မကွေးမြို့လယ်ဗုံးကြောင့် ကလေးတစ်ဦး သေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
မကွေးမြို့တွင် စက်တင် ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီကျော် အချိန်က ဗုံးပေါက်ကွဲမှုကြောင့် ၅ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။
တိုင်းပညာရေးမှူးရုံးနှင့် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးကြား တွင် ပေါက်ကွဲခဲ့သော ဗုံးစထိမှန်သည့် ကလေးသည် အနီးရှိ ကွမ်းယာဆိုင်မှဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ပန်းရံအလုပ်သမား လူငယ် တစ်ဦးလည်း ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
“အခုဆိုရင် လမ်းငါးသွယ်ကနေ မကွေးတက္ကသိုလ်ရှေ့အထိ လမ်းပိတ်ထားတယ်။ ဘယ်သူမှ သွားမရဘူးဗျ” ဟု အသက် ၄၀ အရွယ်ခန့်ရှိသူ ဒေသခံတစ်ဦး က ပြောသည်။
သတင်းအချို့တွင် ၅ နှစ်သား ကလေးအပြင် အခြားတစ်ဦးလည်း သေဆုံးပြီး စုစုပေါင်း နှစ်ဦးသေဆုံးသည်ဟု ပြောဆိုနေကြသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။
မကွေးမြို့ပေါ်တွင် စက်တင်ဘာလ ၇ ရက်နေ့ NUG ယာယီသမ္မတ က အရေးပေါ်အခြေအနေ ကြေငြာပြီး နောက် ပိုင်း စစ်ကောင်စီတပ်စွဲထားသည့် မြသလွန်ဘုရားအနီး၊ ပန်းရစ်တောင်ခြေတွင် တစ်ကြိမ်၊ ကန်သာကန်၏ အရှေ့ တောင်ဘက်ရှိ မိုင်တဲတာဝါတိုင်တွင် တစ်ကြိမ် နှင့် ယနေ့ ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အနီး တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ဗုံးပေါက်ကွဲ ခဲ့သည်။
“အခုဆိုရင် ရဲတွေ စစ်သားတွေရော အစစ်အဆေးက တော်တော်လေးကြမ်းနေတယ်။ ဒီနေ့ဆိုရင် မကွေးမြို့ ထဲကို ဘယ်ကမှ ဝင်မရတော့ဘူး။ မြို့ဝင်ဂိတ် အားလုံးကို ပိတ်စစ်နေပြီး စစ်ဆေးနေတယ်။ ရွာတွေဘက်ကို ဈေး ရောင်းသွားတာ သွားမရလို့ ပြန်ခဲ့ရတယ်” ဟု မကွေးမြို့ ချမ်းမြေ့သာယာက အသက် ၃၀ အရွယ် အမျိုး သား တစ်ဦးက ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မကွေးတိုင်းအခြေပြု PDF မိတ်ဖက်အဖွဲ့အစည်းများမှ ဆောင်ရွက်ခြင်း မဟုတ်ကြောင်း ၎င်းအဖွဲ့အစည်းများက ထုတ်ပြန်ကြေညာထားသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ ည ၁၀နာရီခွဲ အချိန်တွင် မကွေးမြို့၊ မြင်းကင်းလမ်းပေါ်တွင် စစ်ကောင်စီတပ်များက အကြောင်းအရင်း မရှိဘဲ သေနတ် ၅ ချက် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မကွေးမြို့၊ မြသလွန်ဘုရားအနီး၊ ဗုံးပေါက်မှုများကြောင့် သာယာကုန်း၊ ကျွန်းစု၊ သရက်ပင် စသည့် နေရာများက ပြည်သူသုံးဦး အပြင်၊ ကန်သာကန်၏ အရှေ့တောင်ဘက်ရှိ မိုင်တဲတာဝါတိုင်တွင် ဗုံးပေါက်ခြင်းကြောင့် ဝေယံဘုံ မြင့် ဘုန်းကြီးကျောင်းမှ ကားမောင်းသူနှင့် ဆွမ်းချိုင့်သယ်ပို့သည့် သုံးဘီးမောင်းသူတို့ကို စစ်ကောင်စီ တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
