ကန်ကြီးထောင့် ပျောက်ကြားတပ်ဖွဲ့အား စစ်ကောင်စီတပ်မှ စီးနင်းတိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် တောတွင်းရှိ မြို့ပြပြောက်ကျား တပ်ဖွဲ့စခန်း တစ်ခုအား စက်တင်ဘာ ၂၁ ရက် နေ့ညက စစ်ကောင်စီတပ်စု တစ်စုက ပထမဆုံးအကြိမ် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြော သည်။

စက်တင်ဘာ ၂၁ ရက်နေ့ ည ၈နာရီ အချိန် ဝန်းကျင်ခန့်က ကန်ကြီးထောင့်မြို့နယ် ရွာသစ်ကုန်း ကျေးရွာ အုပ်စု၊ မဂူကျွန်း ကျေးရွာအနီး တောတွင်း ရှိ မြို့ပြ ပြောက်ကျား တပ်ဖွဲ့များ၏ စခန်းငယ် တစ်ခုကို အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ က စီးနင်းတိုက်ခိုက်သော်လည်း နှစ်ဖက် ကျဆုံးမှု မရှိဟု ဒေသခံများ ပြောသည်။

“ဗုံးကွဲသံ နှစ်ခါကြားရတယ်။ ပစ်ခတ် သံကြားရတယ်။ အသံတွေကတော့ တစ်ဖက်သတ် ပစ်သံပါ။ ဘယ်သူမှ လည်း သေတယ် ဖမ်းမိတယ် မတွေ့ရ မကြားတော့ PDF တွေရှောင် သွားနိုင်ပုံရတယ်” ဟု မဂူကျွန်းကျေးရွာ က ဒေသခံ တစ်ဦးက ပြောသည်။

ပြောက်ကျားတပ်ဖွဲ့ က ထောင်ထားခဲ့သည့် မိုင်းပေါက်ကွဲမှု ဖြစ်ပြီး စစ်တပ်ဘက်မှ တောတွင်း သို့ သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ပြောက်ကျားတပ်ဖွဲ့ဝင်များ လွတ်မြောက်သွား ကြောင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် နီးစပ်သူ အချို့က ပြောပြသည်။

“တောနင်းရှာနေတာထင်ပါတယ်။ စစ်သား အင်အားတော့ သိပ်မများဘူး ၂၀ ဝန်းကျင်လောက်ပဲရှိမယ်။ တပ် တွေမှာအင်အား သိပ်မရှိဘူးထင်တယ်” ဟု ဒေသခံ စစ်မှုထမ်းဟောင်း တစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်များက ကန်ကြီးထောင့်မြို့နယ် အတွင်းက ကျေးလက် တောတွင်း လမ်းများ၊ နယ်မြေထိစပ် နေ သည့် သာပေါင်း မြို့နယ်၊ ကျောင်းကုန်မြို့နယ်၊ ပုသိမ်မြို့နယ်တို့ရှိ တောတွင်း ဆက်စပ် နယ်မြေများကို ပိတ်ဆို့ ရှာဖွေမှု လုပ်နေကြောင်း ဒေသခံများက ပြောသည်။

*** ZAWGYI ***
ကန္ႀကီးေထာင့္ ေပ်ာက္ၾကားတပ္ဖြဲ႕အား စစ္ေကာင္စီတပ္မွ စီးနင္းတိုက္ခိုက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္ ေတာတြင္းရွိ ၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕စခန္း တစ္ခုအား စက္တင္ဘာ ၂၁ ရက္ ေန႔ညက စစ္ေကာင္စီတပ္စု တစ္စုက ပထမဆုံးအႀကိမ္ စီးနင္းတိုက္ခိုက္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာ သည္။

စက္တင္ဘာ ၂၁ ရက္ေန႔ ည ၈နာရီ အခ်ိန္ ဝန္းက်င္ခန႔္က ကန္ႀကီးေထာင့္ၿမိဳ႕နယ္ ႐ြာသစ္ကုန္း ေက်း႐ြာ အုပ္စု၊ မဂူကြၽန္း ေက်း႐ြာအနီး ေတာတြင္း ရွိ ၿမိဳ႕ျပ ေျပာက္က်ား တပ္ဖြဲ႕မ်ား၏ စခန္းငယ္ တစ္ခုကို အင္အား ၃၀ ခန႔္ရွိသည့္ စစ္ေကာင္စီတပ္ဖြဲ႕ က စီးနင္းတိုက္ခိုက္ေသာ္လည္း ႏွစ္ဖက္ က်ဆုံးမႈ မရွိဟု ေဒသခံမ်ား ေျပာသည္။

“ဗုံးကြဲသံ ႏွစ္ခါၾကားရတယ္။ ပစ္ခတ္ သံၾကားရတယ္။ အသံေတြကေတာ့ တစ္ဖက္သတ္ ပစ္သံပါ။ ဘယ္သူမွ လည္း ေသတယ္ ဖမ္းမိတယ္ မေတြ႕ရ မၾကားေတာ့ PDF ေတြေရွာင္ သြားႏိုင္ပုံ ရတယ္” ဟု မဂူကြၽန္းေက်း႐ြာ က ေဒသခံ တစ္ဦးက ေျပာသည္။

ေျပာက္က်ားတပ္ဖြဲ႕ က ေထာင္ထားခဲ့သည့္ မိုင္းေပါက္ကြဲမႈ ျဖစ္ၿပီး စစ္တပ္ဘက္မွ ေတာတြင္း သို႔ ေသနတ္ျဖင့္ ၁၀ ခ်က္ခန႔္ ပစ္ခတ္ခဲ့ေၾကာင္း၊ သို႔ေသာ္ ေျပာက္က်ားတပ္ဖြဲ႕ဝင္မ်ား လြတ္ေျမာက္သြား ေၾကာင္း စစ္ေကာင္စီတပ္ဖြဲ႕ ႏွင့္ နီးစပ္သူ အခ်ိဳ႕က ေျပာျပသည္။

“ေတာနင္းရွာေနတာထင္ပါတယ္။ စစ္သား အင္အားေတာ့ သိပ္မမ်ားဘူး ၂၀ ဝန္းက်င္ေလာက္ပဲရွိမယ္။ တပ္ ေတြမွာအင္အား သိပ္မရွိဘူးထင္တယ္” ဟု ေဒသခံ စစ္မႈထမ္းေဟာင္း တစ္ဦးက ေျပာသည္။

စစ္ေကာင္စီ တပ္မ်ားက ကန္ႀကီးေထာင့္ၿမိဳ႕နယ္ အတြင္းက ေက်းလက္ ေတာတြင္း လမ္းမ်ား၊ နယ္ေျမထိစပ္ ေန သည့္ သာေပါင္း ၿမိဳ႕နယ္၊ ေက်ာင္းကုန္ၿမိဳ႕နယ္၊ ပုသိမ္ၿမိဳ႕နယ္တို႔ရွိ ေတာတြင္း ဆက္စပ္ နယ္ေျမမ်ားကို ပိတ္ဆို႔ ရွာေဖြမႈ လုပ္ေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။