ရခိုင်ကျောင်းသား လေးဦးအမှု ခရိုင်အဆင့် အယူခံဝင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

ထောင်နှစ်နှစ်ခွဲစီ ချမှတ်ခံလိုက်ရသည့် ရခိုင်ကျောင်းသား ၄ ဦး အမှု မြို့နယ်တရားရုံးမှ ခရိုင်အဆင့်အယူခံ တက်ရန် စီစဉ်ထားသည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေက ပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးမှ ရက္ခိုင်ပြည် ကျောင်းသားများ သမဂ္ဂက ကျောင်းသား ၄ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်လိုက်သည့်အပေါ် ခရိုင်အဆင့်သို့ အယူခံတက်ရန် စီစဉ်ထားသည်ဟု ၎င်းတို့၏ ရှေ့နေက ပြောသည်။

အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင် က “အမြင့်ဆုံးပြစ်ဒဏ်ကို ပေး တော့ ပြစ်မှုထင်ရှားတွေ့ရှိတာကိုတော့ ကျနော်တို့ မပြောလိုပါဘူး။ ပြစ်ဒဏ်ပေးတာ နည်းနည်းများတယ်လို့ပဲ ကျနော့်အနေနဲ့ ယူဆတယ်” ဟု ပြောသည်။

ထို့ကြောင့် အမှုလိုက်ရှေ့နေတစ်ယောက်အနေဖြင့် “ကျနော်တို့က အောက်ခြေမြို့နယ်တရားသူကြီး တစ် ယောက်ရဲ့ အတွေ့အကြုံ၊ ဆင်ခြင်တုံတရားနဲ့ ကျနော်တို့ ခရိုင်တရားသူကြီး အတွေ့အကြုံ ဆင်ခြင်တုံတရား နဲ့တော့ ကွာတာပေါ့ဗျာ။ အောက်ရုံးက ချတဲ့ပြစ်ဒဏ်တွေ အပေါ်ရုံးကတော့ ကျနော်တို့ ပြစ်ဒဏ်ကို တိုးလို့ ရ တယ်။ လျှော့လို့ရတယ်။ အပေါ်ရုံးဆိုတော့ ပိုပြီးတော့ ကြားနာလို့ရတာကိုး။ ခရိုင်တရားသူကြီးတွေဆိုတော့ အတွေ့အကြုံ လည်း အများကြီးရှိတယ်လေ။ အဲ့တော့ အယူခံတို့ ပြင်ဆင်မှုတို့တက်တဲ့အပေါ်မှာ ဆင်ခြင်လို့ ရတာကိုး။ အဲ့တော့ ကျနော့်အနေနဲ့က ခရိုင်တရားရုံးကို အယူခံတက်လိုရင် ပြစ်ဒဏ်ပိုင်းဆိုင်ရာ အောင်မြင်မှု ရလိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျ” ဟု ပြောသည်။

ရခိုင်ပြည်နယ်ထဲတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲကာလအတွင်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ် သက်၍ ဆန္ဒပြခဲ့ကြသည့် ရခိုင်လူငယ် ၄ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများဖြင့် ဖမ်းဆီး တရားစွဲထားပြီး ယခုလ ၁၆ ရက်နေ့က အမြင့်ဆုံး ပြစ်ဒဏ်ချ မှတ် လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ ပြောချင်တာက ဒီကလေးတွေက တက္ကသိုလ်ကျောင်းသားတွေ၊ ကလေးတွေ၊ ၅၀၅(ခ) က အမြင့် ဆုံး ပြစ်ဒဏ်က နှစ်နှစ်ရှိတယ်ဗျ။ နှစ်နှစ်ဖြစ်တဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချ မှတ်လို့ ရမယ်လို့ ဆိုထားတာကိုး။ အဲ့လိုဆိုတော့ အမြင့်ဆုံး ပြစ်ဒဏ်နှစ်နှစ်ကို ချမှတ်လိုက်တဲ့အခါမှာ ဒီခလေး တွေ အတွက်တော့ နစ်နာတာပေါ့ဗျာ။ ကျနော်က ပြစ်မှု ကျူးလွန်တယ် မကျူးလွန်ဘူးဆိုတာ မပြောလိုဘူး။ အပြစ် ပေးတဲ့အပိုင်းကိုတော့ ကျနော် အဲ့ဒါကျတော့ ပြစ်ဒဏ်အနေနဲ့ကတော့ များတာပေါ့ဗျာ။ အဲ့ဒီဟာနဲ့ ပတ် သက် ပြီးတော့လည်း ကျနော်က ခလေးတွေနဲ့ ပြောပြီးတော့ အမှုနှစ်မှုလုံးကို ကျနော်တို့က စီရင်ချက် ပို့ထား တယ်။ အပေါ် ကို တက်ဖို့အတွက်လေ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင် က ဆက်ပြောသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)ကို အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီ နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု(ဘေးစီမံ) ဥပဒေ ပုဒ်မ ၂၉ ကို ၆ လစီ ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဘေးစီမံ ဥပဒေပုဒ်မနှင့် ပတ်သက်၍ တရားလိုအား တရားသူကြီးမှ စစ်ဆေးစဉ် အဆိုပါ အမှုနှင့်ပတ်သက်၍ မသိဘူးဟု ထွက်ဆိုသောလည်း ပြစ်ဒဏ်စီရင်ချမှတ်ရာတွင် ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ်လည်း ဦးကျော် ညွှန့်မောင်က ယခုကဲ့သို့ ဆက်ပြောသည်။

