ရခိုင် ကျောင်းသား ၄ ဦးအား ထောင်ဒဏ် ၂ နှစ်ခွဲစီချ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။

နှစ်နှစ် နီးပါး ဖမ်းဆီးထားသည့် ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂမှ ကျောင်းသား ၄ ဦးကို စစ်တွေမြို့နယ် တရားရုံးက ယနေ့စက်တင်ဘာ ၁၆ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ်နှင့် ၆ လစီ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောသည်။

ရခိုင်ပြည်နယ်ထဲတွင် ယခင်နှစ်များက ဖြစ်ပွားခဲ့သည့် စစ်ပွဲကာလအတွင်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက် မှုများနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြသည့် ရခိုင်လူငယ် ၄ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများဖြင့် ဖမ်းဆီး တရားစွဲထားခြင်းဖြစ်သည်။

အမှုအား လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင် က “ကျောင်းသားတွေကိုက အမှုနှစ်မှုနဲ့စွဲထားတာဗျ။ ၅၀၅ (ခ)၊ ၂၀ ရက် ၁၀ လပိုင်း ၂၀၂၀ မှာ စွဲတာ။ နောက်တစ်မှုကတော့ ၃ လပိုင်း ဒီ ၂၀၂၁ မှာစွဲတာ။ အဲ့ဒါက ဘေးစီမံ ၂၉ နဲ့စွဲတာ။ အဲ့ဒီခလေး လေးယောက်ကို ဒီနေ့ တရားလိုအပါအဝင် တရားလို ပြ သက်သေတွေ အကုန်လုံးကို စစ်ဆေးပြီးတော့ ဒီနေ့ စွဲချက်အမိန့်ချမှတ်ရမယ့်နေ့ပါ။ ဒီနေ့ Video Conferencing နဲ့ပဲ ကျနော်တို့ အမှုစစ်တယ်။ တရားသူကြီးရယ်၊ အမှုလိုက်ရှေ့နေရယ်၊ ဥပဒေအရာရှိရယ်” ဟု ပြောသည်။

ထိုသို့ အမှုစစ်စဉ် “အဲ့လိုစစ်တော့ တရားသူကြီးက စွဲချက်အမိန့်ကို ဖတ်ပြတယ်။ တရားသူကြီးက မင်းတို့အပြစ် ရှိလား မရှိလားပြောဆိုတော့ သူတို့က အပြစ်ရှိတယ်လို့ ဝန်ခံတယ်ခင်ဗျ။ အပြစ်ရှိတယ်လို့ ဝန်ခံတော့ ဘေးစီမံ ၂၉ ကို ပြစ်ဒဏ် အလုပ်နဲ့ထောင် ၆ လ ချတယ်။ ၅၀၅ (ခ) ကို အလုပ်နဲ့ထောင်ဒဏ် နှစ်နှစ်ချတယ်” ဟု တရား လွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ဆက်ပြောသည်။

စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်သည့် ရခိုင်လူငယ် ၄ ဦးမှာ ရခိုင်ကျောင်းသား သမဂ္ဂအဖွဲ့ ဝင် များ ဖြစ်ကြသည်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ဒဂုံ တက္က သိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်သည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ နိုင်ငံရေးဗျူရို တာဝန်ခံ ကိုတိုးတိုးအောင်က “ဒီလိုချလိုက်တယ်ဆိုတာက သက် သက်နှိမ်တာလို့ပဲ မြင်တယ်။ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ တရားမျှတမှုမလည်း မရှိဘူး။ အခုလိုဖြစ်သွား တာက လုံးလုံးကြီးကို လုပ်ကြံတာပေါ့နော်။ ပွင့်လင်းမြင်သာမှု မရှိတဲ့ တရားစီရင်မှုဖြစ်တယ်။ ဒီဟာတွေက အခု မှ မဟုတ်ဘူး။ ကျနော်တို့ဘက်က လူငယ်တွေက စစ်တပ်ကိုရော၊ အရပ်သားအစိုးရကိုရော အယုံအကြည် မရှိ ဘူး။ ကျနော်တို့ကို ဖိနှိပ်နေတဲ့အရာဖြစ်တဲ့အတွက် တွန်းလှန်နေတာဖြစ်တယ်။ ဆက်ပြီးတိုက်ပွဲဝင်သွားမှာပဲ” ဟု ပြောသည်။

