ဇရပ်လှ NLD အုပ်ချုပ်ရေးမှူးအိမ် ပါဆယ်ဗုံးပေါက်၊ မိသားစုဝင်များ ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ရေကြည်မြို့နယ် ဇရပ်လှ ကျေးရွာရှိ NLD ပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း၏ နေအိမ် တွင် ပါဆယ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မိသားစုဝင်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ပါဆယ်ထုပ်ကိုယူထားပြီး သိပ်မကြာခင်မှာပဲ ထပေါက်တာလို့ သိရတယ်။ အကိုမျိုးမင်းသိန်းရော မိသားစုတွေ ဒဏ်ရာရ ကြတယ်၊ ဒဏ်ရာပြင်းတယ်” ဟု မိသားစု နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း နှင့် NLD ပါတီဝင်ဟောင်းဖြစ်သူ ဦးမျိုးမင်းသိန်း ခေါ် ဦးကုလားကြီး၏ နေအိမ်သို့ အမည်မသိသူတစ်ဦးက လာရောက်ပို့ဆောင်သည့် ပါဆယ်ထုပ် အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

“သူ(ဦးမျိုးမင်းသိန်း)က NLD ပါတီဝင်ပါ။ စစ်တပ် အာဏာသိမ်းတော့ ရွာအုပ်ချုပ်ရေးမှူး တာဝန်က နုတ်ထွက် သွားသူပါ” ဟု ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်း အချိန်ကလည်း ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ပြန်ကြား ရေး နှင့် ပြည်သူ့ဆက် ဆံရေးရုံး ရှေ့တွင် ဗုံး နှစ်လုံး ၁၅ မိနစ်ခန့် ခြား၍ ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

*** ZAWGYI ***
ဇရပ္လွ NLD အုပ္ခ်ဳပ္ေရးမႉးအိမ္ ပါဆယ္ဗုံးေပါက္၊ မိသားစုဝင္မ်ား ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ေရၾကည္ၿမိဳ႕နယ္ ဇရပ္လွ ေက်း႐ြာရွိ NLD ပါတီဝင္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း၏ ေနအိမ္ တြင္ ပါဆယ္ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ရာ မိသားစုဝင္မ်ား ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

“ပါဆယ္ထုပ္ကိုယူထားၿပီး သိပ္မၾကာခင္မွာပဲ ထေပါက္တာလို႔ သိရတယ္။ အကိုမ်ိဳးမင္းသိန္းေရာ မိသားစုေတြ ဒဏ္ရာရ ၾကတယ္၊ ဒဏ္ရာျပင္းတယ္” ဟု မိသားစု ႏွင့္ နီးစပ္သူ တစ္ဦး က ေျပာသည္။

ဇရပ္လွေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ႏွင့္ NLD ပါတီဝင္ေဟာင္းျဖစ္သူ ဦးမ်ိဳးမင္းသိန္း ေခၚ ဦးကုလားႀကီး၏ ေနအိမ္သို႔ အမည္မသိသူတစ္ဦးက လာေရာက္ပို႔ေဆာင္သည့္ ပါဆယ္ထုပ္ အတြင္းမွ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။

“သူ(ဦးမ်ိဳးမင္းသိန္း)က NLD ပါတီဝင္ပါ။ စစ္တပ္ အာဏာသိမ္းေတာ့ ႐ြာအုပ္ခ်ဳပ္ေရးမႉး တာဝန္က ႏုတ္ထြက္ သြားသူပါ” ဟု ရပ္ေက်းအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၅ ရက္ေန႔ ညပိုင္း အခ်ိန္ကလည္း ေရၾကည္ၿမိဳ႕နယ္၊ ငါးသိုင္းေခ်ာင္းၿမိဳ႕ရွိ ျပန္ၾကား ေရး ႏွင့္ ျပည္သူ႔ဆက္ ဆံေရး႐ုံး ေရွ႕တြင္ ဗုံး ႏွစ္လုံး ၁၅ မိနစ္ခန႔္ ျခား၍ ေပါက္ကြဲခဲ့သည့္ ျဖစ္စဥ္လည္း ရွိခဲ့သည္။