မကွေး စစ်ကောင်စီ တပ်စခန်းချရာတွင် ဗုံးကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

မကွေးမြို့၊ မြသလွန်ဘုရားအနီးရှိ ပန်းရစ်တောင်ခြေတွင် စစ်ကောင်စီတပ်များ စခန်းချထားသည့် နေရာ၌ စက် တင်ဘာလ ၁၀ ရက်နေ့ ညနေက ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဘယ်လောက် သေလဲတော့ မသိဘူး။ အခုတော့ ရဲတွေရော စစ်သားတွေရော အများကြီးဘဲ။ လူသွား လူလာ တွေလည်း စစ်ဆေးနေတယ်။ အဲဒါဆို အထိနာလို့ဖြစ်မယ်” ဟု မကွေးမြို့ခံ တစ်ဦး က ပြောသည်။

မကွေးမြို့ပေါ်တွင် နေအိမ်ပြင်ပသွားလာခွင့် အချိန်ကို နံနက် ၄ နာရီမှ နံနက် ၁၁ နာရီအချိန် အတွင်း သွားလာရန်၊ နံနက် ၁၁ နာရီနောက်ပိုင်းတွင် နေအိမ်ပြင်ပသို့ သွားလာခြင်းမပြုရန်နှင့် အခြေခံကျဘန်း လခစားများသည် ညနေ ၃ နာရီမှ ၆ နာရီအတွင်းသာ သွားလာရန် စက်တင်ဘာ ၁၀ ရက်နေ့ ကစပြီး ပြောင်းလဲ သတ်မှတ်ခဲ့ ကြောင်း သိရ သည်။

အိမ်တွင်သာနေရန် (Stay at Home) သတ်မှတ်ထားသဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသွားလာခြင်းမရှိစေရေး စနစ်တကျစီမံဆောင်ရွက်နေကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရပ်ကွက်များ အတွင်း လှည့်လည်ကြေငြာနေသည်ဟု ဒေသခံများက ပြောသည်။

“ငဗစ်ကို အကြောင်းပြပြီး ငစစ်က လုပ်ချင်တိုင်းကို လုပ်နေတာ။ ညနေ ၅ နာရီတောင် မထိုးသေးဘူး။ မကွေး က လူတွေ အပြင်ထွက် မရသလို မြို့ပြင်က သူတွေလည်း မြို့ထဲဝင်မရဘူး။ ဖုန်းတွေစစ် ဆိုင်ကယ်တွေစစ် ကားတွေစစ်တာတွေ လုပ်နေတယ်” မကွေးမြို့၊ နတ်မောက်လမ်းမှ အသက် ၄၀ ခန့် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

မကွေး နတ်မောက်လမ်းမ Denko ဆီဆိုင်အနီးရှိ နတ်မောက်လမ်းဆုံတွင် ဖုန်းများ၊ ကားများ၊ ဆိုင်ကယ်များကို လက်နက်ကိုင် ရဲတပ်ဖွဲ့နှင့် စစ်သားများ စစ်ဆေးမှုများ တင်းကြပ်နေပြီး Facebook လူမှုကွန်ရက်စာမျက်နှာ Account နှင့် ဖုန်းနံပါတ်များကို တောင်းယူနေသည်ဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။

ထိုသို့ လုံခြုံရေး တင်းကြပ်နေသည့် ကြားမှပင် မကွေးမြို့ပေါ်တွင် ညနေ ၄ နာရီခွဲအချိန်တွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၇ ရက်နေ့က နိုင်ငံတဝှမ်း ပြည်သူတော်လှန်ရေး ဆင်နွဲရန် ယာယီသမ္မတ ဒူဝါလရှီးလ ၏ မိန့်ခွန်း ပြောဆိုမှု အပြီး နံနက်ပိုင်းမှာပင် မကွေးတိုင်း အတွင်းရှိ မြို့နယ် ၄ မြို့နယ်က နေရာ ၅ ခု တွင် ဗုံးခွဲတိုက်ခိုက်မှု များ ဖြစ်ပွားခဲ့ပြီးနောက် ယခုမကွေးမြို့ပေါ်တွင်ပါ ဗုံးကွဲတိုက်ခိုက်မှုများ ဖြစ်လာခြင်း ဖြစ်သည်။

*** ZAWGYI ***
မေကြး စစ္ေကာင္စီ တပ္စခန္းခ်ရာတြင္ ဗုံးကြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၀ ရက္။

မေကြးၿမိဳ႕၊ ျမသလြန္ဘုရားအနီးရွိ ပန္းရစ္ေတာင္ေျခတြင္ စစ္ေကာင္စီတပ္မ်ား စခန္းခ်ထားသည့္ ေနရာ၌ စက္ တင္ဘာလ ၁၀ ရက္ေန႔ ညေနက ဗုံးေပါက္ကြဲခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

