မုံးကိုး စစ်ရှောင်များအတွင်း လူ ၁၀၀ နီးပါး ကိုဗစ် ကူးစက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံကိုးမြို့နယ်အတွင်းက စစ်ရှောင်များထဲတွင် ကိုဗစ်-၁၉ ကူးစက်မှုများ ရှိနေပြီး အတည်ပြုလူနာ ၁၀၀ နီးပါးရှိပြီဟု အကူအညီပေးနေသူများနှင့် ဒေသခံများက ပြောသည်။

ကိုဗစ်-၁၉ အတည်ပြုလူနာများကို နေရာသုံးနေရာတွင် ခွဲထားရပြီး ဆေးကုသမှုပေးနေရသည်ဟု ဒေသအတွင်း အကူအညီပေးနေသူတစ်ဦးက “လောလောဆယ်တော့ အယောက် ၁၀၀ နီးပါးရှိသွားပြီ။ ကျနော်တို့ အစိုးရဆေးရုံကိုလည်း တဝက်လောက်ပို့ ထားတယ်။” ဟု ပြောသည်။

မုံးကိုးမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝန်း၊ လီဆူဘုရားကျောင်းဝန်းအတွင်းက COVID-19 Center နှင့် မုံးကိုးပြည်သူ့ဆေးရုံတို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုပေး နေရ သည်ဟု မုံးကိုးမြို့က ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။

“နောက် ရပ်ကွက် ၇ မှာရှိတဲ့ COVID Center မှာလည်း စစ်ရှောင်တွေတည်ရှိရာ မုံးကိုးဘုရား ကျောင်း ခရစ်ယာန်ဘုရားကျောင်းထဲမှာကိုက Center တစ်ခုလုပ်လိုက် ရတာပေါ့။ ဆိုတော့ Center ၂ ခု ဖြစ် သွားတာပေါ့။ ရပ်ကွက် ၇ မှာရှိတဲ့ ဘုရားကျောင်း Center မှာက ၂၉ ယောက်၊ ဒီဘက် Center မှာက ၁၇ ယောက်၊ ဒီရပ်ကွက် ၄ မှာရှိတဲ့ ဘုရားကျောင်း အဲ့မှာက ၁၇ ယောက်။ ကျနော်ကြည့်ရတာက အဲ့လောက်ပေါ့နော်။ နောက်ထပ် ပြည်သူ့ဆေးရုံမှာပို့ထားရတာကလည်း ၃၇ ယောက် ပေါ့။ ထိတွေ့တဲ့လူနဲ့ ဘာနဲ့ ကလေးနဲ့ အုပ်ထိန်းသူတွေပါဆိုတော့ ၁၀၀ ကျော်သွားတာပေါ့” ဟု ပြောသည်။

ကိုဗစ်-၁၉ အတည်ပြုလူနာများထဲတွင် “လောလောဆယ်တော့ အစိုးရဆေးရုံမှာပို့ထားတဲ့ လူနာတွေကိုတော့ အစိုးရဆေးရုံက ဆရာဝန်ကြီးကိုယ်တိုင် ကြည့်ရှုပေးတယ်ပေါ့နော်။” ဟု အကူအညီပေးသူ တစ်ဦးက ပြောသည်။

ကျန် စင်တာနှစ်ခုကို ဆရာဝန်တစ်ဦးတည်းက ကြည့်ပေနေကြောင်းလည်း သူက ဆက်ပြောသည်။ ဆရာဝန်၏ အဆိုအရ လူနာများတွင် ပြင်းထန်သော ရောဂါလက္ခဏာများ မတွေ့ရသေးကြောင်းလည်း သိရသည်။

စစ်ရှောင်များအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ကူးစက်မှု ဖြစ်လာသည်ကို မသိရသော် လည်း အဓိကအားဖြင့် နေရာထိုင်ခင်းအခက်အခဲကြောင့် ကူးစက်မှုမှာ ပိုမိုမြန်ဆန်လာရခြင်း ဖြစ်နိုင်သည်ဟု စစ်ရှောင်များအား ကူညီပေးနေသူများက ပြောသည်။

