လိုင်ဇာ အနီး အရပ်သားကျေးရွာကို လက်နက်ကြီးဖြင့် ပစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဌာနချုပ် လိုင်ဇာအနီးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစင်တာ နှင့် ပြည်သူများနေထိုင်သည့် မိုင်ဆတ်ပါကျေးရွာနေရာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု KIO/KIA က ပြော သည်။

စက်တင်ဘာလ ၁၅ ရက်နေ့ (ယမန်နေ့) ညက စစ်ကောင်စီတပ်ဘက်က လိုင်ဇာအနီး ပတ်ဝန်းကျင်ကို လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်အချို့သည် မိုင်ဆတ်ပါကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည် ဟု KIO သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“ဒါက ကျနော်တို့ မိုင်ဆတ်ပါ၊ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာပေါ့ အဲ့ဒီနားမှာ နှစ်လုံးကျသွားတာ ရှိပါတယ်။ ဒါကတော့ ကျနော်တို့ ပြည်သူလူထုရှိတဲ့နေရာရွာလည်း ဖြစ်နေတယ်။ နောက် အခုနက ပြောသလို ကျနော်တို့ရဲ့ ရောဂါထိန်းချုပ်နယ်မြေလည်း ဖြစ်နေတယ်။ ကျနော်တို့ KIA တပ်စခန်းတွေလည်း မရှိပါဘူး။ အဆိုတော့ အဲ့ဒီပြည်သူလူထုရှိတဲ့နေရာကို သူတို့ သိပြီးရဲ့သားနဲ့ အဲ့ဒီဘက်မှာ ပစ်မှတ်ထားပြီးတော့မှ ပစ်တာက တော့ မေးခွန်းထုတ်စရာ ရှိပါတယ်နော်။ ကျန်တဲ့နေရာက ဘယ်မှာ ကျတယ်ဆိုတာ ကျနော်ဘာမှ ပြောစရာ မရှိ ပါဘူး”

စက်တင်ဘာလ ၁၅ ရက်နေ့ (ယမန်နေ့) ည ၁၀ နာရီဝန်းကျင်ခန့်တွင် မိုင်ဆတ်ပါနေရာအပါအဝင် လိုင်ဇာအနီးတ ဝိုက်အား စစ်ကောင်စီက လက်နက်ကြီး ၅ လုံးခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

မိုင်ဆတ်ပါ ကျေးရွာရှိ ဒေသခံ အမျိုးသမီးတစ်ဦးက “မိုင်ဆတ်ပါ Check point နားမှာလည်း ကျတယ်။ ကို ဗစ်စစ် တဲ့ဂိတ်နားမှာ ကျတာ။ ပြောမယ်ဆိုရင် စင်တာရဲ့ ဂိတ်ပေါ့နော်။ Q Center ရဲ့ တံခါးဂိတ်ပေါ့” ဟု ပြော သည်။

အခြားမည်သည့်နေရာမျိုးတွင် ကျရောက်ပေါက်ကွဲခဲ့သည်ကို မပြောဆိုနိုင်သော်လည်း ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်သည့် စင်တာရှိသည့် မိုင်ဆတ်ပါနေရာကို ပစ်ခတ်ခဲ့ခြင်းသည် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းကိုပါ ထိခိုက်စေသည်ဟု KIO/KIA က ဆက်ပြောသည်။

“အထူးသဖြင့် အဲ့ဒီနေရာကတော့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။ ဒါက အားလုံးရဲ့ တာ ဝန်ဖြစ်ပါတယ်။ တပ်မတော်မှာလည်း တာဝန်ရှိပါတယ်နော်။ သူတို့လည်း လာခဲ့တဲ့ နေရာဖြစ်ပါတယ်။ သူတို့ လည်း ရောက်ခဲ့တဲ့နေရာဖြစ်ပါတယ်။ ဆိုတော့ အဲ့ဒီလိုမျိုးနေရာမှာ လက်နက်ကြီးနဲ့ ပစ်တယ်ဆို တာကတော့ ဒီပြည်သူလူထုကိုလည်း ဂရုမစိုက်တာဖြစ်တယ်။ နောက်ပြီး ကိုဗစ်ရောဂါကိုလည်း သူတို့က ဘာမှ ဂရုမစိုက် တာမျိုး ပုံစံဖြစ်နေတယ်လို့ ကျနော်က တုန့်ပြန်ပြောလိုပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

