ပြည်ဗုံးကွဲမှု သံသယ ဖမ်းဆီးခံ ညီအစ်ကို အနက် တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်မြို့ရှိ ခေတ္တရာပန်းခြံ ဗုံးပေါက်ကွဲမှုအပြီး ဖမ်းဆီးခံလိုက်ရသည့် လူငယ် ညီအစ်ကိုနှစ်ဦး အနက် အစ်ကိုဖြစ်သူသည် နာရီပိုင်းအတွင်း သေဆုံးသွားသည်ဟု စစ်ကောင်စီဘက်က အကြောင်းလာသည်ဟု ရပ်ကွက်နေပြည်သူများ က ပြောသည်။

ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက်နေ အသက် ၂၀ အရွယ် ကိုရန်ပိုင်ဖြိုး (ခ) အငဲနှင့် အသက် ၃၀ အရွယ် ကိုဇော်လင်းထက်တို့ ညီအကိုနှစ်ဦးကို ဗုံးပေါက်ကွဲမှုအပြီး ဖမ်းဆီးသွားကြောင်း၊ ထို့နောက် နာရီပိုင်းအတွင်း သေဆုံးသွားသူမှာ ကိုဇော်လင်းထက် ဖြစ်ကြောင်း အကြောင်းကြလာသည်ဟု ဒေသခံများက ပြောသည်။

“သူကို စဖမ်းကတည်းက တရစပ် ရိုက်နှက်သွားတာ။ ည ၈ နာရီ လောက်ကျတော့ ကုတင် ၁၀၀ စစ်ဆေးရုံမှာ ဆုံးသွားတယ်ဆို အကြောင်းကြားတာ” ဟု ကျောက်ကြီးအိုးတန်း ရပ်ကွက်နေ ပြည်သူတစ်ဦး က ပြောသည်။

စက်တင်ဘာ ၆ ရက် နေ့လည် ၂ နာရီခွဲ အချိန်ခန့်က ခေတ္တရာခန်းမနှင့် ပန်းခြံရှိ စစ်ကောင်စီ စခန်းကို ဗုံးဖြင့် ပစ် ခတ်တိုက်ခိုက်မှုကြောင့် စကစအဖွဲ့ဝင် ၅ ဦးဒ ဏ်ရာရကာ ၃ ဦး သေဆုံးခဲ့သည်။

ထို့နောက် အဆိုပါနေရာအနီး တဝိုက် လုံခြုံရေးတင်းကြပ်ထားပြီး အထက်ပါညီအစ်ကိုနှစ်ဦး အပါအဝင် အခြား လူငယ် ၃ ဦး ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ၎င်းတို့နှင့် နီးစပ်သူများကပြောသည်။

ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးသည် ဗုံးပေါက်ကွဲမှု နှင့် မသက်ဆိုင်ဘဲ ပြီးခဲ့သောရက်ပိုင်းက ပြည်မြို့နယ် အခြေခံ ပညာ အထက်တန်းကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၄ ဦး အဖမ်းခံရပြီး နောက်ဆက်တွဲကိစ္စဖြင့် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်နိုင်သည်ဟုလည်း ရပ်ကွက်အတွင်း သုံးသပ်ပြောဆိုနေ ကြသည်။

ယင်းဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ Pyay Underground Force(PUGF) က ‌စစ်ကောင်စီ စခန်းချထားသည့် သီရိ ခေတ္တရာ ရတနာမြို့တော်ခန်းမကို ယနေ့နေ့လည်က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး လုံခြုံသည့် နေရာကို ပြန်လည် ရောက်ရှိ နေပြီ ဟု ၎င်းတို့၏ လူမှူကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

*** ZAWGYI ***
ျပည္ဗုံးကြဲမႈ သံသယ ဖမ္းဆီးခံ ညီအစ္ကို အနက္ တစ္ဦး ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။

ပဲခူးတိုင္းေဒသႀကီး အေနာက္ျခမ္း ျပည္ၿမိဳ႕ရွိ ေခတၱရာပန္းၿခံ ဗုံးေပါက္ကြဲမႈအၿပီး ဖမ္းဆီးခံလိုက္ရသည့္ လူငယ္ ညီအစ္ကိုႏွစ္ဦး အနက္ အစ္ကိုျဖစ္သူသည္ နာရီပိုင္းအတြင္း ေသဆုံးသြားသည္ဟု စစ္ေကာင္စီဘက္က အေၾကာင္းလာသည္ဟု ရပ္ကြက္ေနျပည္သူမ်ား က ေျပာသည္။