“နောက်တစ်ခုကျတော့ ဘေးစီမံအမှုမှာက ကျနော်တို့ တရားလိုကို စစ်တဲ့အခါမှာ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ မသိဘူး ဆိုပြီးတော့ ရုံးချိန်းမှာပြောတယ်။ ကျနော်သိတာက အစိုးရရုံးရှေ့မှာဆန္ဒပြတာပဲ သိတယ်လို့ ပြောတာ ကိုး။ အေး အဲ့ဒါလည်း ခလေးတွေက ဘယ်လိုပဲ အမှုတွဲမှာပေါ်ပေါက်နေပါစေ ကလေးတွေကို တရားသူကြီးက အပြစ်ရှိလားမေးတော့ အပြစ်ရှိတယ်လို့ ပြောလိုက်တော့ တရားသူကြီးက အဲ့ဒီအပေါ်မှာ ပြစ်ဒဏ်ပေးတာ ပေါ့ နော်။”

ထိုကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ကလည်း လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုမှုကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်ရာ ရောက်ကြောင်း၊ ထောင်ချမှတ်သည့်အပေါ် ကန့်ကွက်ရှုတ်ချ ကြောင်းနှင့် စစ်ကောင်စီအနေဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ နိုင်ငံရေးဗျူရို တာဝန်ခံ ကိုတိုးတိုးအောင်က “ကျနော်တို့ကတော့ ဖိနှိပ်လေလေ ကြွလေလေပေါ့၊ ကျနော်တို့ အရပ်သားအစိုးရကတည်းက အစိုးရအပေါ်မှာရော စစ်တပ်အပေါ်မှာရော ယုံ ကြည်မှု မရှိတော့ပါဘူး။ ကျနော်တို့အပေါ်မှာ ဖိနှိပ်နေတဲ့အရာဖြစ်လို့ တွန်းလှန်နေတာဖြစ်တယ်။ ကျနော်တို့က အားလုံး အတွက် ရဲရဲဝံ့ဝံ့ ဆက်ပြီးတော့မှ တိုက်ပွဲဝင်သွားဖို့အတွက် အသင့်ရှိတယ်။ ဒီလိုလုပ်လို့လည်း လူငယ် တွေက ကြောက်သွားမှာ မဟုတ်ပါဘူး။ ငါတို့ကို မတရားလုပ်တယ်ဆိုပြီးတော့ သွေးပိုပြီးမှ ရဲလာမယ်လေ ဒီ ဘက်က လူငယ်တွေက” ဟု ပြောသည်။

စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်သည့် ရခိုင်လူငယ် ၄ ဦးမှာ ရခိုင်ကျောင်းသား သမဂ္ဂအဖွဲ့ ဝင် များ ဖြစ်ကြပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ဒဂုံ တက္က သိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်ကြသည်။

၎င်းတို့သည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့ က စစ်တွေမြို့ပေါ်တွင် ကိုလိုနီအစိုးရ အလိုမရှိ၊ ဖက်ဆစ် စစ်တပ် အလိုမရှိ၊ No Bloody Government၊ No Murder Army၊ Burmese Government Get Out၊ Burmese Army Get Out စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည့်အတွက် ဖမ်းဆီးတရားစွဲ ဆိုခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဓါတ်ပုံ – AASYC

