နေ့စဉ်ဆန္ဒပြနေခဲ့သည့် လောင်းလုံ သပိတ် ပစ်ခတ် ဖြိုခွင်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။

ထားဝယ်ခရိုင် လောင်းလုံမြို့နယ် အင်းဇောက်ကျေးရွာတွင် သပိတ်စစ်ကြောင်း စတင်ထွက်ခွာရန် ပြင်ဆင်နေစဉ် အရပ်ဝတ်ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များ က လာရောက်ပစ်ခတ်ဖြိုခွင်းခဲ့သည်ဟု သပိတ်တွင် ပါဝင်သူများက ပြောသည်။

ပစ်ခတ်ဖြိုခွင်းခံရသည့် သပိတ်စစ်ကြောင်းကို ထားဝယ်ခရိုင် သပိတ်ကျင်းပရေးကော်မတီက ဦးဆောင်၍ နေ့စဉ် မပျက် လောင်းလုံးမြို့နယ် အတွင်းရှိ လူငယ်များပါဝင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆောင်ရွက်နေသည့် စစ်ကြောင်း တစ်ခု ဖြစ်သည်။

သပိတ်စစ်ကြောင်း စထွက်ချိန် အရပ်ဝတ်များ ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်သား ၅ ဦးခန့်သည် အိမ်စီး ကား တစ်စီးဖြင့် လာရောက် ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၂၅ နှစ် အရွယ် အမျိုးသမီး တစ်ဦး က ပြောသည်။

“သေနတ်နဲ့ လာပစ်တော့ အားလုံး ရုန်းရင်းဆန်ခတ်ဖြစ် ကုန်တာပေါ့။ လဲသူလဲပေါ့။ အချင်းချင်း မ ထူ ပြီး ပြေး ကြရတာ။ အဖမ်းခံရသူ မရှိပေမယ့် ဆိုင်ကယ်အစီး နှစ်ဆယ်လောက် ယူဆသွားတယ်လို့ သိရတယ်“ ဟု အဆိုပါ အသက် ၂၅ နှစ် အရွယ် အမျိုးသမီးက ပြောသည်။

စက်တင်ဘာ ၁၉ ရက်(ယနေ့) နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် သပိတ်စစ်ကြောင်း စတင်ထွက်ခွာရန် စီစဉ်ထား သည့် အင်းဇောက်ကျေးရွာ၊ ပြည်လုံးချမ်းသာ ဘုရားမုဒ်ဦး အနီးတွင် ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။

ထားဝယ်ခရိုင်အတွင်း မြို့နယ်တိုင်းနီးပါး စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြမှုများ နေ့စဉ် ပြုလုပ်လျှက် ရှိနေ ပြီး စစ်ကောင်စီတပ်ဖွဲ့များကလည်း ဖြိုခွင်းနိုင်ရေး အကြိမ်ကြိမ် ကြိုးပမ်းနေသည်ဟု သပိတ်စစ်ကြောင်း တွင် ပါဝင်သူများ၏ ပြောပြချက်အရ သိရသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ အောက်ရေဖြူ၊ ကဒက်ငယ်ထိန်ကျေးရွာများတွင် စစ်ကောင်စီက တပ်စွဲထားပြီး
အစစ်အဆေးများ ပိုမိုတင်းကြပ်စွာ ဆောင်ရွက်လျှက်ရှိသည်။

*** ZAWGYI ***
ေန႔စဥ္ဆႏၵျပေနခဲ့သည့္ ေလာင္းလုံ သပိတ္ ပစ္ခတ္ ၿဖိဳခြင္းခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၉ ရက္။

ထားဝယ္ခ႐ိုင္ ေလာင္းလုံၿမိဳ႕နယ္ အင္းေဇာက္ေက်း႐ြာတြင္ သပိတ္စစ္ေၾကာင္း စတင္ထြက္ခြာရန္ ျပင္ဆင္ေနစဥ္ အရပ္ဝတ္ဝတ္ဆင္ထားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ မ်ား က လာေရာက္ပစ္ခတ္ၿဖိဳခြင္းခဲ့သည္ဟု သပိတ္တြင္ ပါဝင္သူမ်ားက ေျပာသည္။

