ဂန့်ဂေါမြို့နယ်တွင် အရပ်သား နေအိမ်များအား စစ်ကောင်စီ တပ်မီးရှို့ဖျက်ဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာက စစ်ကောင်စီတပ်များက (စက်တင်ဘာလ ၉ ရက်နေ့) တွင် ၆ ကြိမ်မြောက် ရွာအတွင်း ဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၄၀ ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြော သည်။

နှမ်းခါးကျေးရွာ အပါအဝင် အနီးနားဝန်းကျင်ရှိ ကျေးရွာများက ပြည်သူများသည် အကြမ်းဖက် စစ်ကောင်စီ၏ ပစ်ခတ်ဖမ်းဆီးမှုများက ကင်းသည့် ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်နေကြပြီး ယခုအကြိမ်နှင့် ဆိုပါက နှမ်းခါးကျေးရွာအား ဝင်ရောက်ဖျက်ဆီးမှု ၆ ကြိမ်ရှိပြီးဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

“တနေ့လုံးတိုက်ကြတာ အခုလေးတင်နားသွားကြတယ်။ ကျမတို့ ရွာတွေမှာ လူတွေ ရွာထဲသိပ်မရှိကြတော့ဘူး။ တောတွေမှာဘဲ ပုန်းနေကုန်ကြရပြီ။ စစ်ကောင်စီတပ်တွေက ဆဲဆို ကြိမ်းမောင်းပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး သတ်ဖြတ်တဲ့ အလုပ်လုပ်နေကြတာပါ။ အိမ်တွေကို မီးရှို့ကြတာက ဆိုးတယ်” ဟု အသက် ၃၀ ခန့်ရှိ ဒေသခံ အမျိုး သမီးတစ်ဦး က ပြောသည်။

နှမ်းခါးကျေးရွာတွင် အိမ်ခြေ ၁၀၀၀ ကျော် လူဦးရေ ၄၃၀၀ ကျော်ခန့်ရှိပြီး မကွေးတိုင်း၊ ဂန့်ဂေါ-ကလေး သွား လမ်းမကြီးဘေးတွင် ရှိသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။

မတ်လ ၃၀ ရက်နေ့ တွင် တစ်ကြိမ်၊ ဧပြီလ ၂ ရက်နေ့တွင် တစ်ကြိမ်၊ ဇွန်လ ၃ ရက်နေ့တွင် တစ်ကြိမ်၊ သြဂုတ်လ ၁၈ ရက်တွင် တစ်ကြိမ်၊ သြဂုတ်လ ၃၀ ရက်တွင် တစ်ကြိမ် စစ်ကောင်စီတပ်များ ရွာအတွင်း ဝင်ရောက်ခဲ့သည်ဟု ဒေသခံ များ၏ ပြောပြချက်အရ သိရသည်။

နှမ်းခါးရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်သည့် အကြိမ်တိုင်းတွင် ဘီယာ အပါအဝင် စားသောက်စရာများ၊ ကြက်ဝက်ကဲ့သို့သော အိမ်တိရိစ္ဆာန်များ၊ ဆိုင်ကယ်အပါအဝင် တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားလေ့ရှိပြီး မယူနိုင်သည့် ပစ္စည်းများကိုလည်း ရိုက်ချိုး ဖျက်ဆီးထားခဲ့သည်ဟု ဆိုသည်။

သြဂုတ် ၁၈ ရက်နေ့က စစ်ကောင်စီတပ်များ ဝင်ရောက်လာစဉ် ကျေးရွာအတွင်း ထွက်မပြေးနိုင်ဘဲကျန်ခဲ့သည့် အသက် ၇၂ နှစ်ခန့်ရှိ ဦးကံထောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခဲ့သည့် ဒဏ်ရာများကြောင့် သြဂုတ် ၂၁ ရက်နေ့တွင် သေဆုံးသွား ခဲ့သည်။

*** ZAWGYI ***
ဂန႔္ေဂါၿမိဳ႕နယ္တြင္ အရပ္သား ေနအိမ္မ်ားအား စစ္ေကာင္စီ တပ္မီးရႈိ႕ဖ်က္ဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၀ ရက္။

မေကြးတိုင္းေဒသႀကီး ဂန႔္ေဂါၿမိဳ႕နယ္ ႏွမ္းခါးေက်း႐ြာက စစ္ေကာင္စီတပ္မ်ားက (စက္တင္ဘာလ ၉ ရက္ေန႔) တြင္ ၆ ႀကိမ္ေျမာက္ ႐ြာအတြင္း ဝင္ေရာက္ခဲ့ၿပီး အိမ္ေျခ ၄၀ ခန႔္ကို မီးရႈိ႕ ဖ်က္ဆီးခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာ သည္။

