KNU တပ်မဟာ ၄ တွင် တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကရင့်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ ထိန်းချုပ် နယ်မြေ တွင် စစ်ကောင်စီတပ်များကို KNU နှင့် ဒေသခံ PDF တို့ ပူးပေါင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လေးဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိသည်ဟု ရွာသားများက ပြောသည်။

စက်တင်ဘာလ ၇ ရက်နေ့၊ နံနက် ၇ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့်သည် ပိန္နဲတောင် ကျေးရွာနှင့် ဒူရင်းပင်ရှောင်ကျေးရွာတို့ဘက်မှ စစ်ကြောင်း နှစ်ကြောင်းခွဲကာ KNU ထိန်းချုပ်နယ်မြေအတွင်းကို အကြောင်းကြားမှု မရှိဘဲ ဝင်ရောက်ခဲ့ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှာ ပုလောမြို့မှ အရှေ့ဘက် ခြောက်မိုင်ခန့်အကွာ ဆားခဲကျေးရွာနှင့် ပိန္နဲတောင် ကျေးရွာ အစပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်တယ်။ စစ်တပ်ဘက်က ဗုံးသီး၊ လောင်ချာတွေသုံးတယ်။ စက်သေနတ်သုံးပြီး ပစ် တယ်။ ရွာသားတွေလည်း ကြောက်လန့်ပြီး ဘေးလွတ်မယ်ထင်တဲ့ နေရာတွေမှာ ပုန်းနေကြရတယ်” ဟု ဖြစ် စဉ်အနီးရောက်ရှိနေသည့် အဆိုပါ မျက်မြင်ဒေသခံက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်အဆင့် အရာရှိ နှစ်ဦး အပါအဝင် ၄ ဦး ကျဆုံးပြီး၊ အယောက် ၃၀ ခန့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကာ အရေးပေါ်လူနာတင်ယာဉ်များဖြင့် သယ်ဆောင်သွားကြောင်း ကိုယ်တိုင် မြင်တွေ့ လိုက်သူ တစ်ဦးက ပြောသည်။

KNU တပ်မဟာ ၄ နှင့် PRDF အဖွဲ့တို့ဘက် က အထိအခိုက် အကျအဆုံးမရှိဘဲ PDF အဖွဲ့ဝင် တစ်ဦးသာ နားရွက် ကျည် ပွတ်ထိ (မစိုးရိမ်ရ) ခဲ့ကြောင်း ၎င်း က ပြောသည်။

ဗိုလ်ကြီးဇော်ထွန်း ဦးဆောင်သည့် KNUတပ်မဟာ ၄၊ တပ်ရင်း ၇၊ တပ်ခွဲ ၂ တို့အပြင် PDFအဖွဲ့၊ ပုလောဒေသခံ မဟာမိတ်အဖွဲ့များ ပါဝင်သည့် PRDF(Palaw Regional Defence Forces)တို့နှင့် စစ်ကောင်စီတပ်များ ယနေ့ နံနက် ၈နာရီ ၅ မိနစ်ခန့်က စတင်ကာထိတွေ့မှုပေါင်း ၄ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံရွာသားများ က ပြော သည်။

ပိန္နဲတောင်နှင့် ဒူးရင်းပင်ရှောင်ကျေးရွာ အနီးတဝိုက်သည် KNU တပ်မဟာ ၄ တပ်ရင်း ၇ တပ်ခွဲ ၂ ၏ အခြေစိုက် ရာ နေရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်များက အကြောင်းမကြားဘဲ ဝင်ရောက်လာခြင်းဖြစ်ကြောင်း KNU တပ်ခွဲမှူး ဗိုလ်ကြီးဇော်ထွန်း က ပြောသည်။

“ငါတို့ကလေးတွေကို ငါတို့သေပြီးမှ ထိလို့ရမယ်၊ ငါကိုယ်တိုင် ဦးစီးပြီး တိုက်နေတယ်၊ လွယ်လွယ်ရလိမ့်မယ် မထင်နဲ့” ဟု KNU တပ်ခွဲမှူး ဗိုလ်ကြီးဇော်ထွန်း က ပြောသည်။