*** ZAWGYI ***
ရခိုင္ေက်ာင္းသား ေလးဦးအမႈ ခ႐ိုင္အဆင့္ အယူခံဝင္မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္။

ေထာင္ႏွစ္ႏွစ္ခြဲစီ ခ်မွတ္ခံလိုက္ရသည့္ ရခိုင္ေက်ာင္းသား ၄ ဦး အမႈ ၿမိဳ႕နယ္တရား႐ုံးမွ ခ႐ိုင္အဆင့္အယူခံ တက္ရန္ စီစဥ္ထားသည္ဟု အမႈလိုက္ပါေဆာင္႐ြက္ေပးေနသည့္ တရားလႊတ္ေတာ္ေရွ႕ေနက ေျပာသည္။

စက္တင္ဘာလ ၁၆ ရက္ေန႔က စစ္ေတြၿမိဳ႕နယ္ တရား႐ုံးမွ ရကၡိဳင္ျပည္ ေက်ာင္းသားမ်ား သမဂၢက ေက်ာင္းသား ၄ ဦးကို ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒမ်ားျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္ခြဲစီ ခ်မွတ္လိုက္သည့္အေပၚ ခ႐ိုင္အဆင့္သို႔ အယူခံတက္ရန္ စီစဥ္ထားသည္ဟု ၎တို႔၏ ေရွ႕ေနက ေျပာသည္။

အမႈလိုက္ပါေဆာင္႐ြက္ေပးေနသည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ၫြန႔္ေမာင္ က “အျမင့္ဆုံးျပစ္ဒဏ္ကို ေပး ေတာ့ ျပစ္မႈထင္ရွားေတြ႕ရွိတာကိုေတာ့ က်ေနာ္တို႔ မေျပာလိုပါဘူး။ ျပစ္ဒဏ္ေပးတာ နည္းနည္းမ်ားတယ္လို႔ပဲ က်ေနာ့္အေနနဲ႔ ယူဆတယ္” ဟု ေျပာသည္။

ထို႔ေၾကာင့္ အမႈလိုက္ေရွ႕ေနတစ္ေယာက္အေနျဖင့္ “က်ေနာ္တို႔က ေအာက္ေျခၿမိဳ႕နယ္တရားသူႀကီး တစ္ ေယာက္ရဲ႕ အေတြ႕အႀကဳံ၊ ဆင္ျခင္တုံတရားနဲ႔ က်ေနာ္တို႔ ခ႐ိုင္တရားသူႀကီး အေတြ႕အႀကဳံ ဆင္ျခင္တုံတရား နဲ႔ေတာ့ ကြာတာေပါ့ဗ်ာ။ ေအာက္႐ုံးက ခ်တဲ့ျပစ္ဒဏ္ေတြ အေပၚ႐ုံးကေတာ့ က်ေနာ္တို႔ ျပစ္ဒဏ္ကို တိုးလို႔ ရ တယ္။ ေလွ်ာ့လို႔ရတယ္။ အေပၚ႐ုံးဆိုေတာ့ ပိုၿပီးေတာ့ ၾကားနာလို႔ရတာကိုး။ ခ႐ိုင္တရားသူႀကီးေတြဆိုေတာ့ အေတြ႕အႀကဳံ လည္း အမ်ားႀကီးရွိတယ္ေလ။ အဲ့ေတာ့ အယူခံတို႔ ျပင္ဆင္မႈတို႔တက္တဲ့အေပၚမွာ ဆင္ျခင္လို႔ ရတာကိုး။ အဲ့ေတာ့ က်ေနာ့္အေနနဲ႔က ခ႐ိုင္တရား႐ုံးကို အယူခံတက္လိုရင္ ျပစ္ဒဏ္ပိုင္းဆိုင္ရာ ေအာင္ျမင္မႈ ရလိမ့္မယ္လို႔ ယူဆပါတယ္ခင္ဗ်” ဟု ေျပာသည္။

