ကျိုက်ထိုတွင် နှစ်ရက်အတွင်း လုပ်ငန်းရှင်များအပါအဝင် အရပ်သား ၆ ဦး ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် နှစ်ရက်အတွင်း ပြည်သူ ၆ ဦး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည်ဟု ဒေသခံ များက ပြောသည်။

ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်တင်မာမာလွင်ကို စက်တင်ဘာ ၂၂ ရက်နေ့က နံနက်ပိုင်း အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်း၏နေအိမ်တွင် လာရောက် ဖမ်းဆီးသွားသည်ဟု ပြောသည်။

ထို့အပြင် စက်တင်ဘာလ ၂၂ ရက်နေ့ တစ်ရက်တည်းတွင် ကျိုက်ထိုမြို့က လုပ်ငန်းရှင် ၂ ဦးကိုလည်း စစ်ဆေး မေးမြန်းစရာများ ရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ဒေသခံများ က ပြောသည်။

အလားတူ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း အခြားလုပ်ငန်းရှင် ၃ ဦးကိုလည်း စစ်သားများက လာရောက် ဖမ်း ဆီးသွားသည်ဟု ပြောသည်။

အဆိုပါအခြေအနေများနှင့် ပတ်သက်၍ “ဘာကြောင့် ဖမ်းတာလဲတော့ ကျနော်တို့လည်း မသိဘူး။ မေးစရာရှိ တယ်ဆိုပြီး ခေါ်သွားတာပဲ သိတယ်။ ဒီရက်ပိုင်းမှာ အဲလိုမျိုး ဖမ်းခေါ်သွားနေတာတွေက နေ့တိုင်းလိုလို ဖြစ်လာ နေတယ်။ တချို့ဆိုရင် လာဖမ်းတယ် အိမ်မှာမရှိကြလို့ ပါမသွားတာတွေလည်းရှိတယ်” ဟု ကျိုက်ထိုမြို့ခံ အမျိုး သားတစ်ဦးက ပြောသည်။

ကျိုက်ထိုမြို့နယ် အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကားများ မိုင်းဆွဲတိုက်ခိုက်ခံရမှုများ ရှိလာခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိလာခဲ့ သည်ဟု ဒေသခံများက ဆိုသည်။

အလားတူ ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုများ ရှိလာသည့်နောက်ပိုင်း ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဒေသအတွင်း စစ်ဆေးမှုများ တင်းကြပ်လာသည့်အပြင် ဖမ်းဆီးမှုများလည်း ဆက်တိုက် လုပ်ဆောင်လာ သည်ဟု ဆိုကြသည်။

*** ZAWGYI ***
က်ိဳက္ထိုတြင္ ႏွစ္ရက္အတြင္း လုပ္ငန္းရွင္မ်ားအပါအဝင္ အရပ္သား ၆ ဦး ဖမ္းဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္။

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕တြင္ ႏွစ္ရက္အတြင္း ျပည္သူ ၆ ဦး စစ္ေကာင္စီတပ္ဖြဲ႕က ဖမ္းဆီးသြားသည္ဟု ေဒသခံ မ်ားက ေျပာသည္။

က်ိဳက္ထိုၿမိဳ႕၊ ေတာင္သူစုရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ေဒၚတင္မာမာလြင္ကို စက္တင္ဘာ ၂၂ ရက္ေန႔က နံနက္ပိုင္း အခ်ိန္ခန႔္က စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ၎၏ေနအိမ္တြင္ လာေရာက္ ဖမ္းဆီးသြားသည္ဟု ေျပာသည္။

ထို႔အျပင္ စက္တင္ဘာလ ၂၂ ရက္ေန႔ တစ္ရက္တည္းတြင္ က်ိဳက္ထိုၿမိဳ႕က လုပ္ငန္းရွင္ ၂ ဦးကိုလည္း စစ္ေဆး ေမးျမန္းစရာမ်ား ရွိသည္ဟုဆိုကာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား က ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္ဟုလည္း ေဒသခံမ်ား က ေျပာသည္။

အလားတူ စက္တင္ဘာ ၂၁ ရက္ေန႔ကလည္း အျခားလုပ္ငန္းရွင္ ၃ ဦးကိုလည္း စစ္သားမ်ားက လာေရာက္ ဖမ္း ဆီးသြားသည္ဟု ေျပာသည္။

အဆိုပါအေျခအေနမ်ားႏွင့္ ပတ္သက္၍ “ဘာေၾကာင့္ ဖမ္းတာလဲေတာ့ က်ေနာ္တို႔လည္း မသိဘူး။ ေမးစရာရွိ တယ္ဆိုၿပီး ေခၚသြားတာပဲ သိတယ္။ ဒီရက္ပိုင္းမွာ အဲလိုမ်ိဳး ဖမ္းေခၚသြားေနတာေတြက ေန႔တိုင္းလိုလို ျဖစ္လာ ေနတယ္။ တခ်ိဳ႕ဆိုရင္ လာဖမ္းတယ္ အိမ္မွာမရွိၾကလို႔ ပါမသြားတာေတြလည္းရွိတယ္” ဟု က်ိဳက္ထိုၿမိဳ႕ခံ အမ်ိဳး သားတစ္ဦးက ေျပာသည္။

က်ိဳက္ထိုၿမိဳ႕နယ္ အတြင္း၌ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ကားမ်ား မိုင္းဆြဲတိုက္ခိုက္ခံရမႈမ်ား ရွိလာခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္သားမ်ားက ရမ္းသမ္းပစ္ခတ္မႈမ်ားေၾကာင့္ ေဒသခံမ်ား ထိခိုက္ဒဏ္ရာရရွိမႈလည္း ရွိလာခဲ့ သည္ဟု ေဒသခံမ်ားက ဆိုသည္။

အလားတူ ထိုသို႔ မိုင္းဆြဲတိုက္ခိုက္ခံရမႈမ်ား ရွိလာသည့္ေနာက္ပိုင္း က်ိဳက္ထိုၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ ဝင္မ်ားက ေဒသအတြင္း စစ္ေဆးမႈမ်ား တင္းၾကပ္လာသည့္အျပင္ ဖမ္းဆီးမႈမ်ားလည္း ဆက္တိုက္ လုပ္ေဆာင္လာ သည္ဟု ဆိုၾကသည္။