ယနေ့ ထောင်ဒဏ် ချမှတ်ခံလိုက်ရသည့် ရခိုင်ကျောင်းသား ၄ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ အောက်တိုဘာ ၁၉ ရက်နေ့ က စစ်တွေမြို့ပေါ်တွင် ကိုလိုနီအစိုးရ အလိုမရှိ၊ ဖက်ဆစ်စစ်တပ် အလိုမရှိ၊ No Bloody Government၊ No Murder Army၊ Burmese Government Get Out၊ Burmese Army Get Out စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ပြီး ဆန္ဒပြခဲ့ကြသည့်အတွက် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

ထောင်တွင်းအချုပ် ၁၁ လခန့်ဖြင့် အမှုရင်ဆိုင်ခဲ့ကြရသည်။

ဓါတ်ပုံ – Narinjara

*** ZAWGYI ***
ရခိုင္ ေက်ာင္းသား ၄ ဦးအား ေထာင္ဒဏ္ ၂ ႏွစ္ခြဲစီခ်

သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၆ ရက္။

ႏွစ္ႏွစ္ နီးပါး ဖမ္းဆီးထားသည့္ ရကၡိဳင္ျပည္ ေက်ာင္းသား သမဂၢမွ ေက်ာင္းသား ၄ ဦးကို စစ္ေတြၿမိဳ႕နယ္ တရား႐ုံးက ယေန႔စက္တင္ဘာ ၁၆ ရက္ေန႔တြင္ ေထာင္ဒဏ္ ၂ ႏွစ္ႏွင့္ ၆ လစီ ျပစ္ဒဏ္ခ်မွတ္လိုက္ေၾကာင္း အမႈကို လိုက္ပါေဆာင္႐ြက္ေပးေနသည့္ ေရွ႕ေနက ေျပာသည္။

ရခိုင္ျပည္နယ္ထဲတြင္ ယခင္ႏွစ္မ်ားက ျဖစ္ပြားခဲ့သည့္ စစ္ပြဲကာလအတြင္း စစ္တပ္၏ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ မႈမ်ားႏွင့္ ပတ္သက္၍ ဆႏၵျပခဲ့ၾကသည့္ ရခိုင္လူငယ္ ၄ ဦးကို ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈႏွင့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒမ်ားျဖင့္ ဖမ္းဆီး တရားစြဲထားျခင္းျဖစ္သည္။

အမႈအား လိုက္ပါေဆာင္႐ြက္ေပးသည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ၫႊန႔္ေမာင္ က “ေက်ာင္းသားေတြကိုက အမႈႏွစ္မႈနဲ႔စြဲထားတာဗ်။ ၅၀၅ (ခ)၊ ၂၀ ရက္ ၁၀ လပိုင္း ၂၀၂၀ မွာ စြဲတာ။ ေနာက္တစ္မႈကေတာ့ ၃ လပိုင္း ဒီ ၂၀၂၁ မွာစြဲတာ။ အဲ့ဒါက ေဘးစီမံ ၂၉ နဲ႔စြဲတာ။ အဲ့ဒီခေလး ေလးေယာက္ကို ဒီေန႔ တရားလိုအပါအဝင္ တရားလို ျပ သက္ေသေတြ အကုန္လုံးကို စစ္ေဆးၿပီးေတာ့ ဒီေန႔ စြဲခ်က္အမိန႔္ခ်မွတ္ရမယ့္ေန႔ပါ။ ဒီေန႔ Video Conferencing နဲ႔ပဲ က်ေနာ္တို႔ အမႈစစ္တယ္။ တရားသူႀကီးရယ္၊ အမႈလိုက္ေရွ႕ေနရယ္၊ ဥပေဒအရာရွိရယ္” ဟု ေျပာသည္။