“ဘယ္ေလာက္ ေသလဲေတာ့ မသိဘူး။ အခုေတာ့ ရဲေတြေရာ စစ္သားေတြေရာ အမ်ားႀကီးဘဲ။ လူသြား လူလာ ေတြလည္း စစ္ေဆးေနတယ္။ အဲဒါဆို အထိနာလို႔ျဖစ္မယ္” ဟု မေကြးၿမိဳ႕ခံ တစ္ဦး က ေျပာသည္။

မေကြးၿမိဳ႕ေပၚတြင္ ေနအိမ္ျပင္ပသြားလာခြင့္ အခ်ိန္ကို နံနက္ ၄ နာရီမွ နံနက္ ၁၁ နာရီအခ်ိန္ အတြင္း သြားလာရန္၊ နံနက္ ၁၁ နာရီေနာက္ပိုင္းတြင္ ေနအိမ္ျပင္ပသို႔ သြားလာျခင္းမျပဳရန္ႏွင့္ အေျခခံက်ဘန္း လခစားမ်ားသည္ ညေန ၃ နာရီမွ ၆ နာရီအတြင္းသာ သြားလာရန္ စက္တင္ဘာ ၁၀ ရက္ေန႔ ကစၿပီး ေျပာင္းလဲ သတ္မွတ္ခဲ့ ေၾကာင္း သိရ သည္။

အိမ္တြင္သာေနရန္ (Stay at Home) သတ္မွတ္ထားသျဖင့္ ျပည္သူမ်ားအေနျဖင့္ မလိုအပ္ဘဲ ေနအိမ္ျပင္ပသြားလာျခင္းမရွိေစေရး စနစ္တက်စီမံေဆာင္႐ြက္ေနေၾကာင္း ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုံ႔ျပန္ေရးေကာ္မတီမွ ရပ္ကြက္မ်ား အတြင္း လွည့္လည္ေၾကျငာေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

“ငဗစ္ကို အေၾကာင္းျပၿပီး ငစစ္က လုပ္ခ်င္တိုင္းကို လုပ္ေနတာ။ ညေန ၅ နာရီေတာင္ မထိုးေသးဘူး။ မေကြး က လူေတြ အျပင္ထြက္ မရသလို ၿမိဳ႕ျပင္က သူေတြလည္း ၿမိဳ႕ထဲဝင္မရဘူး။ ဖုန္းေတြစစ္ ဆိုင္ကယ္ေတြစစ္ ကားေတြစစ္တာေတြ လုပ္ေနတယ္” မေကြးၿမိဳ႕၊ နတ္ေမာက္လမ္းမွ အသက္ ၄၀ ခန႔္ အ႐ြယ္ အမ်ိဳးသားတစ္ဦးက ေျပာသည္။

မေကြး နတ္ေမာက္လမ္းမ Denko ဆီဆိုင္အနီးရွိ နတ္ေမာက္လမ္းဆုံတြင္ ဖုန္းမ်ား၊ ကားမ်ား၊ ဆိုင္ကယ္မ်ားကို လက္နက္ကိုင္ ရဲတပ္ဖြဲ႕ႏွင့္ စစ္သားမ်ား စစ္ေဆးမႈမ်ား တင္းၾကပ္ေနၿပီး Facebook လူမႈကြန္ရက္စာမ်က္ႏွာ Account ႏွင့္ ဖုန္းနံပါတ္မ်ားကို ေတာင္းယူေနသည္ဟု အဆိုပါ အမ်ိဳးသားက ဆက္ေျပာသည္။

ထိုသို႔ လုံၿခဳံေရး တင္းၾကပ္ေနသည့္ ၾကားမွပင္ မေကြးၿမိဳ႕ေပၚတြင္ ညေန ၄ နာရီခြဲအခ်ိန္တြင္ ဗုံးေပါက္ကြဲခဲ့ျခင္း ျဖစ္သည္။

စက္တင္ဘာလ ၇ ရက္ေန႔က ႏိုင္ငံတဝွမ္း ျပည္သူေတာ္လွန္ေရး ဆင္ႏြဲရန္ ယာယီသမၼတ ဒူဝါလရွီးလ ၏ မိန႔္ခြန္း ေျပာဆိုမႈ အၿပီး နံနက္ပိုင္းမွာပင္ မေကြးတိုင္း အတြင္းရွိ ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္က ေနရာ ၅ ခု တြင္ ဗုံးခြဲတိုက္ခိုက္မႈ မ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ ယခုမေကြးၿမိဳ႕ေပၚတြင္ပါ ဗုံးကြဲတိုက္ခိုက္မႈမ်ား ျဖစ္လာျခင္း ျဖစ္သည္။