မြို့နယ် ဒု-ထွေအုပ် တစ်ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ဒု-အုပ်ချုပ်ရေးမှူး တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက ပြောသည်။

စက်တင်ဘာ ၁၈ ရက်နေ့ (ယမန်နေ့) ညနေ ၅ နာရီ ဝန်းကျင် အချိန်ခန့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည်စုံကို လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

“စစ်သားတွေက သေနတ်တွေနဲ့ချိန်ပြီး ဖမ်းသွားတာမြင်ကြရတယ်။ ဘာကြောင့် ဖမ်းသွားလဲ မိသားစုဝင် တွေလည်း မသိကြဘူး။ ဌာနက အထက်လူကြီးလည်း မသိဘူး” ဟု ဦးပြည့်စုံ နှင့် တစ်ရုံးတည်း လုပ်ဖော်ကိုင် ဖက် ဝန်ထမ်းတစ်ဦး က ပြောသည်။

ဦးပြည့်စုံကို လာဖမ်းသူများတွင် စစ်သားများသာမက အရပ်ဝတ်ဖြင့် လူအချို့လည်း ပါဝင်ကြောင်း မိသားစု ဝင်များက ပြောသည်။

ဦးပြည့်စုံသည်စစ်ကောင်စီ၏ အုပ်ချုပ်ရေး အဖွဲ့တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပြီး CDM ပြုလုပ်သူလည်းမဟုတ်ဟု ၎င်း၏ လုပ်ဖော်ကိုင်ဖက် က ပြောသည်။

ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးကမူ ဦးပြည့်စုံကို ရဲစခန်းတွင် ဖမ်းထားခြင်းမရှိကြောင်း၊ မည်သူမည်ဝါက လာ ရောက်ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ဖမ်းထားသည်ကိုလည်း မသိရှိသေးဘူး ဟု ပြောသည်။

“ရဲကဖမ်းတာလည်း မဟုတ်ဘူး။ စခန်းမှာလည်း မရှိဘူး။ ဆိုတော့ စစ်တပ်ကဖမ်းပြီး ပုသိမ်က ထောက်လှမ်း ရေး တပ်စစ်ကျောရေး စခန်းကို ခေါ်သွားတာဖြစ်မယ်။ ထွေအုပ်ဝန်ထမ်း အဖမ်းခံရတာ ဒါပထမဆုံးအကြိမ်ပဲ” ဟု ကန်ကြီးထောင့် မြိုခံ ဦးဝင်းတင်က မှတ်ချက်ပြု ပြောဆိုသည်။

ကန်ကြီးထောင့်မြို့မှ စစ်ကောင်စီသတင်းပေး “ဒလန်” ဟု နာမည်ကျော်ဇောသူ မောင်မောင်မြင့် အသတ်ခံ ရပြီး နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မြို့အတွင်း ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး စက်တင်ဘာလ ၁၉ ရက်နေ့အထိ ဒေသခံ ၄၀ ဦးဝန်းကျင် ဖမ်းဆီးထားရသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ဖမ်းဆီးခံထားရသူများအနက် ၁၀ ဦးခန့်သာ ပြန်လည်လွှတ်မြောက်လာသေးသည်ဟု ဆိုကြသည်။

*** ZAWGYI ***
ၿမိဳ႕နယ္ ဒု-ေထြအုပ္ တစ္ဦး ဖမ္းခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၉ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန၏ ဒု-အုပ္ခ်ဳပ္ေရးမႉး တစ္ဦးကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္ဟု မိသားစုဝင္မ်ားက ေျပာသည္။

စက္တင္ဘာ ၁၈ ရက္ေန႔ (ယမန္ေန႔) ညေန ၅ နာရီ ဝန္းက်င္ အခ်ိန္ခန႔္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဒု-ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးျပည္စုံကို လာေရာက္ ဖမ္းဆီးသြားျခင္း ျဖစ္သည္ဟု မိသားစုဝင္မ်ားက ေျပာသည္။

“စစ္သားေတြက ေသနတ္ေတြနဲ႔ခ်ိန္ၿပီး ဖမ္းသြားတာျမင္ၾကရတယ္။ ဘာေၾကာင့္ ဖမ္းသြားလဲ မိသားစုဝင္ ေတြလည္း မသိၾကဘူး။ ဌာနက အထက္လူႀကီးလည္း မသိဘူး” ဟု ဦးျပည့္စုံ ႏွင့္ တစ္႐ုံးတည္း လုပ္ေဖာ္ကိုင္ ဖက္ ဝန္ထမ္းတစ္ဦး က ေျပာသည္။

ဦးျပည့္စုံကို လာဖမ္းသူမ်ားတြင္ စစ္သားမ်ားသာမက အရပ္ဝတ္ျဖင့္ လူအခ်ိဳ႕လည္း ပါဝင္ေၾကာင္း မိသားစု ဝင္မ်ားက ေျပာသည္။

ဦးျပည့္စုံသည္စစ္ေကာင္စီ၏ အုပ္ခ်ဳပ္ေရး အဖြဲ႕တြင္ လက္ရွိ တာဝန္ထမ္းေဆာင္ေနသူ တစ္ဦးျဖစ္ၿပီး CDM ျပဳလုပ္သူလည္းမဟုတ္ဟု ၎၏ လုပ္ေဖာ္ကိုင္ဖက္ က ေျပာသည္။

ရဲတပ္ဖြဲ႕ တာဝန္ရွိသူ တစ္ဦးကမူ ဦးျပည့္စုံကို ရဲစခန္းတြင္ ဖမ္းထားျခင္းမရွိေၾကာင္း၊ မည္သူမည္ဝါက လာ ေရာက္ဖမ္းဆီးသြားၿပီး မည္သည့္ေနရာတြင္ ဖမ္းထားသည္ကိုလည္း မသိရွိေသးဘူး ဟု ေျပာသည္။

“ရဲကဖမ္းတာလည္း မဟုတ္ဘူး။ စခန္းမွာလည္း မရွိဘူး။ ဆိုေတာ့ စစ္တပ္ကဖမ္းၿပီး ပုသိမ္က ေထာက္လွမ္း ေရး တပ္စစ္ေက်ာေရး စခန္းကို ေခၚသြားတာျဖစ္မယ္။ ေထြအုပ္ဝန္ထမ္း အဖမ္းခံရတာ ဒါပထမဆုံးအႀကိမ္ပဲ” ဟု ကန္ႀကီးေထာင့္ ၿမိဳခံ ဦးဝင္းတင္က မွတ္ခ်က္ျပဳ ေျပာဆိုသည္။

ကန္ႀကီးေထာင့္ၿမိဳ႕မွ စစ္ေကာင္စီသတင္းေပး “ဒလန္” ဟု နာမည္ေက်ာ္ေဇာသူ ေမာင္ေမာင္ျမင့္ အသတ္ခံ ရၿပီး ေနာက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ၿမိဳ႕အတြင္း ဖမ္းဆီးမႈမ်ား ဆက္တိုက္လုပ္ေဆာင္ေနၿပီး စက္တင္ဘာလ ၁၉ ရက္ေန႔အထိ ေဒသခံ ၄၀ ဦးဝန္းက်င္ ဖမ္းဆီးထားရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ထိုသို႔ ဖမ္းဆီးခံထားရသူမ်ားအနက္ ၁၀ ဦးခန႔္သာ ျပန္လည္လႊတ္ေျမာက္လာေသးသည္ဟု ဆိုၾကသည္။