ရခိုင္ျပည္နယ္ထဲတြင္ ျဖစ္ပြားခဲ့သည့္ စစ္ပြဲကာလအတြင္း စစ္တပ္၏ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားႏွင့္ ပတ္ သက္၍ ဆႏၵျပခဲ့ၾကသည့္ ရခိုင္လူငယ္ ၄ ဦးကို ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈႏွင့္ သဘာဝေဘး အႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒမ်ားျဖင့္ ဖမ္းဆီး တရားစြဲထားၿပီး ယခုလ ၁၆ ရက္ေန႔က အျမင့္ဆုံး ျပစ္ဒဏ္ခ် မွတ္ လိုက္ျခင္း ျဖစ္သည္။

“က်ေနာ္တို႔ ေျပာခ်င္တာက ဒီကေလးေတြက တကၠသိုလ္ေက်ာင္းသားေတြ၊ ကေလးေတြ၊ ၅၀၅(ခ) က အျမင့္ ဆုံး ျပစ္ဒဏ္က ႏွစ္ႏွစ္ရွိတယ္ဗ်။ ႏွစ္ႏွစ္ျဖစ္တဲ့ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ် မွတ္လို႔ ရမယ္လို႔ ဆိုထားတာကိုး။ အဲ့လိုဆိုေတာ့ အျမင့္ဆုံး ျပစ္ဒဏ္ႏွစ္ႏွစ္ကို ခ်မွတ္လိုက္တဲ့အခါမွာ ဒီခေလး ေတြ အတြက္ေတာ့ နစ္နာတာေပါ့ဗ်ာ။ က်ေနာ္က ျပစ္မႈ က်ဴးလြန္တယ္ မက်ဴးလြန္ဘူးဆိုတာ မေျပာလိုဘူး။ အျပစ္ ေပးတဲ့အပိုင္းကိုေတာ့ က်ေနာ္ အဲ့ဒါက်ေတာ့ ျပစ္ဒဏ္အေနနဲ႔ကေတာ့ မ်ားတာေပါ့ဗ်ာ။ အဲ့ဒီဟာနဲ႔ ပတ္ သက္ ၿပီးေတာ့လည္း က်ေနာ္က ခေလးေတြနဲ႔ ေျပာၿပီးေတာ့ အမႈႏွစ္မႈလုံးကို က်ေနာ္တို႔က စီရင္ခ်က္ ပို႔ထား တယ္။ အေပၚ ကို တက္ဖို႔အတြက္ေလ” ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ၫြန႔္ေမာင္ က ဆက္ေျပာသည္။

ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ဥပေဒပုဒ္မ ၅၀၅(ခ)ကို အလုပ္ႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္စီ ႏွင့္ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ(ေဘးစီမံ) ဥပေဒ ပုဒ္မ ၂၉ ကို ၆ လစီ ေထာင္ဒဏ္ခ်မွတ္လိုက္ျခင္း ျဖစ္သည္။

ေဘးစီမံ ဥပေဒပုဒ္မႏွင့္ ပတ္သက္၍ တရားလိုအား တရားသူႀကီးမွ စစ္ေဆးစဥ္ အဆိုပါ အမႈႏွင့္ပတ္သက္၍ မသိဘူးဟု ထြက္ဆိုေသာလည္း ျပစ္ဒဏ္စီရင္ခ်မွတ္ရာတြင္ ေထာင္ဒဏ္ခ်မွတ္လိုက္သည့္အေပၚလည္း ဦးေက်ာ္ ၫႊန႔္ေမာင္က ယခုကဲ့သို႔ ဆက္ေျပာသည္။

“ေနာက္တစ္ခုက်ေတာ့ ေဘးစီမံအမႈမွာက က်ေနာ္တို႔ တရားလိုကို စစ္တဲ့အခါမွာ ဒီအမႈနဲ႔ ပတ္သက္ၿပီးေတာ့ မသိဘူး ဆိုၿပီးေတာ့ ႐ုံးခ်ိန္းမွာေျပာတယ္။ က်ေနာ္သိတာက အစိုးရ႐ုံးေရွ႕မွာဆႏၵျပတာပဲ သိတယ္လို႔ ေျပာတာ ကိုး။ ေအး အဲ့ဒါလည္း ခေလးေတြက ဘယ္လိုပဲ အမႈတြဲမွာေပၚေပါက္ေနပါေစ ကေလးေတြကို တရားသူႀကီးက အျပစ္ရွိလားေမးေတာ့ အျပစ္ရွိတယ္လို႔ ေျပာလိုက္ေတာ့ တရားသူႀကီးက အဲ့ဒီအေပၚမွာ ျပစ္ဒဏ္ေပးတာ ေပါ့ ေနာ္။”

