ားအားလုံး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ အၾကမ္းဖက္ စစ္ အုပ္ခ်ဳပ္ေရးကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ လွည္းေနေလွေအာင္း ျမင္းေစာင္းမက်န္ တြန္းလွန္ တိုက္ဖ်က္ ၾကပါ” ဟု ယာယီသမၼတ ဒူဝါလရွီးလ က ေျပာသည္။

ထို႔အျပင္ စစ္ေကာင္စီအား တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ တြန္းလွန္တိုက္ခိုက္သည့္ ကာလတြင္ ျပည္သူမ်ား အေနျဖင့္ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ႏွင့္ မဟာမိတ္မ်ားကိုလည္း တတ္ႏိုင္သမွ် ကူညီေစာင့္ေရွာက္ၾက ရန္ႏွင့္ စစ္ေကာင္စီတပ္မ်ား၏ လႈပ္ရွားမႈသတင္းမ်ားကို အခ်ိန္မီ ေပးပို႔ၾကရန္ ယာယီသမၼတ က ေမတၱာရပ္ခံ ေတာင္းဆိုထားသည္။

တစ္ဖက္တြင္လည္း မင္းေအာင္လႈိင္၏ လိမ္လည္လွည့္ဖ်ား ဖိႏွိပ္မႈေအာက္တြင္ တာ၀န္ထမ္း ေဆာင္ေနၾကေသာ တပ္မေတာ္ သားမ်ား၊ ျပည္သူ႔ရဲမ်ား၊ ၀န္ထမ္းမ်ားအေနျဖင့္လည္း ျပည္သူ႔ကာကြယ္ေရးတပ္ PDF မ်ားႏွင့္ ခ်က္ ခ်င္း ဆက္သြယ္ ပူးေပါင္းၾကရန္ ေျပာဆိုထားသည့္အျပင္ စစ္ေကာင္စီ လက္ေအာက္ခံ ဝန္ထမ္းအားလုံး ႐ုံး တက္ျခင္းမျပဳၾကရန္ သတိေပး တားျမစ္ထားသည္။

ထို႔အျပင္ စစ္ေကာင္စီ၏ လွည့္ဖ်ားမႈေၾကာင့္ နားေယာင္ခဲ့သည့္ နယ္ျခားေစာင့္ BGF တပ္မ်ားႏွင့္ ျပည္သူ႔စစ္အား လုံး ပူးေပါင္း၍ ျပည္သူ႔ရန္သူမ်ားကို စတင္ရင္ဆိုင္တိုက္ခိုက္ၾကရန္ တိုက္တြန္း ထားသည္။

လက္ရွိျမန္မာႏိုင္ငံ၏ ပကတိ အေျခအေန လိုအပ္ခ်က္ေၾကာင့္ တြန္းလွန္တိုက္ခိုက္မႈအား လုပ္ေဆာင္ရျခင္း ျဖစ္ သည့္အတြက္ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ ASEAN ႏိုင္ငံမ်ား၊ ကုလသမဂၢႏွင့္ ကမာၻ႔ႏိုင္ငံအသီးသီးကလည္း နားလည္ ေပးၾကရန္ NUG ယာယီသမၼတက ၎၏ မိန႔္ခြန္းထဲတြင္ ထည့္သြင္းေျပာဆိုထားသည္။

ယာယီသမၼတ ဒူဝါလရွီးလက ယခုေတာ္လွန္ေရးသည္ တရားနည္းလမ္းက်ေသာ တရားမွ်တေသာ ေတာ္လွန္ ေရးျဖစ္ေၾကာင္းႏွင့္ ေရရွည္ၿငိမ္းခ်မ္းေသာ ႏိုင္ငံေတာ္တည္ေဆာက္ေရး၊ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ ေရးအတြက္ မရွိမျဖစ္လိုအပ္သည့္ ေတာ္လွန္ေရးျဖစ္သည္ဟု ဆိုသည္။