*** ZAWGYI ***
မေကြးၿမိဳ႕လယ္ဗုံးေၾကာင့္ ကေလးတစ္ဦး ေသ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၅ ရက္။
မေကြးၿမိဳ႕တြင္ စက္တင္ ဘာလ ၁၄ ရက္ေန႔ နံနက္ ၈ နာရီေက်ာ္ အခ်ိန္က ဗုံးေပါက္ကြဲမႈေၾကာင့္ ၅ ႏွစ္ အ႐ြယ္ ကေလးငယ္တစ္ဦး ေသဆုံးေၾကာင္း ေဒသခံမ်ားက ေျပာသည္။
တိုင္းပညာေရးမႉး႐ုံးႏွင့္ ျပည္ေထာင္စု ႀကံခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ႐ုံးၾကား တြင္ ေပါက္ကြဲခဲ့ေသာ ဗုံးစထိမွန္သည့္ ကေလးသည္ အနီးရွိ ကြမ္းယာဆိုင္မွျဖစ္ၿပီး ဗုံးေပါက္ကြဲမႈေၾကာင့္ ပန္းရံအလုပ္သမား လူငယ္ တစ္ဦးလည္း ဝမ္းဗိုက္ႏွင့္ ေျခေထာက္တို႔တြင္ ဒဏ္ရာရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
“အခုဆိုရင္ လမ္းငါးသြယ္ကေန မေကြးတကၠသိုလ္ေရွ႕အထိ လမ္းပိတ္ထားတယ္။ ဘယ္သူမွ သြားမရဘူးဗ်” ဟု အသက္ ၄၀ အ႐ြယ္ခန႔္ရွိသူ ေဒသခံတစ္ဦး က ေျပာသည္။
သတင္းအခ်ိဳ႕တြင္ ၅ ႏွစ္သား ကေလးအျပင္ အျခားတစ္ဦးလည္း ေသဆုံးၿပီး စုစုေပါင္း ႏွစ္ဦးေသဆုံးသည္ဟု ေျပာဆိုေနၾကေသာ္လည္း သီးျခား အတည္မျပဳႏိုင္ေသးေပ။
မေကြးၿမိဳ႕ေပၚတြင္ စက္တင္ဘာလ ၇ ရက္ေန႔ NUG ယာယီသမၼတ က အေရးေပၚအေျခအေန ေၾကျငာၿပီး ေနာက္ ပိုင္း စစ္ေကာင္စီတပ္စြဲထားသည့္ ျမသလြန္ဘုရားအနီး၊ ပန္းရစ္ေတာင္ေျခတြင္ တစ္ႀကိမ္၊ ကန္သာကန္၏ အေရွ႕ ေတာင္ဘက္ရွိ မိုင္တဲတာဝါတိုင္တြင္ တစ္ႀကိမ္ ႏွင့္ ယေန႔ ျပည္ေထာင္စု ႀကံခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ႐ုံး အနီး တြင္ တစ္ႀကိမ္ စုစုေပါင္း ၃ ႀကိမ္ ဗုံးေပါက္ကြဲ ခဲ့သည္။
“အခုဆိုရင္ ရဲေတြ စစ္သားေတြေရာ အစစ္အေဆးက ေတာ္ေတာ္ေလးၾကမ္းေနတယ္။ ဒီေန႔ဆိုရင္ မေကြးၿမိဳ႕ ထဲကို ဘယ္ကမွ ဝင္မရေတာ့ဘူး။ ၿမိဳ႕ဝင္ဂိတ္ အားလုံးကို ပိတ္စစ္ေနၿပီး စစ္ေဆးေနတယ္။ ႐ြာေတြဘက္ကို ေဈး ေရာင္းသြားတာ သြားမရလို႔ ျပန္ခဲ့ရတယ္” ဟု မေကြးၿမိဳ႕ ခ်မ္းေျမ့သာယာက အသက္ ၃၀ အ႐ြယ္ အမ်ိဳး သား တစ္ဦးက ေျပာသည္။
အဆိုပါ ဗုံးေပါက္ကြဲမႈႏွင့္ ပတ္သက္၍ မေကြးတိုင္းအေျချပဳ PDF မိတ္ဖက္အဖြဲ႕အစည္းမ်ားမွ ေဆာင္႐ြက္ျခင္း မဟုတ္ေၾကာင္း ၎အဖြဲ႕အစည္းမ်ားက ထုတ္ျပန္ေၾကညာထားသည္။
စက္တင္ဘာလ ၁၄ ရက္ေန႔ ည ၁၀နာရီခြဲ အခ်ိန္တြင္ မေကြးၿမိဳ႕၊ ျမင္းကင္းလမ္းေပၚတြင္ စစ္ေကာင္စီတပ္မ်ားက အေၾကာင္းအရင္း မရွိဘဲ ေသနတ္ ၅ ခ်က္ ထက္မနည္း ပစ္ခတ္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
မေကြးၿမိဳ႕၊ ျမသလြန္ဘုရားအနီး၊ ဗုံးေပါက္မႈမ်ားေၾကာင့္ သာယာကုန္း၊ ကြၽန္းစု၊ သရက္ပင္ စသည့္ ေနရာမ်ားက ျပည္သူသုံးဦး အျပင္၊ ကန္သာကန္၏ အေရွ႕ေတာင္ဘက္ရွိ မိုင္တဲတာဝါတိုင္တြင္ ဗုံးေပါက္ျခင္းေၾကာင့္ ေဝယံဘုံ ျမင့္ ဘုန္းႀကီးေက်ာင္းမွ ကားေမာင္းသူႏွင့္ ဆြမ္းခ်ိဳင့္သယ္ပို႔သည့္ သုံးဘီးေမာင္းသူတို႔ကို စစ္ေကာင္စီ တပ္က ဖမ္းဆီးသြားေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။