KIO ထိန်းချုပ်နယ်မြေ အတွင်းရှိ မိုင်ဆတ်ပါနေရာသည် ၂၀၂၀ ခုနှစ် မေလ ၂၀ ရက်နေ့က တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်ရုံး၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး ဦးဆောင်ပြီး KIO ထိန်းချုပ်နယ် မြေအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းအချို့ကို ရဟတ်ယာဉ်ဖြင့် သွားရောက်ပေးအပ်ခဲ့သည့် နေရာဖြစ် သည်။

ထို့အပြင် ၂၀၂၀ ခုနှစ် မေလ ၁၃ ရက်တွင်လည်း KIO ၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီ နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့တွေ့ဆုံခဲ့နေရာလည်း ဖြစ်သည်။

စစ်ကောင်စီတပ်က ယမန်နေ့ ညက ပစ်ခတ်ခိုက်သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံပြည်သူများ ထိတ် လန့်နေရသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

“အခုနက ပြောသလိုပေါ့ ပြည်သူလူထုရှိတဲ့နေရာမှာ ရမ်းသမ်းပြီးမှ ပစ်တာကတော့ စစ်တပ်ရဲ့ လိုက်နာရမယ့် စည်းကမ်းကို ချိုးဖောက်တယ်လို့ ပြောလိုပါတယ်။ နောက်တစ်ခုရှိတာကတော့ မသိတဲ့နေရာ လည်းမဟုတ် ဘူး။ သိရဲ့သားနဲ့ ပစ်တာကတော့ ပြည်သူလူထုအတွက် စိတ်ဒုက္ခရောက်ပါတယ်။ ပြည်သူလူထုရဲ့ လှုပ်ရှားမှုကို လည်း အသက်မွေးဝမ်းကျောင်းကိုလည်း ဘာမှ လုပ်လို့မရဘူး။”

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ စစ်စခန်းမရှိပဲ ပြည်သူများနေထိုင်သည့် ကျေးရွာများထဲသို့ လက်နက်ကြီး များ ဖြင့် ပစ်ခတ်ခြင်းသည် စစ်တပ်က လိုက်နာရမည့် စည်းကမ်းများကို ချိုးဖောက်နေခြင်း ဖြစ်သည်ဟု KIO/KIA က ပြောသည်။

ယခုကဲ့သို့ အရပ်သားများကို တိုက်ခိုက်ခြင်း၊ စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ်မခွဲခြားပဲ ပစ်ခတ်နေခြင်း၊ စစ် ရေးအရ လိုအပ်မှုမရှိပဲ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ စစ်ပွဲများအတွင် အရပ်သား ပြည်သူများကို ထိ ခိုက်စေခြင်းနှင့် ပြည်သူများ၏ မြို့၊ ရွာများနှင့် နေအိမ်များကို ပစ်ခတ်ဖျက်ဆီးခြင်းသည် နိုင်ငံတကာ ပြစ်မှုဆိုင် ရာ တရားရုံး ရောမ ဥပဒေအရ စစ်ရာဇဝတ်မှု (War Crimes) ကို ကျူးလွန်ရာ ရောက်သည်ဟု ဆိုသည်။

*** ZAWGYI ***
လိုင္ဇာ အနီး အရပ္သားေက်း႐ြာကို လက္နက္ႀကီးျဖင့္ ပစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၆ ရက္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA ဌာနခ်ဳပ္ လိုင္ဇာအနီးရွိ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေရးစင္တာ ႏွင့္ ျပည္သူမ်ားေနထိုင္သည့္ မိုင္ဆတ္ပါေက်း႐ြာေနရာသို႔ စစ္ေကာင္စီက လက္နက္ႀကီးျဖင့္ ပစ္ခတ္ခဲ့သည္ဟု KIO/KIA က ေျပာ သည္။

စက္တင္ဘာလ ၁၅ ရက္ေန႔ (ယမန္ေန႔) ညက စစ္ေကာင္စီတပ္ဘက္က လိုင္ဇာအနီး ပတ္ဝန္းက်င္ကို လက္နက္ ႀကီးျဖင့္ ပစ္ခတ္ခဲ့ၿပီး လက္နက္ႀကီးက်ည္အခ်ိဳ႕သည္ မိုင္ဆတ္ပါေက်း႐ြာသို႔ က်ေရာက္ေပါက္ကြဲခဲ့သည္ ဟု KIO သတင္းႏွင့္ျပန္ၾကား ေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူ က ေျပာသည္။