သို့သော် “ပြောလို့တော့ မရသေးဘူးလေနော် ဒီရောဂါက။ ဂရုစိုက်နေရတယ်။ ဆေးဝါးတွေ လိုအပ်ချက်ရှိလား ဆိုတော့ လိုအပ်တယ်။ ပြည်သူတွေ၊ ရပ်ရွာက အလှူရှင်တွေ လှူထားတဲ့ဆေးတွေ၊ ပစ္စည်းတွေ၊ အလှူငွေတွေနဲ့ပဲ တတ်နိုင်သလောက် လုပ်ပေးနေရတာပေါ့နော်။ ဒီမှာက လူကလည်းအများကြီးကိုး။ တခါတည်းရောက် လာ တော့ လာတဲ့လူတွေကိုလည်း အကုန်လုံးကို မစစ်ပေးနိုင်ဘူး။ နေရာထိုင်ခင်းပြင်ပေးလိုက်ရတယ်။ ဒီမှာလည်း စုပြုံလာနေရတာဆိုတော့လေ ဘယ်ကကူးလဲပြောဖို့ခက်တယ်။ ဒီမှာ စစ်ရှောင်တွေကို ဆေးခန်းတစ်ခုဖွင့်ပြီး ကုပေးနေရင် လက္ခဏာပြလာတော့ စစ်ကြည့်လိုက်တာ။ အဲ့မှာ Positive ထွက်သွားတာ” ဟု ထိုသူက ဆက်ပြောသည်။

မုံးကိုးမြို့နယ်အတွင်း စစ်ရှောင် ၆၀၀ ကျော်အတွက် စားနပ်ရိက္ခာအလှူရှင်အချို့ရှိသည့်အတွက် တစ်လစာခန့် ရရှိထားသော်လည်း နေရာထိုင်ခင်း အခက်အခဲရှိနေသည်ဟု စစ်ရှောင်များအား ကူညီနေသူများက ပြောသည်။

စစ်ရှောင်များအား ကူညီပေးနေသည့် မုံးကိုးမြို့က ရပ်မိရပ်ဖတစ်ဦးက “ရိက္ခာကတော့ ဂျပန်ကရော၊ အသင်း တော်အသီးသီးက လှူထားတာတွေရောက်လာတော့ တစ်လစာလောက်တော့ ရှိအုံးမယ်။ နေရာထိုင်ခင်းက ကချင် ဘုရားကျောင်းထဲမှာက လူဦးရေအများဆုံးဆိုတော့ အသင်းတော်ရဲ့ စာသင် ကျောင်းထဲမှာ အခန်းက ၁၀ ပေ ပတ်လည်ပဲရှိမယ်။ အဲ့လိုတစ်ခန်းမှာ လူဦးရေက ၁၀ ယောက်ကျော်ပေါ့၊ အဲ့လို နေရာထိုင်ခင်းအခက်အခဲက တော့ ရှိတာပေါ့။ ရေရှည်ဆိုရင်တော့ မလွယ်ဘူး။ ကိုဗစ်ကလည်း ကူးလာတယ်ဆိုတော့လေနော်” ဟု ပြော သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသူများထဲတွင် အရေးပေါ်လူနာများ မရှိသော်လည်း အသက်ကြီးပိုင်းလူနာများ၊ နို့တိုက်မိခင်နှင့် ကလေးငယ်များပါ ရောဂါကူးစက်ခံထားရသည့်အတွက် သီးခြားနေရာတွင် ခွဲပြီး အမြဲစောင့် ကြည့်နေရသည်ဟု ကိုဗစ်လူနာများအား ကူညီပေးသူက ပြောသည်။

