ကိုဗစ်-၁၉ အတွက် နယ်စပ်ဖြတ်ကျော် အကူအညီများပေးရန် KCSN တောင်းဆို

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့် ကရင်နီစစ်ဘေးရှောင်များအတွက် ဆေးဝါးနှင့် အခြားလိုအပ်သည့် အကူအညီများကို နိုင်ငံတကာက အကူအညီပေးရေး အဖွဲ့အစည်းများမှ နယ်စပ်ဖြတ်ကျော် အကူအညီများ ပေးရန် ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က တောင်းဆိုလိုက်သည်။