စက်တင်ဘာလ ၇ ရက်နေ့ (ယနေ့) နံနက် ၈နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ်များသည် ဒူးရင်းပင်ရှောင်ကျေးရွာ အထိ ပြန်ဆုတ်သွားခဲ့ပြီး မြိတ်မှ အင်အားအပြည့် စစ်ကူကား ၂၀ စီးခန့်ဖြင့် အဆိုပါ ရွာ၌ ယာယီတပ်စွဲထား ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီး ပစ်ခတ်သံများကို ပုလောမြို့ပေါ်ကပင် ကြားနေရကြောင်း ပုလောမြို့ခံတစ်ဦးက ဆိုသည်။ ကျောက်နိမ့်၊ နန်းတောင်ကျေးရွာများဘက်က ဒေသခံအချို့လည်း ယခုခါ ပုလောမြို့ပေါ်သို့ ထွက်ပြေးလာနေ သည်ဟု မြို့ခံအချို့က ပြောသည်။

ဓါတ်ပုံ – We Are Everything

*** ZAWGYI ***
KNU တပ္မဟာ ၄ တြင္ တိုက္ပြဲျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္ ကရင့္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ ၄ ထိန္းခ်ဳပ္ နယ္ေျမ တြင္ စစ္ေကာင္စီတပ္မ်ားကို KNU ႏွင့္ ေဒသခံ PDF တို႔ ပူးေပါင္းက တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီဘက္က ေလးဦး က်ဆုံးၿပီး ထိခိုက္ဒဏ္ရာ ရရွိသူမ်ားလည္း ရွိသည္ဟု ႐ြာသားမ်ားက ေျပာသည္။

စက္တင္ဘာလ ၇ ရက္ေန႔၊ နံနက္ ၇ နာရီ အခ်ိန္ခန႔္တြင္ စစ္ေကာင္စီတပ္ အင္အား ၁၅၀ ခန႔္သည္ ပိႏၷဲေတာင္ ေက်း႐ြာႏွင့္ ဒူရင္းပင္ေရွာင္ေက်း႐ြာတို႔ဘက္မွ စစ္ေၾကာင္း ႏွစ္ေၾကာင္းခြဲကာ KNU ထိန္းခ်ဳပ္နယ္ေျမအတြင္းကို အေၾကာင္းၾကားမႈ မရွိဘဲ ဝင္ေရာက္ခဲ့ရာမွ တိုက္ပြဲ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ပစ္ခတ္မႈျဖစ္ပြားသည့္ ေနရာမွာ ပုေလာၿမိဳ႕မွ အေရွ႕ဘက္ ေျခာက္မိုင္ခန႔္အကြာ ဆားခဲေက်း႐ြာႏွင့္ ပိႏၷဲေတာင္ ေက်း႐ြာ အစပ္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

“ႏွစ္ဖက္ ပစ္ခတ္မႈေတြ ျဖစ္တယ္။ စစ္တပ္ဘက္က ဗုံးသီး၊ ေလာင္ခ်ာေတြသုံးတယ္။ စက္ေသနတ္သုံးၿပီး ပစ္ တယ္။ ႐ြာသားေတြလည္း ေၾကာက္လန႔္ၿပီး ေဘးလြတ္မယ္ထင္တဲ့ ေနရာေတြမွာ ပုန္းေနၾကရတယ္” ဟု ျဖစ္ စဥ္အနီးေရာက္ရွိေနသည့္ အဆိုပါ မ်က္ျမင္ေဒသခံက ေျပာသည္။

တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က ဗိုလ္အဆင့္ အရာရွိ ႏွစ္ဦး အပါအဝင္ ၄ ဦး က်ဆုံးၿပီး၊ အေယာက္ ၃၀ ခန႔္ ျပင္းထန္ဒဏ္ရာမ်ား ရရွိခဲ့ကာ အေရးေပၚလူနာတင္ယာဥ္မ်ားျဖင့္ သယ္ေဆာင္သြားေၾကာင္း ကိုယ္တိုင္ ျမင္ေတြ႕ လိုက္သူ တစ္ဦးက ေျပာသည္။

