မြောင်းမြတွင် PDF ဟု ဆိုကာ လူ ၃ ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ အဝင် စစ်ဆေးရေးဂိတ်တွင် PDF ဟု စွပ်စွဲကာ အမျိုးသား ၃ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု သိရသည်။

မြောင်းမြမြို့တွင် နေထိုင်သူများ ဖြစ်သည့် အသက် ၃၆ နှစ်အရွယ် ကိုဝေမွန်ကျော်၊ အသက် ၃၇နှစ် အရွယ် ကို ဝင်းမင်းအောင် နှင့် ထောက်ကြံ့မြို့တွင် နေထိုင်သူ အသက် ၄၃ နှစ် အရွယ် ကိုမျိုးလွင်ဦး တို့ကို စက်တင်ဘာ ၁၃ ရက်နေ့ (ယမန်နေ့) ည ၉ နာရီခွဲ အချိန်ခန့်က ကွယ်လွယ်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

“ကရင်ပြည်နယ်မှာ စစ်သင်တန်းတက်နေတယ်လို့ သင်္ကာမကင်းတဲ့ ဝေမွန်ကျော် ခေါ် နိုင်ဝင်း ကရင်ဘက်က ပြန်လာမယ် သတင်းရထားလို့ ပိတ်ဆို့စစ်ဆေးတာမှာ ဖမ်းမိတာပါ” ဟု ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။

ရန်ကုန်မှ မြောင်းမြ သို့ ပြန်လာခြင်း ဖြစ်ကြောင်း ဖမ်းခံရစဉ်က မည်သည့် လက်နက်မှ မပါပဲ အဖမ်းခံခြင်း ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်အချို့ ပြောသည်။

မိသားစုဝင်တစ်ဦးက ၎င်းကြားသိရသည့် အခြေအနေနှင့် ပတ်သက်၍ “အလုပ်သွားလုပ်ပြီး ကိုယ့်မြို့ကိုယ် ပြန်လာတာပါ၊ အရင်ကတော့ ဆန္ဒပြပွဲတွေမှာ လိုက်ဖူးတာတော့ ရှိတာပေါ့။ အဲ့ဒါကို ဒလန်က မဟုတ်တဲ့ သတင်း ပေးတာပါ” ဟု ပြောသည်။

ကိုဝင်းမင်းအောင် (ခေါ်) သားကြီး မောင်းနှင်လာသည့် Hilux Surf ကို တားဆီး စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်း ဖြစ် ပြီး ယင်းတို့ ၃ ဦး အား သက်ဆိုင်ရာက စစ်ဆေးနေဆဲဖြစ်ကြောင်းသာ မိသားစုဝင်များက သိသည်ဟု ဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ညက ဖမ်းဆီးခံရသူ ၃ ဦးနှင့် ယနေ့အချိန်ထိ မိသားစုဝင်များသည် တိုက်ရိုက် အဆက်အသွယ် မရသေးဘူးဟု မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

*** ZAWGYI ***
ေျမာင္းျမတြင္ PDF ဟု ဆိုကာ လူ ၃ ဦး ဖမ္းခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၄ ရက္။

ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕ အဝင္ စစ္ေဆးေရး ဂိတ္တြင္ PDF ဟု စြပ္စြဲကာ အမ်ိဳးသား ၃ ဦးကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးထားသည္ဟု သိရသည္။

ေျမာင္းျမၿမိဳ႕တြင္ ေနထိုင္သူမ်ား ျဖစ္သည့္ အသက္ ၃၆ ႏွစ္အ႐ြယ္ ကိုေဝမြန္ေက်ာ္၊ အသက္ ၃၇ႏွစ္ အ႐ြယ္ ကို ဝင္းမင္းေအာင္ ႏွင့္ ေထာက္ႀကံ့ၿမိဳ႕တြင္ ေနထိုင္သူ အသက္ ၄၃ ႏွစ္ အ႐ြယ္ ကိုမ်ိဳးလြင္ဦး တို႔ကို စက္တင္ဘာ ၁၃ ရက္ေန႔ (ယမန္ေန႔) ည ၉ နာရီခြဲ အခ်ိန္ခန႔္က ကြယ္လြယ္စစ္ေဆးေရးဂိတ္တြင္ ဖမ္းဆီးထားျခင္း ျဖစ္သည္ဟု ရဲတပ္ဖြဲ႕တာဝန္ရွိသူက ေျပာသည္။

“ကရင္ျပည္နယ္မွာ စစ္သင္တန္းတက္ေနတယ္လို႔ သကၤာမကင္းတဲ့ ေဝမြန္ေက်ာ္ ေခၚ ႏိုင္ဝင္း ကရင္ဘက္က ျပန္လာမယ္ သတင္းရထားလို႔ ပိတ္ဆို႔စစ္ေဆးတာမွာ ဖမ္းမိတာပါ” ဟု ရဲတပ္ဖြဲ႕ မွ တာဝန္ရွိသူ တစ္ဦးက ေျပာ သည္။

ရန္ကုန္မွ ေျမာင္းျမ သို႔ ျပန္လာျခင္း ျဖစ္ေၾကာင္း ဖမ္းခံရစဥ္က မည္သည့္ လက္နက္မွ မပါပဲ အဖမ္းခံျခင္း ေၾကာင္း ဖမ္းဆီးခံရသူမ်ား၏ မိသားစုဝင္အခ်ိဳ႕ ေျပာသည္။

မိသားစုဝင္တစ္ဦးက ၎ၾကားသိရသည့္ အေျခအေနႏွင့္ ပတ္သက္၍ “အလုပ္သြားလုပ္ၿပီး ကိုယ့္ၿမိဳ႕ကိုယ္ ျပန္ လာတာပါ၊ အရင္ကေတာ့ ဆႏၵျပပြဲေတြမွာ လိုက္ဖူးတာေတာ့ ရွိတာေပါ့။ အဲ့ဒါကို ဒလန္က မဟုတ္တဲ့ သတင္း ေပးတာပါ” ဟု ေျပာသည္။

ကိုဝင္းမင္းေအာင္ (ေခၚ) သားႀကီး ေမာင္းႏွင္လာသည့္ Hilux Surf ကို တားဆီး စစ္ေဆးရာမွ ဖမ္းဆီးရမိျခင္း ျဖစ္ ၿပီး ယင္းတို႔ ၃ ဦး အား သက္ဆိုင္ရာက စစ္ေဆးေနဆဲျဖစ္ေၾကာင္းသာ မိသားစုဝင္မ်ားက သိသည္ဟု ဆိုသည္။

စက္တင္ဘာလ ၁၃ ရက္ေန႔ညက ဖမ္းဆီးခံရသူ ၃ ဦးႏွင့္ ယေန႔အခ်ိန္ထိ မိသားစုဝင္မ်ားသည္ တိုက္႐ိုက္ အဆက္အသြယ္ မရေသးဘူးဟု မိသားစုဝင္မ်ား၏ ေျပာျပခ်က္အရ သိရသည္။