မအူပင်တွင် ဒလန်ဆိုသူ တစ်ဦး သေနတ်ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ဧရာတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် စစ်ကောင်စီသတင်းပေး (ဒလန်) ဟု နာမည်ကြီးနေသည့် အမျိုးသား တစ်ဦးကို ၎င်းနေအိမ်ရှေ့မှာပင် အမည်မသိသူတစ်ဦး က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မအူပင်မြို့ အမှတ် ၉ ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ်ဝန်း ကျင်ရှိ ဦးရာချစ်ဆိုသူကို သူ၏ နေအိမ်ရှေ့တွင်ပင် အမည်မသိ သေနတ်သမားတစ်ဦးက သေနတ်ဖြင့်လာ ပစ်ခတ်ခြင်း ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။

“နှစ်ချက်ပစ်တယ်။ ရာချစ်ကို မထိလိုက်ဘူး။ သူက ဒလန် ဟုတ်မဟုတ် မသိပါဘူး။ သူတို့မိသားစုကတော့ စစ်ကောင်စီသတင်းပေး ဒလန်လို့ မြို့မှာ နာမည်ကြီးနေတာ” ဟု မအူပင်မြို့ခံ ဒေါ်လှဝင်း က ပြောသည်။

မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုကထုတ်ပြန်သည့် ဒလန်စာရင်းတွင် ဦးရာချစ် အမည်မပါသော်လည်း ၎င်း၏ ယောက်ဖ တော်စပ်သူ ဦးမောင်မြင့် မှာ ဒလန် တစ်ဦးဖြစ်ကြောင်း ကြေညာခံထားရသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီသတင်းပေး (ဒလန်) ဟု နာမည်ကြီးသူများကို သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း၊ ခြိမ်း ခြောက်ခံခြင်းများ ရှိနေပြီး ပစ်ခတ်ခံရ၍ သေဆုံးသူ ၂ ဦး ဒဏ်ရာသူ ၁ ဦး နှင့် စာဖြင့် ခြိမ်းခြောက်ခံရသူ ၉ ဦး ထက် မနည်းရှိကြောင်း သိရသည်။

*** ZAWGYI ***
မအူပင္တြင္ ဒလန္ဆိုသူ တစ္ဦး ေသနတ္ပစ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။

ဧရာတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕တြင္ စစ္ေကာင္စီသတင္းေပး (ဒလန္) ဟု နာမည္ႀကီးေနသည့္ အမ်ိဳးသား တစ္ဦးကို ၎ေနအိမ္ေရွ႕မွာပင္ အမည္မသိသူတစ္ဦး က ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ ေၾကာင္းသိရသည္။

စက္တင္ဘာလ ၈ ရက္ေန႔ နံနက္ပိုင္းက မအူပင္ၿမိဳ႕ အမွတ္ ၉ ရပ္ကြက္တြင္ ေနထိုင္သူ အသက္ ၄၅ ႏွစ္ဝန္း က်င္ရွိ ဦးရာခ်စ္ဆိုသူကို သူ၏ ေနအိမ္ေရွ႕တြင္ပင္ အမည္မသိ ေသနတ္သမားတစ္ဦးက ေသနတ္ျဖင့္လာ ပစ္ခတ္ျခင္း ျဖစ္ေၾကာင္း ေဒသခံမ်ား က ေျပာသည္။

“ႏွစ္ခ်က္ပစ္တယ္။ ရာခ်စ္ကို မထိလိုက္ဘူး။ သူက ဒလန္ ဟုတ္မဟုတ္ မသိပါဘူး။ သူတို႔မိသားစုကေတာ့ စစ္ေကာင္စီသတင္းေပး ဒလန္လို႔ ၿမိဳ႕မွာ နာမည္ႀကီးေနတာ” ဟု မအူပင္ၿမိဳ႕ခံ ေဒၚလွဝင္း က ေျပာသည္။

ျမစ္ဝကြၽန္းေပၚ ေျပာက္က်ားစစ္ဆင္ေရး တပ္ေပါင္းစုကထုတ္ျပန္သည့္ ဒလန္စာရင္းတြင္ ဦးရာခ်စ္ အမည္ မပါ ေသာ္လည္း ၎၏ ေယာက္ဖ ေတာ္စပ္သူ ဦးေမာင္ျမင့္ မွာ ဒလန္ တစ္ဦးျဖစ္ေၾကာင္း ေၾကညာခံထားရသည္။

ဧရာဝတီတိုင္းတြင္ စစ္ေကာင္စီသတင္းေပး (ဒလန္) ဟု နာမည္ႀကီးသူမ်ားကို ေသနတ္ျဖင့္ ပစ္ခတ္ခံရျခင္း၊ ၿခိမ္း ေျခာက္ခံျခင္းမ်ား ရွိေနၿပီး ပစ္ခတ္ခံရ၍ ေသဆုံးသူ ၂ ဦး ဒဏ္ရာသူ ၁ ဦး ႏွင့္ စာျဖင့္ ၿခိမ္းေျခာက္ခံရသူ ၉ ဦး ထက္ မနည္းရွိေၾကာင္း သိရသည္။