ႏွမ္းခါးေက်း႐ြာ အပါအဝင္ အနီးနားဝန္းက်င္ရွိ ေက်း႐ြာမ်ားက ျပည္သူမ်ားသည္ အၾကမ္းဖက္ စစ္ေကာင္စီ၏ ပစ္ခတ္ဖမ္းဆီးမႈမ်ားက ကင္းသည့္ ေဘးလြတ္ရာေနရာမ်ားကို ထြက္ေျပးတိမ္းေရွာင္ေနၾကၿပီး ယခုအႀကိမ္ႏွင့္ ဆိုပါက ႏွမ္းခါးေက်း႐ြာအား ဝင္ေရာက္ဖ်က္ဆီးမႈ ၆ ႀကိမ္ရွိၿပီးျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။

“တေန႔လုံးတိုက္ၾကတာ အခုေလးတင္နားသြားၾကတယ္။ က်မတို႔ ႐ြာေတြမွာ လူေတြ ႐ြာထဲသိပ္မရွိၾကေတာ့ဘူး။ ေတာေတြမွာဘဲ ပုန္းေနကုန္ၾကရၿပီ။ စစ္ေကာင္စီတပ္ေတြက ဆဲဆို ႀကိမ္းေမာင္းၿပီး အျပစ္မဲ့ျပည္သူေတြကို ဖမ္းဆီးၿပီး သတ္ျဖတ္တဲ့ အလုပ္လုပ္ေနၾကတာပါ။ အိမ္ေတြကို မီးရႈိ႕ၾကတာက ဆိုးတယ္” ဟု အသက္ ၃၀ ခန႔္ရွိ ေဒသခံ အမ်ိဳး သမီးတစ္ဦး က ေျပာသည္။

ႏွမ္းခါးေက်း႐ြာတြင္ အိမ္ေျခ ၁၀၀၀ ေက်ာ္ လူဦးေရ ၄၃၀၀ ေက်ာ္ခန႔္ရွိၿပီး မေကြးတိုင္း၊ ဂန႔္ေဂါ-ကေလး သြား လမ္းမႀကီးေဘးတြင္ ရွိသည့္ ေက်း႐ြာတစ္႐ြာ ျဖစ္သည္။

မတ္လ ၃၀ ရက္ေန႔ တြင္ တစ္ႀကိမ္၊ ဧၿပီလ ၂ ရက္ေန႔တြင္ တစ္ႀကိမ္၊ ဇြန္လ ၃ ရက္ေန႔တြင္ တစ္ႀကိမ္၊ ၾသဂုတ္လ ၁၈ ရက္တြင္ တစ္ႀကိမ္၊ ၾသဂုတ္လ ၃၀ ရက္တြင္ တစ္ႀကိမ္ စစ္ေကာင္စီတပ္မ်ား ႐ြာအတြင္း ဝင္ေရာက္ခဲ့သည္ဟု ေဒသခံ မ်ား၏ ေျပာျပခ်က္အရ သိရသည္။

ႏွမ္းခါး႐ြာကို စစ္ေကာင္စီတပ္မ်ား ဝင္ေရာက္သည့္ အႀကိမ္တိုင္းတြင္ ဘီယာ အပါအဝင္ စားေသာက္စရာမ်ား၊ ၾကက္ဝက္ကဲ့သို႔ေသာ အိမ္တိရိစာၦန္မ်ား၊ ဆိုင္ကယ္အပါအဝင္ တန္ဖိုးရွိပစၥည္းမ်ား ယူေဆာင္သြားေလ့ရွိၿပီး မယူႏိုင္သည့္ ပစၥည္းမ်ားကိုလည္း ႐ိုက္ခ်ိဳး ဖ်က္ဆီးထားခဲ့သည္ဟု ဆိုသည္။

ၾသဂုတ္ ၁၈ ရက္ေန႔က စစ္ေကာင္စီတပ္မ်ား ဝင္ေရာက္လာစဥ္ ေက်း႐ြာအတြင္း ထြက္မေျပးႏိုင္ဘဲက်န္ခဲ့သည့္ အသက္ ၇၂ ႏွစ္ခန႔္ရွိ ဦးကံေထာက္သည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ႐ိုက္ႏွက္ခဲ့သည့္ ဒဏ္ရာမ်ားေၾကာင့္ ၾသဂုတ္ ၂၁ ရက္ေန႔တြင္ ေသဆုံးသြား ခဲ့သည္။