ထို့အပြင် စစ်ရှောင်များအား ကူညီပေးနေသည့် စေတနာ့ဝန်ထမ်းများ၊ ဓမ္မအမှုတော်ဆောင် ဆရာများလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသည်။

“နေရာသုံးနေရာမှာ၊ သုံးနေရာက ကျနော်တို့ KBC ကချင်ဘုရားကျောင်းဝန်းထဲမှာရယ်၊ ဘုန်းကြီးကျောင်းမှာ ရယ်၊ လီဆူဘုရားကျောင်းမှာရယ်ပေါ့။ စစ်ရှောင်အားလုံးပေါင်းက ၆၃၂ ယောက်ပေါ့။ သုံးနေရာပေါင်းပေါ့။ တရုတ်နယ် စပ်မှာ နေတဲ့လူတွေကတော့ တိုက်ပွဲဖြစ်ရင် အဲ့နေရာကိုသွားနေတယ်။ ပစ်ခတ်ကြတဲ့ အချိန်သွား နေတယ်။ အသံ တိတ်ရင်တော့ ရွာထဲပြန်လာကြတယ်။ အဲ့လိုမျိုးပေါ့” ဟု စစ်ရှောင်စခန်းမှာ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မုံးကိုးမြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ရှောင်များသည် စစ်ကောင်စီတပ်ဖွဲ့နှင့် MNDAA ကိုးကန့်တပ်မတော်တို့ အကြား ဩဂုတ်လကုန်ပိုင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၇ ရွာက နေရပ်စွန့်ခွာထွက်ပြေး လာကြသူများ ဖြစ်သည်။

ယခုရက်ပိုင်းနှစ်ဖက်ကြား တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ရေးတင်းမှုများဆက်လက်ရှိနေပြီး လုံခြုံမှု မရှိသေးသည့်အတွက် စစ်ရှောင် ၆၀၀ ကျော် နေရပ်ပြန်ရေးမှာ အဆင်မပြေသေးဘူးဟု ဆိုသည်။

ထို့အပြင် မုံးကိုး(ဖောင်းဆိုင်)နှင့် ကြူကုတ်(ပန်ဆိုင်း) ဒေသအတွင်း ပြီးခဲ့သည့် အပတ်ကစတင်၍ စစ်ကောင်စီ ဘက်က စစ်အင်အားထပ်မံဖြည့်တင်းမှုများရှိနေသလို စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ပန်ဆိုင်းနှင့် မုံးကိုး ကြားရှိ လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီယာဉ်တန်းအား MNDAA ကိုးကန့်တပ်မတော်က ကြားဖြတ်တိုက် ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဓါတ်ပုံ – CJ

*** ZAWGYI ***
မုံးကိုး စစ္ေရွာင္မ်ားအတြင္း လူ ၁၀၀ နီးပါး ကိုဗစ္ ကူးစက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၅ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ မုံကိုးၿမိဳ႕နယ္အတြင္းက စစ္ေရွာင္မ်ားထဲတြင္ ကိုဗစ္-၁၉ ကူးစက္မႈမ်ား ရွိေနၿပီး အတည္ျပဳလူနာ ၁၀၀ နီးပါးရွိၿပီဟု အကူအညီေပးေနသူမ်ားႏွင့္ ေဒသခံမ်ားက ေျပာသည္။

ကိုဗစ္-၁၉ အတည္ျပဳလူနာမ်ားကို ေနရာသုံးေနရာတြင္ ခြဲထားရၿပီး ေဆးကုသမႈေပးေနရသည္ဟု ေဒသအတြင္း အကူအညီေပးေနသူတစ္ဦးက “ေလာေလာဆယ္ေတာ့ အေယာက္ ၁၀၀ နီးပါးရွိသြားၿပီ။ က်ေနာ္တို႔ အစိုးရေဆး႐ုံကိုလည္း တဝက္ေလာက္ပို႔ ထားတယ္။” ဟု ေျပာသည္။