ထိုကိစၥႏွင့္ ပတ္သက္၍ ရခိုင္ျပည္လုံးဆိုင္ရာ ေက်ာင္းသားႏွင့္ လူငယ္မ်ားအစည္းအ႐ုံး (AASYC) ကလည္း လြတ္ လပ္စြာ ထုတ္ေဖာ္ေျပာဆိုမႈေၾကာင့္ ယခုကဲ့သို႔ ျပစ္ဒဏ္ခ်မွတ္ခံရျခင္းသည္ လူတစ္ဦးခ်င္းစီ၏ အခြင့္အေရးႏွင့္ ႏိုင္ငံသားအခြင့္အေရးမ်ားကို ခ်ိဳးေဖာက္ရာ ေရာက္ေၾကာင္း၊ ေထာင္ခ်မွတ္သည့္အေပၚ ကန႔္ကြက္ရႈတ္ခ် ေၾကာင္းႏွင့္ စစ္ေကာင္စီအေနျဖင့္ အျမန္ဆုံးျပန္လႊတ္ေပးရန္ ေတာင္းဆိုထားသည္။

ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢမွ ႏိုင္ငံေရးဗ်ဴ႐ို တာဝန္ခံ ကိုတိုးတိုးေအာင္က “က်ေနာ္တို႔ကေတာ့ ဖိႏွိပ္ေလေလ ႂကြေလေလေပါ့၊ က်ေနာ္တို႔ အရပ္သားအစိုးရကတည္းက အစိုးရအေပၚမွာေရာ စစ္တပ္အေပၚမွာေရာ ယုံ ၾကည္မႈ မရွိေတာ့ပါဘူး။ က်ေနာ္တို႔အေပၚမွာ ဖိႏွိပ္ေနတဲ့အရာျဖစ္လို႔ တြန္းလွန္ေနတာျဖစ္တယ္။ က်ေနာ္တို႔က အားလုံး အတြက္ ရဲရဲဝံ့ဝံ့ ဆက္ၿပီးေတာ့မွ တိုက္ပြဲဝင္သြားဖို႔အတြက္ အသင့္ရွိတယ္။ ဒီလိုလုပ္လို႔လည္း လူငယ္ ေတြက ေၾကာက္သြားမွာ မဟုတ္ပါဘူး။ ငါတို႔ကို မတရားလုပ္တယ္ဆိုၿပီးေတာ့ ေသြးပိုၿပီးမွ ရဲလာမယ္ေလ ဒီ ဘက္က လူငယ္ေတြက” ဟု ေျပာသည္။

စစ္ေတြၿမိဳ႕နယ္ တရား႐ုံးက ေထာင္ဒဏ္ခ်မွတ္လိုက္သည့္ ရခိုင္လူငယ္ ၄ ဦးမွာ ရခိုင္ေက်ာင္းသား သမဂၢအဖြဲ႕ ဝင္ မ်ား ျဖစ္ၾကၿပီး ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢမွ ကိုေက်ာ္ႏိုင္ေဌး၊ ကိုဦးသန္းႏိုင္၊ ကိုျမတ္စိုးဝင္းႏွင့္ ဒဂုံ တကၠ သိုလ္ ရခိုင္ေက်ာင္းသားမ်ားသမဂၢမွ ကိုေကာင္းထြန္းတို႔ ျဖစ္ၾကသည္။

၎တို႔သည္ ၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာ ၁၉ ရက္ေန႔ က စစ္ေတြၿမိဳ႕ေပၚတြင္ ကိုလိုနီအစိုးရ အလိုမရွိ၊ ဖက္ဆစ္ စစ္တပ္ အလိုမရွိ၊ No Bloody Government၊ No Murder Army၊ Burmese Government Get Out၊ Burmese Army Get Out စသည့္ ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ၾကသည့္အတြက္ ဖမ္းဆီးတရားစြဲ ဆိုခံခဲ့ရၿပီးေနာက္ ယခုကဲ့သို႔ ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရျခင္း ျဖစ္သည္။

ဓါတ္ပုံ – AASYC