ကသာတွင် သားမတွေ့ ၍ အဖေဖမ်း။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် လာရောက်ဖမ်းဆီးသူအား မတွေ့သဖြင့် အသက် ၆၀ အရွယ် ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

PDF ဟု စွပ်စွဲခံထားရသော သားဖြစ်သူအား မတွေ့ရှိသဖြင့် ကသာမြို့၊ အမှတ် ၉ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၀ အရွယ် ဖခင်ဖြစ်သူကို စက်တင်ဘာလ ၉ ရက် (ယနေ့) နံနက် ၅ နာရီ အချိန်ခန့် က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ပြောသည်။

PDF အဖြစ်စွပ်စွဲခံရသော သားဖြစ်သူမှာ အိမ်ထောင်ခွဲနေထိုင်သူဖြစ်ပြီး ၎င်းဖခင်အိမ်သို့ ဝင်ရောက်ရှာဖွေစဉ် ဖခင် ဖြစ်သူ အသက် ၆၀ ရှိ အမျိုးသားနှင့်အတူ အဆိုပါအိမ်တွင် ဆေးကုရန် လာရောက် တည်းခိုနေသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အသက် ၃၀ အရွယ် အဆိုပါ အမျိုးသားမှာ ယခုရက်ပိုင်းအတွင်း နေမကောင်း၍ ဆေးကုသရန်အတွက် ထိုအိမ် သို့လာရောက် တည်းခိုနေသူဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့ကလည်း ကသာမြို့နယ် မိုးတားနှင့် ၇ မိုင်အကွာရှိ ဖိုးတုတ်ကုန်းရွာက ဖခင် PDF ကို မတွေ့သဖြင့် သမီးနှင့် သမက်ကို ဖမ်းဆီးပြီး ကသာထောင်သို့ပို့လိုက်သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။

*** ZAWGYI ***
ကသာတြင္ သားမေတြ႕ ၍ အေဖဖမ္း။

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕တြင္ လာေရာက္ဖမ္းဆီးသူအား မေတြ႕သျဖင့္ အသက္ ၆၀ အ႐ြယ္ ဖခင္ျဖစ္သူကို စစ္ေကာင္စီတပ္က ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

PDF ဟု စြပ္စြဲခံထားရေသာ သားျဖစ္သူအား မေတြ႕ရွိသျဖင့္ ကသာၿမိဳ႕၊ အမွတ္ ၉ ရပ္ကြက္တြင္ ေနထိုင္သည့္ အသက္ ၆၀ အ႐ြယ္ ဖခင္ျဖစ္သူကို စက္တင္ဘာလ ၉ ရက္ (ယေန႔) နံနက္ ၅ နာရီ အခ်ိန္ခန႔္ က စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားျခင္း ျဖစ္သည္ဟု ေျပာသည္။

PDF အျဖစ္စြပ္စြဲခံရေသာ သားျဖစ္သူမွာ အိမ္ေထာင္ခြဲေနထိုင္သူျဖစ္ၿပီး ၎ဖခင္အိမ္သို႔ ဝင္ေရာက္ရွာေဖြစဥ္ ဖခင္ ျဖစ္သူ အသက္ ၆၀ ရွိ အမ်ိဳးသားႏွင့္အတူ အဆိုပါအိမ္တြင္ ေဆးကုရန္ လာေရာက္ တည္းခိုေနသည့္ အသက္ ၃၀ အ႐ြယ္ အမ်ိဳးသားတစ္ဦး ကို ဖမ္းဆီးေခၚေဆာင္သြားသည္ဟု ေဒသခံတစ္ဦးက ေျပာသည္။

အသက္ ၃၀ အ႐ြယ္ အဆိုပါ အမ်ိဳးသားမွာ ယခုရက္ပိုင္းအတြင္း ေနမေကာင္း၍ ေဆးကုသရန္အတြက္ ထိုအိမ္ သို႔လာေရာက္ တည္းခိုေနသူျဖစ္သည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၁ ရက္ေန႔ကလည္း ကသာၿမိဳ႕နယ္ မိုးတားႏွင့္ ၇ မိုင္အကြာရွိ ဖိုးတုတ္ကုန္း႐ြာက ဖခင္ PDF ကို မေတြ႕သျဖင့္ သမီးႏွင့္ သမက္ကို ဖမ္းဆီးၿပီး ကသာေထာင္သို႔ပို႔လိုက္သည့္ ျဖစ္စဥ္လည္းရွိခဲ့သည္။