မုံးကိုးၿမိဳ႕ရွိ ကခ်င္ႏွစ္ျခင္းခရစ္ယာန္ဘုရားေက်ာင္းဝန္း၊ လီဆူဘုရားေက်ာင္းဝန္းအတြင္းက COVID-19 Center ႏွင့္ မုံးကိုးျပည္သူ႔ေဆး႐ုံတို႔တြင္ ကိုဗစ္-၁၉ အတည္ျပဳလူနာမ်ားသို႔ ပို႔ေဆာင္ထားၿပီး ေဆးကုသမႈေပး ေနရ သည္ဟု မုံးကိုးၿမိဳ႕က ရပ္မိရပ္ဖ တစ္ဦးက ေျပာသည္။

“ေနာက္ ရပ္ကြက္ ၇ မွာရွိတဲ့ COVID Center မွာလည္း စစ္ေရွာင္ေတြတည္ရွိရာ မုံးကိုးဘုရား ေက်ာင္း ခရစ္ယာန္ဘုရားေက်ာင္းထဲမွာကိုက Center တစ္ခုလုပ္လိုက္ ရတာေပါ့။ ဆိုေတာ့ Center ၂ ခု ျဖစ္ သြားတာေပါ့။ ရပ္ကြက္ ၇ မွာရွိတဲ့ ဘုရားေက်ာင္း Center မွာက ၂၉ ေယာက္၊ ဒီဘက္ Center မွာက ၁၇ ေယာက္၊ ဒီရပ္ကြက္ ၄ မွာရွိတဲ့ ဘုရားေက်ာင္း အဲ့မွာက ၁၇ ေယာက္။ က်ေနာ္ၾကည့္ရတာက အဲ့ေလာက္ေပါ့ေနာ္။ ေနာက္ထပ္ ျပည္သူ႔ေဆး႐ုံမွာပို႔ထားရတာကလည္း ၃၇ ေယာက္ ေပါ့။ ထိေတြ႕တဲ့လူနဲ႔ ဘာနဲ႔ ကေလးနဲ႔ အုပ္ထိန္းသူေတြပါဆိုေတာ့ ၁၀၀ ေက်ာ္သြားတာေပါ့” ဟု ေျပာသည္။

ကိုဗစ္-၁၉ အတည္ျပဳလူနာမ်ားထဲတြင္ “ေလာေလာဆယ္ေတာ့ အစိုးရေဆး႐ုံမွာပို႔ထားတဲ့ လူနာေတြကိုေတာ့ အစိုးရေဆး႐ုံက ဆရာဝန္ႀကီးကိုယ္တိုင္ ၾကည့္ရႈေပးတယ္ေပါ့ေနာ္။” ဟု အကူအညီေပးသူ တစ္ဦးက ေျပာသည္။

က်န္ စင္တာႏွစ္ခုကို ဆရာဝန္တစ္ဦးတည္းက ၾကည့္ေပေနေၾကာင္းလည္း သူက ဆက္ေျပာသည္။ ဆရာဝန္၏ အဆိုအရ လူနာမ်ားတြင္ ျပင္းထန္ေသာ ေရာဂါလကၡဏာမ်ား မေတြ႕ရေသးေၾကာင္းလည္း သိရသည္။

စစ္ေရွာင္မ်ားအတြင္း ကိုဗစ္-၁၉ ပိုးေတြ႕ရွိမႈႏွင့္ ပတ္သက္၍ မည္ကဲ့သို႔ ကူးစက္မႈ ျဖစ္လာသည္ကို မသိရေသာ္ လည္း အဓိကအားျဖင့္ ေနရာထိုင္ခင္းအခက္အခဲေၾကာင့္ ကူးစက္မႈမွာ ပိုမိုျမန္ဆန္လာရျခင္း ျဖစ္ႏိုင္သည္ဟု စစ္ေရွာင္မ်ားအား ကူညီေပးေနသူမ်ားက ေျပာသည္။