KNU တပ္မဟာ ၄ ႏွင့္ PRDF အဖြဲ႕တို႔ဘက္ က အထိအခိုက္ အက်အဆုံးမရွိဘဲ PDF အဖြဲ႕ဝင္ တစ္ဦးသာ နား႐ြက္ က်ည္ ပြတ္ထိ (မစိုးရိမ္ရ) ခဲ့ေၾကာင္း ၎ က ေျပာသည္။

ဗိုလ္ႀကီးေဇာ္ထြန္း ဦးေဆာင္သည့္ KNUတပ္မဟာ ၄၊ တပ္ရင္း ၇၊ တပ္ခြဲ ၂ တို႔အျပင္ PDFအဖြဲ႕၊ ပုေလာေဒသခံ မဟာမိတ္အဖြဲ႕မ်ား ပါဝင္သည့္ PRDF(Palaw Regional Defence Forces)တို႔ႏွင့္ စစ္ေကာင္စီတပ္မ်ား ယေန႔ နံနက္ ၈နာရီ ၅ မိနစ္ခန႔္က စတင္ကာထိေတြ႕မႈေပါင္း ၄ ႀကိမ္ ျဖစ္ပြားခဲ့သည္ဟု ေဒသခံ႐ြာသားမ်ား က ေျပာ သည္။

ပိႏၷဲေတာင္ႏွင့္ ဒူးရင္းပင္ေရွာင္ေက်း႐ြာ အနီးတဝိုက္သည္ KNU တပ္မဟာ ၄ တပ္ရင္း ၇ တပ္ခြဲ ၂ ၏ အေျခစိုက္ ရာ ေနရာေဒသျဖစ္ၿပီး စစ္ေကာင္စီတပ္မ်ားက အေၾကာင္းမၾကားဘဲ ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း KNU တပ္ခြဲမႉး ဗိုလ္ႀကီးေဇာ္ထြန္း က ေျပာသည္။

“ငါတို႔ကေလးေတြကို ငါတို႔ေသၿပီးမွ ထိလို႔ရမယ္၊ ငါကိုယ္တိုင္ ဦးစီးၿပီး တိုက္ေနတယ္၊ လြယ္လြယ္ရလိမ့္မယ္ မထင္နဲ႔” ဟု KNU တပ္ခြဲမႉး ဗိုလ္ႀကီးေဇာ္ထြန္း က ေျပာသည္။

စက္တင္ဘာလ ၇ ရက္ေန႔ (ယေန႔) နံနက္ ၈နာရီခြဲ အခ်ိန္တြင္ စစ္ေကာင္စီတပ္မ်ားသည္ ဒူးရင္းပင္ေရွာင္ေက်း႐ြာ အထိ ျပန္ဆုတ္သြားခဲ့ၿပီး ၿမိတ္မွ အင္အားအျပည့္ စစ္ကူကား ၂၀ စီးခန႔္ျဖင့္ အဆိုပါ ႐ြာ၌ ယာယီတပ္စြဲထား ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

လက္နက္ႀကီး ပစ္ခတ္သံမ်ားကို ပုေလာၿမိဳ႕ေပၚကပင္ ၾကားေနရေၾကာင္း ပုေလာၿမိဳ႕ခံတစ္ဦးက ဆိုသည္။ ေက်ာက္နိမ့္၊ နန္းေတာင္ေက်း႐ြာမ်ားဘက္က ေဒသခံအခ်ိဳ႕လည္း ယခုခါ ပုေလာၿမိဳ႕ေပၚသို႔ ထြက္ေျပးလာေန သည္ဟု ၿမိဳ႕ခံအခ်ိဳ႕က ေျပာသည္။

ဓါတ္ပုံ – We Are Everything