ျပည္ၿမိဳ႕ ေက်ာင္းႀကီးအိုးတန္းရပ္ကြက္ေန အသက္ ၂၀ အ႐ြယ္ ကိုရန္ပိုင္ၿဖိဳး (ခ) အငဲႏွင့္ အသက္ ၃၀ အ႐ြယ္ ကိုေဇာ္လင္းထက္တို႔ ညီအကိုႏွစ္ဦးကို ဗုံးေပါက္ကြဲမႈအၿပီး ဖမ္းဆီးသြားေၾကာင္း၊ ထို႔ေနာက္ နာရီပိုင္းအတြင္း ေသဆုံးသြားသူမွာ ကိုေဇာ္လင္းထက္ ျဖစ္ေၾကာင္း အေၾကာင္းၾကလာသည္ဟု ေဒသခံမ်ားက ေျပာသည္။

“သူကို စဖမ္းကတည္းက တရစပ္ ႐ိုက္ႏွက္သြားတာ။ ည ၈ နာရီ ေလာက္က်ေတာ့ ကုတင္ ၁၀၀ စစ္ေဆး႐ုံမွာ ဆုံးသြားတယ္ဆို အေၾကာင္းၾကားတာ” ဟု ေက်ာက္ႀကီးအိုးတန္း ရပ္ကြက္ေန ျပည္သူတစ္ဦး က ေျပာသည္။

စက္တင္ဘာ ၆ ရက္ ေန႔လည္ ၂ နာရီခြဲ အခ်ိန္ခန႔္က ေခတၱရာခန္းမႏွင့္ ပန္းၿခံရွိ စစ္ေကာင္စီ စခန္းကို ဗုံးျဖင့္ ပစ္ ခတ္တိုက္ခိုက္မႈေၾကာင့္ စကစအဖြဲ႕ဝင္ ၅ ဦးဒ ဏ္ရာရကာ ၃ ဦး ေသဆုံးခဲ့သည္။

ထို႔ေနာက္ အဆိုပါေနရာအနီး တဝိုက္ လုံၿခဳံေရးတင္းၾကပ္ထားၿပီး အထက္ပါညီအစ္ကိုႏွစ္ဦး အပါအဝင္ အျခား လူငယ္ ၃ ဦး ကိုလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္ဟု ၎တို႔ႏွင့္ နီးစပ္သူမ်ားကေျပာသည္။

ဖမ္းဆီးခံရသည့္ လူငယ္ ၃ ဦးသည္ ဗုံးေပါက္ကြဲမႈ ႏွင့္ မသက္ဆိုင္ဘဲ ၿပီးခဲ့ေသာရက္ပိုင္းက ျပည္ၿမိဳ႕နယ္ အေျခခံ ပညာ အထက္တန္းေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္ ေက်ာင္းသား ၄ ဦး အဖမ္းခံရၿပီး ေနာက္ဆက္တြဲကိစၥျဖင့္ လာေရာက္ ဖမ္းဆီးသြားျခင္းျဖစ္ႏိုင္သည္ဟုလည္း ရပ္ကြက္အတြင္း သုံးသပ္ေျပာဆိုေန ၾကသည္။

ယင္းဗုံးေပါက္ကြဲမႈႏွင့္ ပတ္သက္၍ Pyay Underground Force(PUGF) က ‌စစ္ေကာင္စီ စခန္းခ်ထားသည့္ သီရိ ေခတၱရာ ရတနာၿမိဳ႕ေတာ္ခန္းမကို ယေန႔ေန႔လည္က ဗုံးခြဲတိုက္ခိုက္ခဲ့ၿပီး လုံၿခဳံသည့္ ေနရာကို ျပန္လည္ ေရာက္ရွိ ေနၿပီ ဟု ၎တို႔၏ လူမႉကြန္ယက္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။