သို႔ေသာ္ “ေျပာလို႔ေတာ့ မရေသးဘူးေလေနာ္ ဒီေရာဂါက။ ဂ႐ုစိုက္ေနရတယ္။ ေဆးဝါးေတြ လိုအပ္ခ်က္ရွိလား ဆိုေတာ့ လိုအပ္တယ္။ ျပည္သူေတြ၊ ရပ္႐ြာက အလႉရွင္ေတြ လႉထားတဲ့ေဆးေတြ၊ ပစၥည္းေတြ၊ အလႉေငြေတြနဲ႔ပဲ တတ္ႏိုင္သေလာက္ လုပ္ေပးေနရတာေပါ့ေနာ္။ ဒီမွာက လူကလည္းအမ်ားႀကီးကိုး။ တခါတည္းေရာက္ လာ ေတာ့ လာတဲ့လူေတြကိုလည္း အကုန္လုံးကို မစစ္ေပးႏိုင္ဘူး။ ေနရာထိုင္ခင္းျပင္ေပးလိုက္ရတယ္။ ဒီမွာလည္း စုၿပဳံလာေနရတာဆိုေတာ့ေလ ဘယ္ကကူးလဲေျပာဖို႔ခက္တယ္။ ဒီမွာ စစ္ေရွာင္ေတြကို ေဆးခန္းတစ္ခုဖြင့္ၿပီး ကုေပးေနရင္ လကၡဏာျပလာေတာ့ စစ္ၾကည့္လိုက္တာ။ အဲ့မွာ Positive ထြက္သြားတာ ” ဟု ထိုသူက ဆက္ေျပာသည္။

မုံးကိုးၿမိဳ႕နယ္အတြင္း စစ္ေရွာင္ ၆၀၀ ေက်ာ္အတြက္ စားနပ္ရိကၡာအလႉရွင္အခ်ိဳ႕ရွိသည့္အတြက္ တစ္လစာခန႔္ ရရွိထားေသာ္လည္း ေနရာထိုင္ခင္း အခက္အခဲရွိေနသည္ဟု စစ္ေရွာင္မ်ားအား ကူညီေနသူမ်ားက ေျပာသည္။

စစ္ေရွာင္မ်ားအား ကူညီေပးေနသည့္ မုံးကိုးၿမိဳ႕က ရပ္မိရပ္ဖတစ္ဦးက “ရိကၡာကေတာ့ ဂ်ပန္ကေရာ၊ အသင္း ေတာ္အသီးသီးက လႉထားတာေတြေရာက္လာေတာ့ တစ္လစာေလာက္ေတာ့ ရွိအုံးမယ္။ ေနရာထိုင္ခင္းက ကခ်င္ ဘုရားေက်ာင္းထဲမွာက လူဦးေရအမ်ားဆုံးဆိုေတာ့ အသင္းေတာ္ရဲ႕ စာသင္ ေက်ာင္းထဲမွာ အခန္းက ၁၀ ေပ ပတ္လည္ပဲရွိမယ္။ အဲ့လိုတစ္ခန္းမွာ လူဦးေရက ၁၀ ေယာက္ေက်ာ္ေပါ့၊ အဲ့လို ေနရာထိုင္ခင္းအခက္အခဲက ေတာ့ ရွိတာေပါ့။ ေရရွည္ဆိုရင္ေတာ့ မလြယ္ဘူး။ ကိုဗစ္ကလည္း ကူးလာတယ္ဆိုေတာ့ေလေနာ္” ဟု ေျပာ သည္။

