သတင်းသမား စည်သူအောင်မြင့်နှင့် မထက်ထက်ခိုင်တို့အမှုကို အွန်လိုင်းမှ ရုံးထုတ်ကာ ရုံးချိန်းပြန်ယူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။

မကြာသေးမီက ဖမ်းစီးပြီး အမှုဖွင့်ထားသည့် သတင်းသမား နှစ်ဦးကို စက်တင်ဘာလ ၁၇ ရက် (ယနေ့)တွင် အွန်လိုင်းမှ ရုံးထုတ်ခဲ့သည်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့် နှင့် BBC Media Action မှ အလွတ်တန်း သတင်းထောက် မထက်ထက်ခိုင် တို့ကို ရုံးထုတ်ပြီး နောက်ထပ် ရုံးချိန်းပြန်ယူခဲ့သည်ဟု တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့် က ပြောသည်။

“ဒီနေ့ဗဟန်းတရားရုံးမှာ video conferencing ကတစ်ဆင့် ရုံးထုတ်တာ။ စစ်တော့မစစ်ဘူး။ အောက်တိုဘာ ၁ ရက်နေ့ ရုံးချိန်း ပြန်ပေးလိုက်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့် က ပြောသည်။

ဦးစည်သူအောင်မြင့်ကို ဗဟန်းမြို့နယ် တရားရုံးတွင် တပ်မတော်အကြည် အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲတင်ထားရာမှ ပုဇွန်တောင်ရဲစခန်းတွင် ပုဒ်မ ၅၀၅ နှင့် ထပ်မံဖွင့်ခြင်းခံရ၍ ၅၀၅ ဖြင့် နှစ်မှု ဖြစ်သွားပြီဟု ၎င်း၏ ရှေ့နေက ပြောသည်။

ထို့အတူ အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်ကိုလည်း ဗဟန်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅(က)၊ မင်္ဂလာ တောင်ညွှန့်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၇(၁) တို့ဖြင့် အသီးသီးတရားစွဲဆိုထားပြီး လက်ရှိတွင် ၎င်းတို့ နှစ်ဦးကို အင်းစိန်ထောင်ကို ပို့ထားသည်ဟု ရှေ့နေ ဦးခင်မောင်မြင့် က ပြောသည်။

Federal FM တွင် Volunteer Editor အဖြစ် ဆောင်ရွက်နေခြင်းအတွက်ကြောင့် မထက်ထက်ခိုင်ကို မတရား အသင်း ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

VOA နှင့် Frontier သတင်းဌာနတို့တွင် ဆောင်းပါးများ ရေးသားနေသည့် ပင်တိုင်ဆောင်းပါးရှင် သတင်းစာဆရာ တစ်ဦး ဖြစ်သူ ဦးစည်သူအောင်မြင့်ကို ဩဂုတ်လ တတိယအပတ်တုန်းက ၎င်းနေထိုင် တိမ်းရှောင်နေသည့် ရန် ကုန်မြို့ တိုက်ခန်းတစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

မြန်မာနိုင်ငံတွင် သတင်းသမားများကို ဖမ်းဆီးအကျဉ်းချပြီး ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ခြင်းကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီသည် သတင်းသမားများကို အပြင်းအထန် ဖိနှိပ်မှုများ လုပ်ဆောင်နေခြင်း ပေါ် လွင်ကြောင်း RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့ က ထုတ်ပြန် ကြေငြာထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက နောက်ထပ် သတင်းထောက်နှစ်ယောက်ထပ်မံဖမ်းဆီးခံရသည့်အတွက် မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် သတင်းထောက် စုစုပေါင်း ၅၆ ယောက်ရှိနေပြီး ဖြစ်ကြောင်း RSF က ထည့်သွင်း ဖော်ပြ ထားသည်။

ယခုရက်ပိုင်း စစ်ကောင်စီသည် သတင်းမီဒီယာသမားများကို ပစ်မှတ်ထား ဖမ်းဆီးသည့် လုပ်ဆောင်မှုတွေ ပြန် လုပ်နေခြင်းဖြစ်ပြီး ပြင်းထန်သော ပုဒ်မများဖြင့်ပါ တရားစွဲဆိုခံနေသည့် အခြေအနေသည် သတင်းမီဒီယာ သမားများ အတွက် စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်ကြောင်း ဥပဒေပညာရှင် တစ်ဦး က ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများ ဖမ်းဆီးခံရခြင်း၊ မီဒီယာ သတင်းဌာနအချို့ လိုင်စင်ပိတ်သိမ်း ခံရခြင်းများ ရှိခဲ့ပြီး လက်ရှိအချိန်တွင် သတင်းသမားများလည်း ဖမ်းဆီးခံ မည်ကို စိုးရိမ်၍ တိမ်းရှောင်နေသူများလည်း ရှိသည်။

*** ZAWGYI ***
သတင္းသမား စည္သူေအာင္ျမင့္ႏွင့္ မထက္ထက္ခိုင္တို႔အမႈကို အြန္လိုင္းမွ ႐ုံးထုတ္ကာ ႐ုံးခ်ိန္းျပန္ယူ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၇ ရက္။

မၾကာေသးမီက ဖမ္းစီးၿပီး အမႈဖြင့္ထားသည့္ သတင္းသမား ႏွစ္ဦးကို စက္တင္ဘာလ ၁၇ ရက္ (ယေန႔)တြင္ အြန္လိုင္းမွ ႐ုံးထုတ္ခဲ့သည္။

သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္ ႏွင့္ BBC Media Action မွ အလြတ္တန္း သတင္းေထာက္ မထက္ထက္ခိုင္ တို႔ကို ႐ုံးထုတ္ၿပီး ေနာက္ထပ္ ႐ုံးခ်ိန္းျပန္ယူခဲ့သည္ဟု တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ျမင့္ က ေျပာသည္။

“ဒီေန႔ဗဟန္းတရား႐ုံးမွာ video conferencing ကတစ္ဆင့္ ႐ုံးထုတ္တာ။ စစ္ေတာ့မစစ္ဘူး။ ေအာက္တိုဘာ ၁ ရက္ေန႔ ႐ုံးခ်ိန္း ျပန္ေပးလိုက္တယ္” ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ျမင့္ က ေျပာသည္။

ဦးစည္သူေအာင္ျမင့္ကို ဗဟန္းၿမိဳ႕နယ္ တရား႐ုံးတြင္ တပ္မေတာ္အၾကည္ အညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က)ျဖင့္ တရားစြဲတင္ထားရာမွ ပုဇြန္ေတာင္ရဲစခန္းတြင္ ပုဒ္မ ၅၀၅ ႏွင့္ ထပ္မံဖြင့္ျခင္းခံရ၍ ၅၀၅ ျဖင့္ ႏွစ္မႈ ျဖစ္သြားၿပီဟု ၎၏ ေရွ႕ေနက ေျပာသည္။

ထို႔အတူ အလြတ္တန္းသတင္းေထာက္ မထက္ထက္ခိုင္ကိုလည္း ဗဟန္းၿမိဳ႕နယ္ တရား႐ုံးတြင္ ပုဒ္မ ၅၀၅(က)၊ မဂၤလာ ေတာင္ၫႊန႔္ၿမိဳ႕နယ္ တရား႐ုံးတြင္ ပုဒ္မ ၁၇(၁) တို႔ျဖင့္ အသီးသီးတရားစြဲဆိုထားၿပီး လက္ရွိတြင္ ၎တို႔ ႏွစ္ဦးကို အင္းစိန္ေထာင္ကို ပို႔ထားသည္ဟု ေရွ႕ေန ဦးခင္ေမာင္ျမင့္ က ေျပာသည္။

Federal FM တြင္ Volunteer Editor အျဖစ္ ေဆာင္႐ြက္ေနျခင္းအတြက္ေၾကာင့္ မထက္ထက္ခိုင္ကို မတရား အသင္း ဥပေဒ ပုဒ္မ ၁၇ (၁) ျဖင့္ တရားစြဲဆိုထားျခင္း ျဖစ္သည္။

VOA ႏွင့္ Frontier သတင္းဌာနတို႔တြင္ ေဆာင္းပါးမ်ား ေရးသားေနသည့္ ပင္တိုင္ေဆာင္းပါးရွင္ သတင္းစာဆရာ တစ္ဦး ျဖစ္သူ ဦးစည္သူေအာင္ျမင့္ကို ဩဂုတ္လ တတိယအပတ္တုန္းက ၎ေနထိုင္ တိမ္းေရွာင္ေနသည့္ ရန္ ကုန္ၿမိဳ႕ တိုက္ခန္းတစ္ခုတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးခဲ့သည္။

ျမန္မာႏိုင္ငံတြင္ သတင္းသမားမ်ားကို ဖမ္းဆီးအက်ဥ္းခ်ၿပီး ျပင္ပႏွင့္ အဆက္အသြယ္ ျဖတ္ေတာက္ျခင္းကို ၾကည့္ျခင္းအားျဖင့္ စစ္ေကာင္စီသည္ သတင္းသမားမ်ားကို အျပင္းအထန္ ဖိႏွိပ္မႈမ်ား လုပ္ေဆာင္ေနျခင္း ေပၚ လြင္ေၾကာင္း RSF ေခၚ နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႕က စက္တင္ဘာလ ၁၆ ရက္ေန႔ က ထုတ္ျပန္ ေၾကျငာထားသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းက ေနာက္ထပ္ သတင္းေထာက္ႏွစ္ေယာက္ထပ္မံဖမ္းဆီးခံရသည့္အတြက္ ျမန္မာႏိုင္ငံတြင္ ဖမ္းဆီးခံထားရသည့္ သတင္းေထာက္ စုစုေပါင္း ၅၆ ေယာက္ရွိေနၿပီး ျဖစ္ေၾကာင္း RSF က ထည့္သြင္း ေဖာ္ျပ ထားသည္။

ယခုရက္ပိုင္း စစ္ေကာင္စီသည္ သတင္းမီဒီယာသမားမ်ားကို ပစ္မွတ္ထား ဖမ္းဆီးသည့္ လုပ္ေဆာင္မႈေတြ ျပန္ လုပ္ေနျခင္းျဖစ္ၿပီး ျပင္းထန္ေသာ ပုဒ္မမ်ားျဖင့္ပါ တရားစြဲဆိုခံေနသည့္ အေျခအေနသည္ သတင္းမီဒီယာ သမားမ်ား အတြက္ စိုးရိမ္စရာ အေျခအေနတစ္ခု ျဖစ္ေၾကာင္း ဥပေဒပညာရွင္ တစ္ဦး က ေျပာသည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းသမားမ်ား ဖမ္းဆီးခံရျခင္း၊ မီဒီယာ သတင္းဌာနအခ်ိဳ႕ လိုင္စင္ပိတ္သိမ္း ခံရျခင္းမ်ား ရွိခဲ့ၿပီး လက္ရွိအခ်ိန္တြင္ သတင္းသမားမ်ားလည္း ဖမ္းဆီးခံ မည္ကို စိုးရိမ္၍ တိမ္းေရွာင္ေနသူမ်ားလည္း ရွိသည္။