ရန်ကုန် ဆန်ချော ဈေးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ရန်ကုန်တိုင်းဒေသကြီးအတွင် ဆန်ဝယ်အား ကောင်းလာသဖြင့် ဆန် ရောင်းအား ၂ ဆ မြင့်လာကြောင်း ဆန်ဆိုင်ပိုင်ရှင် များက ပြောသည်။

စက်တင်ဘာလ ၇ ရက်နေ့က NUG အစိုးရက ပြည်သူ့တော်လှန်ရေးကို စတင်ကြောင်း ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ဆန်ရောင်းအား ၂ မြင့်တက်သွားခြင်း ဖြစ်သည်ဟု တောင်ဒဂုံမြို့နယ်အတွင်းရှိ တစ်ဦး က ပြောသည်။

“ဒီနေ့ဆန်ဝယ်သူတော့များတယ်။ ဒါပေမယ့် ကိုဗစ်စဖြစ်တဲ့ အချိန်တုန်းကလို ဝရုန်းသုန်းကား ဝယ်ကြတဲ့ အ ထိတော့ မရောက်ဘူး။ ဘာလို့လဲဆိုတော့ တတ်နိုင်တဲ့သူက ဝယ်တယ် မတတ်နိုင်တဲ့ သူများသွားတာ” ဟု ၎င်းက ပြောသည်။

လက်ရှိဆန်ဈေးနှုန်းများက အချောတစ်အိတ်လျှင်ကျပ် ၂၀၀၀ ခန့်မြင့်တက်လာသော်လည်း ဆန်အကြမ်းများက ယခင်ဈေး အတိုင်းသာရှိနေကြောင်း အဆိုပါ တောင်ဒဂုံမြို့နယ်အတွင်းက ဆန်ဆိုင်ပိုင်ရှင်က ပြောသည်။

ထို့အပြင် ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာနှင့်ဆေးဆိုင်များတွင် ပုံမှန်ထက် ဝယ်ယူသူ များပြားနေသော်လည်း သိသိ သာသာ ဈေးထိုးတက်ခြင်းမျိုး မရှိသေးဘူးဟု ရန်ကုန်မြို့တွင်နေထိုင်သူများ က ပြောသည်။

“တခြားစားသောက်ကုန်တွေ အများစုကတော့ အရင်ဈေးအတိုင်းပဲ ရှိသေးတယ်။ ကြက်သွန်လဲအရင်ဈေးပဲ။ နောက်နေ့တော့ မပြောတတ်ဘူး” ဟု တောင်ဒဂုံမြို့နယ်အတွင်းနေထိုင်သည့် အသက် ၃၀ အရွယ် အိမ်ရှင်မ တစ် ဦးက ပြောသည်။

လူမှုကွန်ရက် မီဒီယာအချို့တွင် ရိက္ခာများ စုဆောင်းဝယ်ယူမှု မရှိသည့်အသွင် ဝါဒဖြန့်ရေးသားမှုများ ရှိနေသော် လည်း ယခင်ရက်များထက် ဈေးဝယ်သူ များပြားလျက်ရှိသည်ဟု ရန်ကုန်မြို့ခံများနှင့် စျေးသည်များက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့က လမ်းမများပေါ်တွင်လည်း လူသွားလူလာနည်းပါး လျက်ရှိသော်လည်း မော်တော်ကား အရေအတွက် ယခင်ပုံမှန်ထက် များပြားလျက်ရှိသည်ဟု ဆိုကြသည်။

*** ZAWGYI ***
ရန္ကုန္ ဆန္ေခ်ာ ေဈးတက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္ ဆန္ဝယ္အား ေကာင္းလာသျဖင့္ ဆန္ ေရာင္းအား ၂ ဆ ျမင့္လာေၾကာင္း ဆန္ဆိုင္ပိုင္ရွင္ မ်ားက ေျပာသည္။

စက္တင္ဘာလ ၇ ရက္ေန႔က NUG အစိုးရက ျပည္သူ႔ေတာ္လွန္ေရးကို စတင္ေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ဆန္ေရာင္းအား ၂ ျမင့္တက္သြားျခင္း ျဖစ္သည္ဟု ေတာင္ဒဂုံၿမိဳ႕နယ္အတြင္းရွိ တစ္ဦး က ေျပာသည္။

“ဒီေန႔ဆန္ဝယ္သူေတာ့မ်ားတယ္။ ဒါေပမယ့္ ကိုဗစ္စျဖစ္တဲ့ အခ်ိန္တုန္းကလို ဝ႐ုန္းသုန္းကား ဝယ္ၾကတဲ့ အ ထိေတာ့ မေရာက္ဘူး။ ဘာလို႔လဲဆိုေတာ့ တတ္ႏိုင္တဲ့သူက ဝယ္တယ္ မတတ္ႏိုင္တဲ့ သူမ်ားသြားတာ” ဟု ၎က ေျပာသည္။

လက္ရွိဆန္ေဈးႏႈန္းမ်ားက အေခ်ာတစ္အိတ္လွ်င္က်ပ္ ၂၀၀၀ ခန႔္ျမင့္တက္လာေသာ္လည္း ဆန္အၾကမ္းမ်ားက ယခင္ေဈး အတိုင္းသာရွိေနေၾကာင္း အဆိုပါ ေတာင္ဒဂုံၿမိဳ႕နယ္အတြင္းက ဆန္ဆိုင္ပိုင္ရွင္က ေျပာသည္။

ထို႔အျပင္ ရန္ကုန္ၿမိဳ႕ရွိ ေဈးဝယ္စင္တာႏွင့္ေဆးဆိုင္မ်ားတြင္ ပုံမွန္ထက္ ဝယ္ယူသူ မ်ားျပားေနေသာ္လည္း သိသိ သာသာ ေဈးထိုးတက္ျခင္းမ်ိဳး မရွိေသးဘူးဟု ရန္ကုန္ၿမိဳ႕တြင္ေနထိုင္သူမ်ား က ေျပာသည္။

“တျခားစားေသာက္ကုန္ေတြ အမ်ားစုကေတာ့ အရင္ေဈးအတိုင္းပဲ ရွိေသးတယ္။ ၾကက္သြန္လဲအရင္ေဈးပဲ။ ေနာက္ေန႔ေတာ့ မေျပာတတ္ဘူး” ဟု ေတာင္ဒဂုံၿမိဳ႕နယ္အတြင္းေနထိုင္သည့္ အသက္ ၃၀ အ႐ြယ္ အိမ္ရွင္မ တစ္ ဦးက ေျပာသည္။

လူမႈကြန္ရက္ မီဒီယာအခ်ိဳ႕တြင္ ရိကၡာမ်ား စုေဆာင္းဝယ္ယူမႈ မရွိသည့္အသြင္ ဝါဒျဖန႔္ေရးသားမႈမ်ား ရွိေနေသာ္ လည္း ယခင္ရက္မ်ားထက္ ေဈးဝယ္သူ မ်ားျပားလ်က္ရွိသည္ဟု ရန္ကုန္ၿမိဳ႕ခံမ်ားႏွင့္ ေစ်းသည္မ်ားက ေျပာသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕က လမ္းမမ်ားေပၚတြင္လည္း လူသြားလူလာနည္းပါး လ်က္ရွိေသာ္လည္း ေမာ္ေတာ္ကား အေရအတြက္ ယခင္ပုံမွန္ထက္ မ်ားျပားလ်က္ရွိသည္ဟု ဆိုၾကသည္။