ကိုဗစ္-၁၉ ေရာဂါကူးစက္ခံေနရသူမ်ားထဲတြင္ အေရးေပၚလူနာမ်ား မရွိေသာ္လည္း အသက္ႀကီးပိုင္းလူနာမ်ား၊ ႏို႔တိုက္မိခင္ႏွင့္ ကေလးငယ္မ်ားပါ ေရာဂါကူးစက္ခံထားရသည့္အတြက္ သီးျခားေနရာတြင္ ခြဲၿပီး အၿမဲေစာင့္ ၾကည့္ေနရသည္ဟု ကိုဗစ္လူနာမ်ားအား ကူညီေပးသူက ေျပာသည္။

ထို႔အျပင္ စစ္ေရွာင္မ်ားအား ကူညီေပးေနသည့္ ေစတနာ့ဝန္ထမ္းမ်ား၊ ဓမၼအမႈေတာ္ေဆာင္ ဆရာမ်ားလည္း ကိုဗစ္-၁၉ ေရာဂါကူးစက္ခံထားရသည္။

“ေနရာသုံးေနရာမွာ၊ သုံးေနရာက က်ေနာ္တို႔ KBC ကခ်င္ဘုရားေက်ာင္းဝန္းထဲမွာရယ္၊ ဘုန္းႀကီးေက်ာင္းမွာ ရယ္၊ လီဆူဘုရားေက်ာင္းမွာရယ္ေပါ့။ စစ္ေရွာင္အားလုံးေပါင္းက ၆၃၂ ေယာက္ေပါ့။ သုံးေနရာေပါင္းေပါ့။ တ႐ုတ္နယ္ စပ္မွာ ေနတဲ့လူေတြကေတာ့ တိုက္ပြဲျဖစ္ရင္ အဲ့ေနရာကိုသြားေနတယ္။ ပစ္ခတ္ၾကတဲ့ အခ်ိန္သြား ေနတယ္။ အသံ တိတ္ရင္ေတာ့ ႐ြာထဲျပန္လာၾကတယ္။ အဲ့လိုမ်ိဳးေပါ့” ဟု စစ္ေရွာင္စခန္းမွာ တာဝန္ရွိသူတစ္ဦး က ေျပာသည္။

မုံးကိုးၿမိဳ႕ေပၚသို႔ ေရာက္ရွိေနသည့္ စစ္ေရွာင္မ်ားသည္ စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ MNDAA ကိုးကန႔္တပ္မေတာ္တို႔ အၾကား ဩဂုတ္လကုန္ပိုင္း ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ေက်း႐ြာေပါင္း ၇ ႐ြာက ေနရပ္စြန႔္ခြာထြက္ေျပး လာၾကသူမ်ား ျဖစ္သည္။

ယခုရက္ပိုင္းႏွစ္ဖက္ၾကား တိုက္ပြဲမ်ား ၿငိမ္သက္ေနေသာ္လည္း စစ္ေရးတင္းမႈမ်ားဆက္လက္ရွိေနၿပီး လုံၿခဳံမႈ မရွိေသးသည့္အတြက္ စစ္ေရွာင္ ၆၀၀ ေက်ာ္ ေနရပ္ျပန္ေရးမွာ အဆင္မေျပေသးဘူးဟု ဆိုသည္။

ထို႔အျပင္ မုံးကိုး(ေဖာင္းဆိုင္)ႏွင့္ ၾကဴကုတ္(ပန္ဆိုင္း) ေဒသအတြင္း ၿပီးခဲ့သည့္ အပတ္ကစတင္၍ စစ္ေကာင္စီ ဘက္က စစ္အင္အားထပ္မံျဖည့္တင္းမႈမ်ားရွိေနသလို စက္တင္ဘာလ ၂၃ ရက္ေန႔ကလည္း ပန္ဆိုင္းႏွင့္ မုံးကိုး ၾကားရွိ လမ္းပိုင္းတစ္ေနရာတြင္ စစ္ေကာင္စီယာဥ္တန္းအား MNDAA ကိုးကန႔္တပ္မေတာ္က ၾကားျဖတ္တိုက္ ခိုက္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဓါတ္ပုံ – CJ