ပစ္ခတ္ၿဖိဳခြင္းခံရသည့္ သပိတ္စစ္ေၾကာင္းကို ထားဝယ္ခ႐ိုင္ သပိတ္က်င္းပေရးေကာ္မတီက ဦးေဆာင္၍ ေန႔စဥ္ မပ်က္ ေလာင္းလုံးၿမိဳ႕နယ္ အတြင္းရွိ လူငယ္မ်ားပါဝင္ကာ စစ္အာဏာရွင္ ဆန႔္က်င္ေရး ေဆာင္႐ြက္ေနသည့္ စစ္ေၾကာင္း တစ္ခု ျဖစ္သည္။

သပိတ္စစ္ေၾကာင္း စထြက္ခ်ိန္ အရပ္ဝတ္မ်ား ဝတ္ဆင္ထားသည့္ စစ္ေကာင္စီတပ္သား ၅ ဦးခန႔္သည္ အိမ္စီး ကား တစ္စီးျဖင့္ လာေရာက္ ပစ္ခတ္ၿဖိဳခြင္းခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူ အသက္ ၂၅ ႏွစ္ အ႐ြယ္ အမ်ိဳးသမီး တစ္ဦး က ေျပာသည္။

“ေသနတ္နဲ႔ လာပစ္ေတာ့ အားလုံး ႐ုန္းရင္းဆန္ခတ္ျဖစ္ ကုန္တာေပါ့။ လဲသူလဲေပါ့။ အခ်င္းခ်င္း မ ထူ ၿပီး ေျပး ၾကရတာ။ အဖမ္းခံရသူ မရွိေပမယ့္ ဆိုင္ကယ္အစီး ႏွစ္ဆယ္ေလာက္ ယူဆသြားတယ္လို႔ သိရတယ္“ ဟု အဆိုပါ အသက္ ၂၅ ႏွစ္ အ႐ြယ္ အမ်ိဳးသမီးက ေျပာသည္။

စက္တင္ဘာ ၁၉ ရက္(ယေန႔) နံနက္ ၉ နာရီခြဲ အခ်ိန္ခန႔္တြင္ သပိတ္စစ္ေၾကာင္း စတင္ထြက္ခြာရန္ စီစဥ္ထား သည့္ အင္းေဇာက္ေက်း႐ြာ၊ ျပည္လုံးခ်မ္းသာ ဘုရားမုဒ္ဦး အနီးတြင္ ၿဖိဳခြင္းခဲ့ျခင္း ျဖစ္သည္။

ထားဝယ္ခ႐ိုင္အတြင္း ၿမိဳ႕နယ္တိုင္းနီးပါး စစ္အာဏာရွင္ ဆန္႔က်င္သည့္ ဆႏၵျပမႈမ်ား ေန႔စဥ္ ျပဳလုပ္လွ်က္ ရွိေန ၿပီး စစ္ေကာင္စီတပ္ဖြဲ႕မ်ားကလည္း ၿဖိဳခြင္းႏိုင္ေရး အႀကိမ္ႀကိမ္ ႀကိဳးပမ္းေနသည္ဟု သပိတ္စစ္ေၾကာင္း တြင္ ပါဝင္သူမ်ား၏ ေျပာျပခ်က္အရ သိရသည္။

ေလာင္းလုံးၿမိဳ႕နယ္အတြင္းရွိ ေအာက္ေရျဖဴ၊ ကဒက္ငယ္ထိန္ေက်း႐ြာမ်ားတြင္ စစ္ေကာင္စီက တပ္စြဲထားၿပီး
အစစ္အေဆးမ်ား ပိုမိုတင္းၾကပ္စြာ ေဆာင္႐ြက္လွ်က္ရွိသည္။