ထိုသို႔ အမႈစစ္စဥ္ “အဲ့လိုစစ္ေတာ့ တရားသူႀကီးက စြဲခ်က္အမိန႔္ကို ဖတ္ျပတယ္။ တရားသူႀကီးက မင္းတို႔အျပစ္ ရွိလား မရွိလားေျပာဆိုေတာ့ သူတို႔က အျပစ္ရွိတယ္လို႔ ဝန္ခံတယ္ခင္ဗ်။ အျပစ္ရွိတယ္လို႔ ဝန္ခံေတာ့ ေဘးစီမံ ၂၉ ကို ျပစ္ဒဏ္ အလုပ္နဲ႔ေထာင္ ၆ လ ခ်တယ္။ ၅၀၅ (ခ) ကို အလုပ္နဲ႔ေထာင္ဒဏ္ ႏွစ္ႏွစ္ခ်တယ္” ဟု တရား လႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ၫႊန႔္ေမာင္က ဆက္ေျပာသည္။

စစ္ေတြၿမိဳ႕နယ္ တရား႐ုံးက ေထာင္ဒဏ္ခ်မွတ္လိုက္သည့္ ရခိုင္လူငယ္ ၄ ဦးမွာ ရခိုင္ေက်ာင္းသား သမဂၢအဖြဲ႕ ဝင္ မ်ား ျဖစ္ၾကသည္။ ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢမွ ကိုေက်ာ္ႏိုင္ေဌး၊ ကိုဦးသန္းႏိုင္၊ ကိုျမတ္စိုးဝင္းႏွင့္ ဒဂုံ တကၠ သိုလ္ ရခိုင္ေက်ာင္းသားမ်ားသမဂၢမွ ကိုေကာင္းထြန္းတို႔ ျဖစ္သည္။

ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢမွ ႏိုင္ငံေရးဗ်ဴ႐ို တာဝန္ခံ ကိုတိုးတိုးေအာင္က “ဒီလိုခ်လိုက္တယ္ဆိုတာက သက္ သက္ႏွိမ္တာလို႔ပဲ ျမင္တယ္။ ပြင့္လင္းျမင္သာမႈလည္း မရွိဘူး။ တရားမွ်တမႈမလည္း မရွိဘူး။ အခုလိုျဖစ္သြား တာက လုံးလုံးႀကီးကို လုပ္ႀကံတာေပါ့ေနာ္။ ပြင့္လင္းျမင္သာမႈ မရွိတဲ့ တရားစီရင္မႈျဖစ္တယ္။ ဒီဟာေတြက အခု မွ မဟုတ္ဘူး။ က်ေနာ္တို႔ဘက္က လူငယ္ေတြက စစ္တပ္ကိုေရာ၊ အရပ္သားအစိုးရကိုေရာ အယုံအၾကည္ မရွိ ဘူး။ က်ေနာ္တို႔ကို ဖိႏွိပ္ေနတဲ့အရာျဖစ္တဲ့အတြက္ တြန္းလွန္ေနတာျဖစ္တယ္။ ဆက္ၿပီးတိုက္ပြဲဝင္သြားမွာပဲ” ဟု ေျပာသည္။

ယေန႔ ေထာင္ဒဏ္ ခ်မွတ္ခံလိုက္ရသည့္ ရခိုင္ေက်ာင္းသား ၄ ဦးမွာ ၿပီးခဲ့သည့္ ၂၀၂၀ ေအာက္တိုဘာ ၁၉ ရက္ေန႔ က စစ္ေတြၿမိဳ႕ေပၚတြင္ ကိုလိုနီအစိုးရ အလိုမရွိ၊ ဖက္ဆစ္စစ္တပ္ အလိုမရွိ၊ No Bloody Government၊ No Murder Army၊ Burmese Government Get Out၊ Burmese Army Get Out စသည့္ ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ ၿပီး ဆႏၵျပခဲ့ၾကသည့္အတြက္ ဖမ္းဆီးတရားစြဲဆိုခံခဲ့ရျခင္း ျဖစ္သည္။

ေထာင္တြင္းအခ်ဳပ္ ၁၁ လခန္႔ျဖင့္ အမႈရင္ဆိုင္ခဲ့ၾကရသည္။

ဓါတ္ပုံ – Narinjara