“ဒါက က်ေနာ္တို႔ မိုင္ဆတ္ပါ၊ ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး စင္တာေပါ့ အဲ့ဒီနားမွာ ႏွစ္လုံးက်သြားတာ ရွိပါတယ္။ ဒါကေတာ့ က်ေနာ္တို႔ ျပည္သူလူထုရွိတဲ့ေနရာ႐ြာလည္း ျဖစ္ေနတယ္။ ေနာက္ အခုနက ေျပာသလို က်ေနာ္တို႔ရဲ႕ ေရာဂါထိန္းခ်ဳပ္နယ္ေျမလည္း ျဖစ္ေနတယ္။ က်ေနာ္တို႔ KIA တပ္စခန္းေတြလည္း မရွိပါဘူး။ အဆိုေတာ့ အဲ့ဒီျပည္သူလူထုရွိတဲ့ေနရာကို သူတို႔ သိၿပီးရဲ႕သားနဲ႔ အဲ့ဒီဘက္မွာ ပစ္မွတ္ထားၿပီးေတာ့မွ ပစ္တာက ေတာ့ ေမးခြန္းထုတ္စရာ ရွိပါတယ္ေနာ္။ က်န္တဲ့ေနရာက ဘယ္မွာ က်တယ္ဆိုတာ က်ေနာ္ဘာမွ ေျပာစရာ မရွိ ပါဘူး”

စက္တင္ဘာလ ၁၅ ရက္ေန႔ (ယမန္ေန႔) ည ၁၀ နာရီဝန္းက်င္ခန႔္တြင္ မိုင္ဆတ္ပါေနရာအပါအဝင္ လိုင္ဇာအနီးတ ဝိုက္အား စစ္ေကာင္စီက လက္နက္ႀကီး ၅ လုံးခန႔္ ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။

မိုင္ဆတ္ပါ ေက်း႐ြာရွိ ေဒသခံ အမ်ိဳးသမီးတစ္ဦးက “မိုင္ဆတ္ပါ Check point နားမွာလည္း က်တယ္။ ကို ဗစ္စစ္ တဲ့ဂိတ္နားမွာ က်တာ။ ေျပာမယ္ဆိုရင္ စင္တာရဲ႕ ဂိတ္ေပါ့ေနာ္။ Q Center ရဲ႕ တံခါးဂိတ္ေပါ့” ဟု ေျပာ သည္။

အျခားမည္သည့္ေနရာမ်ိဳးတြင္ က်ေရာက္ေပါက္ကြဲခဲ့သည္ကို မေျပာဆိုႏိုင္ေသာ္လည္း ကိုဗစ္-၁၉ ေရာဂါ ကာ ကြယ္ထိန္းခ်ဳပ္သည့္ စင္တာရွိသည့္ မိုင္ဆတ္ပါေနရာကို ပစ္ခတ္ခဲ့ျခင္းသည္ ကိုဗစ္-၁၉ ေရာဂါ ထိန္းခ်ဳပ္ေရး လုပ္ငန္းကိုပါ ထိခိုက္ေစသည္ဟု KIO/KIA က ဆက္ေျပာသည္။

“အထူးသျဖင့္ အဲ့ဒီေနရာကေတာ့ ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္နယ္ေျမျဖစ္ပါတယ္။ ဒါက အားလုံးရဲ႕ တာ ဝန္ျဖစ္ပါတယ္။ တပ္မေတာ္မွာလည္း တာဝန္ရွိပါတယ္ေနာ္။ သူတို႔လည္း လာခဲ့တဲ့ ေနရာျဖစ္ပါတယ္။ သူတို႔ လည္း ေရာက္ခဲ့တဲ့ေနရာျဖစ္ပါတယ္။ ဆိုေတာ့ အဲ့ဒီလိုမ်ိဳးေနရာမွာ လက္နက္ႀကီးနဲ႔ ပစ္တယ္ဆို တာကေတာ့ ဒီျပည္သူလူထုကိုလည္း ဂ႐ုမစိုက္တာျဖစ္တယ္။ ေနာက္ၿပီး ကိုဗစ္ေရာဂါကိုလည္း သူတို႔က ဘာမွ ဂ႐ုမစိုက္ တာမ်ိဳး ပုံစံျဖစ္ေနတယ္လို႔ က်ေနာ္က တုန႔္ျပန္ေျပာလိုပါတယ္” ဟု ဗိုလ္မႉးႀကီးေနာ္ဘူ က ဆက္ေျပာသည္။

