သထုံတွင် ဆိုင်ကယ်စီး အမျိုးသားတစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
မွန်ပြည်နယ်၊ သထုံမြို့နယ် တွင် အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
သထုံမြို့နယ် ပိန္နဲတောကျေးရွာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသားနှစ်ဦးအနက် တစ်ဦးသည် နေရာတွင် သေဆုံးသွား ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။
“တပ်ရှေ့မှာ ဖြတ်သွား ဖြတ်လာနေတဲ့ ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ လုပ်နေတယ်။ အဲ့အချိန်မှာ လူ နှစ်ယောက် စီးလာတဲ့ ဆိုင်ကယ်က အစစ်မခံပဲ မောင်းပြေးသွားလို့ ဟိုက သေနတ်နဲ့ ပစ်လိုက်တယ်လို့ သိရ တယ်။ တစ်ယောက်ကတော့ အဲ့မှာပဲ သေသွားတယ်လို့လည်း သိရတယ်” ဟု သထုံဒေသခံ တစ်ဦး က ပြော သည်။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူ၏ ရုပ်အလောင်းကို စစ်တပ်က သယ်ယူသွားကြောင်းလည်း သိရသည်။
လတ်တလောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေး အကြောင်းပြကာ မြို့ပေါ်များအပြင် ရပ်ကွက်ကျေးရွာ အချို့တို့တွင်လည်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်စွာ လုပ်ဆောင်နေသည်။
ထိုသို့ တားဆီးစစ်ဆေးရာတွင် ဖမ်းဆီးမှု ပြုလုပ်တတ်သလို ရပ်မပေးပဲ ဖြတ်မောင်းသွားသူများကိုလည်း သေနတ်ဖြင့် ပစ် ခတ်သည်များ ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူတို့အား စစ် ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်မှုများရှိခဲ့သည့် အပြင် ဖြတ်သန်းသွားလာနေကြသည့် အပြစ်မဲ့ပြည်သူများကို လည်း ပစ်သတ်ခဲ့သည့်ဖြစ်စဉ်များလည်း ဆက်တိုက် ရှိလာခဲ့သည်။
*** ZAWGYI ***
သထုံတြင္ ဆိုင္ကယ္စီး အမ်ိဳးသားတစ္ဦး ပစ္သတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၅ ရက္။
မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္ တြင္ အမ်ိဳးသားတစ္ဦးအား စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေသနတ္ျဖင့္ ပစ္သတ္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
သထုံၿမိဳ႕နယ္ ပိႏၷဲေတာေက်း႐ြာတြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဆိုင္ကယ္ေပၚပါ အမ်ိဳးသားႏွစ္ဦးအနက္ တစ္ဦးသည္ ေနရာတြင္ ေသဆုံးသြား ၿပီး က်န္တစ္ဦးမွာ ဒဏ္ရာရရွိၿပီး ထြက္ေျပးလြတ္ေျမာက္သြားသည္ဟု သိရသည္။
“တပ္ေရွ႕မွာ ျဖတ္သြား ျဖတ္လာေနတဲ့ ကား၊ ဆိုင္ကယ္ေတြကို စစ္ေဆးမႈေတြ လုပ္ေနတယ္။ အဲ့အခ်ိန္မွာ လူ ႏွစ္ေယာက္ စီးလာတဲ့ ဆိုင္ကယ္က အစစ္မခံပဲ ေမာင္းေျပးသြားလို႔ ဟိုက ေသနတ္နဲ႔ ပစ္လိုက္တယ္လို႔ သိရ တယ္။ တစ္ေယာက္ကေတာ့ အဲ့မွာပဲ ေသသြားတယ္လို႔လည္း သိရတယ္” ဟု သထုံေဒသခံ တစ္ဦး က ေျပာ သည္။
ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးသြားသူ၏ ႐ုပ္အေလာင္းကို စစ္တပ္က သယ္ယူသြားေၾကာင္းလည္း သိရသည္။
လတ္တေလာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရး အေၾကာင္းျပကာ ၿမိဳ႕ေပၚမ်ားအျပင္ ရပ္ကြက္ေက်း႐ြာ အခ်ိဳ႕တို႔တြင္လည္း စစ္ေဆးမႈမ်ား ပိုမိုတင္းၾကပ္စြာ လုပ္ေဆာင္ေနသည္။
ထိုသို႔ တားဆီးစစ္ေဆးရာတြင္ ဖမ္းဆီးမႈ ျပဳလုပ္တတ္သလို ရပ္မေပးပဲ ျဖတ္ေမာင္းသြားသူမ်ားကိုလည္း ေသနတ္ျဖင့္ ပစ္ ခတ္သည္မ်ား ရွိသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မြန္ျပည္နယ္အတြင္း၌ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပေနသူတို႔အား စစ္ ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ပစ္သတ္မႈမ်ားရွိခဲ့သည့္ အျပင္ ျဖတ္သန္းသြားလာေနၾကသည့္ အျပစ္မဲ့ျပည္သူမ်ားကို လည္း ပစ္သတ္ခဲ့သည့္ျဖစ္စဥ္မ်ားလည္း ဆက္တိုက္ ရွိလာခဲ့သည္။