လှိုင်သာယာ အဝေးထိန်း ဗုံးပေါက်ကွဲမှု ရဲ ၆ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ရန်ကုန်လှိုင်သာယာရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံကို စက်တင်ဘာ ၁၁ ရက်နေ့က အဝေးထိန်း ဗုံးသုံးလုံးဖြင့် ဆယ်မိနစ်ခြားတစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် များ သေဆုံးဒဏ်ရာရရှိကြောင်း လှိုင်သာယာ မြို့ပြ ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လှိုင်သာယာမြို့ပြ ပြောက်ကျားတပ်ဖွဲ့သည် သောင်ကြီးရဲစခန်း အနီးရှိ တရုတ်နိုင်ငံသားပိုင် ရိုရှီဖိနပ်စက်ရုံကို အဝေးထိန်းဗုံးသုံးလုံး ဖြင့် ၁၀ မိနစ်ခြား တစ်ခါဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

ထိုပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးနိုင်ပြီး ၆ ဦး ထက်မနည်း အပြင်းအထန် ထိခိုက်ခဲ့သည်ဟု လှိုင်သာယာမြို့ပြ ပြောက်ကျားတပ်ဖွဲ့ က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့ကလည်း လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် ၉ ရပ်ကွက်ရှိ စစ် ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် အထည်ချုပ်စက်ရုံကို လှိုင်သာယာမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (Civil Guerrilla Force – HTY) အဖွဲ့က တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံးရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားရောက် ရှိနေကြောင်း လှိုင်မြို့နယ်၊ ဘူတာရုံလမ်းအတွင်း နေထိုင်သူတစ်ဦး က ပြောသည်။

ဘူတာရုံလမ်းအတွင်း နေထိုင်သူတစ်ဦး က “သူတို့လူဝင်ဖမ်းတဲ့ အချိန်ပေါက်တာ။ လူထိခိုက်တာတော့ မရှိဘူး။ လူငယ် ၄ ယောက်တော့အဖမ်းခံရတယ် ကြားတယ်” ဟု ပြောသည်။

ထိုသို့ပေါက်ကွဲမှု မဖြစ်ပွားမီ ရန်ကုန်-အင်းစိန်လမ်းမကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်လိုက်ရာ ထိုသို့ လမ်း ပိတ်ထားသည့်အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု လှိုင်မြို့နယ်၊ ဘူတာရုံလမ်းအတွင်း နေထိုင်သူ များ က ပြောသည်။

*** ZAWGYI ***
လႈိင္သာယာ အေဝးထိန္း ဗုံးေပါက္ကြဲမႈ ရဲ ၆ ဦးထက္မနည္း ထိခိုက္ ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၁ ရက္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား တပ္စြဲထားသည့္ ရန္ကုန္လႈိင္သာယာရွိ တ႐ုတ္ႏိုင္ငံသားပိုင္ စက္႐ုံကို စက္တင္ဘာ ၁၁ ရက္ေန႔က အေဝးထိန္း ဗုံးသုံးလုံးျဖင့္ ဆယ္မိနစ္ျခားတစ္ႀကိမ္ တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ မ်ား ေသဆုံးဒဏ္ရာရရွိေၾကာင္း လႈိင္သာယာ ၿမိဳ႕ျပ ေျပာက္က်ားတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

လႈိင္သာယာၿမိဳ႕ျပ ေျပာက္က်ားတပ္ဖြဲ႕သည္ ေသာင္ႀကီးရဲစခန္း အနီးရွိ တ႐ုတ္ႏိုင္ငံသားပိုင္ ႐ိုရွီဖိနပ္စက္႐ုံကို အေဝးထိန္းဗုံးသုံးလုံး ျဖင့္ ၁၀ မိနစ္ျခား တစ္ခါေဖာက္ခြဲခဲ့ျခင္း ျဖစ္သည္။

ထိုေပါက္ကြဲမႈတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂ ဦးေသဆုံးႏိုင္ၿပီး ၆ ဦး ထက္မနည္း အျပင္းအထန္ ထိခိုက္ခဲ့သည္ဟု လႈိင္သာယာၿမိဳ႕ျပ ေျပာက္က်ားတပ္ဖြဲ႕ က ေျပာသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၂၃ ရက္ေန႔ကလည္း လႈိင္သာယာ (အေနာက္ပိုင္း) ၿမိဳ႕နယ္၊ အမွတ္ ၉ ရပ္ကြက္ရွိ စစ္ ေကာင္စီတပ္ဖြဲ႕ဝင္မ်ား တပ္စြဲထားသည့္ အထည္ခ်ဳပ္စက္႐ုံကို လႈိင္သာယာၿမိဳ႕ျပ ေျပာက္က်ားတပ္ဖြဲ႕ (Civil Guerrilla Force – HTY) အဖြဲ႕က တိုက္ခိုက္ခဲ့ေသးေၾကာင္း သိရသည္။

ထို႔အတူ ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္၊ လွ်ပ္စစ္မီတာ႐ုံးေရွ႕တြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အမ်ားအျပားေရာက္ ရွိေနေၾကာင္း လႈိင္ၿမိဳ႕နယ္၊ ဘူတာ႐ုံလမ္းအတြင္း ေနထိုင္သူတစ္ဦး က ေျပာသည္။

ဘူတာ႐ုံလမ္းအတြင္း ေနထိုင္သူတစ္ဦး က “သူတို႔လူဝင္ဖမ္းတဲ့ အခ်ိန္ေပါက္တာ။ လူထိခိုက္တာေတာ့ မရွိဘူး။ လူငယ္ ၄ ေယာက္ေတာ့အဖမ္းခံရတယ္ ၾကားတယ္” ဟု ေျပာသည္။

ထိုသို႔ေပါက္ကြဲမႈ မျဖစ္ပြားမီ ရန္ကုန္-အင္းစိန္လမ္းမကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ပိတ္လိုက္ရာ ထိုသို႔ လမ္း ပိတ္ထားသည့္အခ်ိန္တြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု လႈိင္ၿမိဳ႕နယ္၊ ဘူတာ႐ုံလမ္းအတြင္း ေနထိုင္သူ မ်ား က ေျပာသည္။