KIO ထိန္းခ်ဳပ္နယ္ေျမ အတြင္းရွိ မိုင္ဆတ္ပါေနရာသည္ ၂၀၂၀ ခုႏွစ္ ေမလ ၂၀ ရက္ေန႔က တပ္မေတာ္ ကာကြယ္ ေရး ဦးစီးခ်ဳပ္႐ုံး၊ တြဲဖက္စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ ခြန္သန႔္ေဇာ္ထူး ဦးေဆာင္ၿပီး KIO ထိန္းခ်ဳပ္နယ္ ေျမအတြက္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေရးသုံး ပစၥည္းအခ်ိဳ႕ကို ရဟတ္ယာဥ္ျဖင့္ သြားေရာက္ေပးအပ္ခဲ့သည့္ ေနရာျဖစ္ သည္။

ထို႔အျပင္ ၂၀၂၀ ခုႏွစ္ ေမလ ၁၃ ရက္တြင္လည္း KIO ၏ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ေရးေကာ္မတီ ႏွင့္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕တို႔ေတြ႕ဆုံခဲ့ေနရာလည္း ျဖစ္သည္။

စစ္ေကာင္စီတပ္က ယမန္ေန႔ ညက ပစ္ခတ္ခိုက္သည့္ လက္နက္ႀကီးက်ည္ေၾကာင့္ ေဒသခံျပည္သူမ်ား ထိတ္ လန႔္ေနရသည္ဟု ဗိုလ္မႉးႀကီးေနာ္ဘူ က ဆက္ေျပာသည္။

“အခုနက ေျပာသလိုေပါ့ ျပည္သူလူထုရွိတဲ့ေနရာမွာ ရမ္းသမ္းၿပီးမွ ပစ္တာကေတာ့ စစ္တပ္ရဲ႕ လိုက္နာရမယ့္ စည္းကမ္းကို ခ်ိဳးေဖာက္တယ္လို႔ ေျပာလိုပါတယ္။ ေနာက္တစ္ခုရွိတာကေတာ့ မသိတဲ့ေနရာ လည္းမဟုတ္ ဘူး။ သိရဲ႕သားနဲ႔ ပစ္တာကေတာ့ ျပည္သူလူထုအတြက္ စိတ္ဒုကၡေရာက္ပါတယ္။ ျပည္သူလူထုရဲ႕ လႈပ္ရွားမႈကို လည္း အသက္ေမြးဝမ္းေက်ာင္းကိုလည္း ဘာမွ လုပ္လို႔မရဘူး။”

စစ္ေကာင္စီအေနျဖင့္ ယခုကဲ့သို႔ စစ္စခန္းမရွိပဲ ျပည္သူမ်ားေနထိုင္သည့္ ေက်း႐ြာမ်ားထဲသို႔ လက္နက္ႀကီး မ်ား ျဖင့္ ပစ္ခတ္ျခင္းသည္ စစ္တပ္က လိုက္နာရမည့္ စည္းကမ္းမ်ားကို ခ်ိဳးေဖာက္ေနျခင္း ျဖစ္သည္ဟု KIO/KIA က ေျပာသည္။

ယခုကဲ့သို႔ အရပ္သားမ်ားကို တိုက္ခိုက္ျခင္း၊ စစ္ေရးပစ္မွတ္ အရပ္သားပစ္မွတ္မခြဲျခားပဲ ပစ္ခတ္ေနျခင္း၊ စစ္ ေရးအရ လိုအပ္မႈမရွိပဲ ျပည္သူပိုင္ပစၥည္းမ်ားကို ဖ်က္ဆီးျခင္း၊ စစ္ပြဲမ်ားအတြင္ အရပ္သား ျပည္သူမ်ားကို ထိ ခိုက္ေစျခင္းႏွင့္ ျပည္သူမ်ား၏ ၿမိဳ႕၊ ႐ြာမ်ားႏွင့္ ေနအိမ္မ်ားကို ပစ္ခတ္ဖ်က္ဆီးျခင္းသည္ ႏိုင္ငံတကာ ျပစ္မႈဆိုင္ ရာ တရား႐ုံး ေရာမ ဥပေဒအရ စစ္ရာဇဝတ္မႈ (War Crimes) ကို က်ဴးလြန္ရာ ေရာက္သည္ဟု ဆိုသည္။