စစ်ကောင်စီဖိအားကြောင့်အိမ်ရှင်အိမ်ငှားများအခက်တွေ့

သတင်းနှင့်မီဒီယာကွန်ရက်။ 
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ၂၇ရက်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးဖမ်းဆီးမှုများပြားလာသဖြင့် အိမ်ခန်းနှင့်အဆောင်ပိုင်ရှင်အချို့သည် အခန်းများဆက်လက်မငှားရမ်းတော့သည့်အတွက် အိမ်ငှားဖြင့်နေထိုင်သူများ အခက်အခဲများနှင့်ကြုံနေကြရသည်ဟု ငှားရမ်းနေထိုင်သူများကပြောသည်။ 

ထားဝယ်မြို့ အပါအဝင်မြို့ကြီးများတွင် စက်တင်ဘာလ ဒုတိယအပတ်မှစတင်၍ တက္ကသိုလ်ကျောင်းသားအရွယ် လူငယ်များ ဆက်တိုက်ဖမ်းဆီးခံနေရခြင်း၊ ဧည့်စာရင်းများတိုင်ကြားနေရခြင်း တို့ကြောင့်အိမ်ပိုင်ရှင်များက စိတ်အနှောင့်အယှက်များ ဖြစ်လာကြကြောင်းအသက်၅၀အရွယ် အိမ်ပိုင်ရှင်တစ်ဦးက ပြောသည်။

အိမ်ပိုင်ရှင်များက ဧည့်စာရင်းတာဝန်ယူ တိုင်ကြားပေးနေကြရပြီး ရပ်ကွက်အချို့တွင် ဧည့်စာရင်းတစ်ခါတိုင်လျှင် ငါးထောင်ကျပ်အထိပေးနေရသည့်အတွက် အခန်းဌားခများကိုလည်း ယခင်ကထက် စျေးပိုတောင်းနေရသည်ဟု အဆိုပါအိမ်ပိုင်ရှင်ကပြောသည်။ 

ယခင်ကထားဝယ်မြို့ပေါ်တွင် သုံးလေးယောက်စုပေါင်း၍ အခန်းတစ်ခန်းလျှင် ငါးသောင်းခွဲနှင့်ဌားနေရာမှ ယခုခြောက်သောင်းခွဲအထိမြင့်တက်လာနေပြီး အိမ်ရှင်အများစုက ဆက်လက်မငှါးပေးကြသဖြင့် အခက်အခဲဖြစ်ရသည်ဟု အဆောင်ဌားရမ်းနေသူ အသက်၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးကပြောသည်။

“အိမ်ခန်းကိုကိုယ့်ဖာသာဧည့်စာရင်းတိုင်ပြီး နေမယ်ဆိုတာတောင်မှ အိမ်ရှင်တွေက အခန်းမငှားချင်တော့ဘူးတဲ့၊ အိမ်ခန်းတွေရှာမရတော့လို့လုံးချင်းအိမ်တွေငှားပြန်တော့လည်း ဒီလိုပဲမငှားကြပြန်ဘူး၊ ကျမတို့မှာနေထိုင်ဖို့ အရမ်းအခက်အခဲဖြစ်နေတယ်“  ဟုအိမ်ငှားနေထိုင်သူအဆိုပါအမျိုးသမီးကပြောသည်။

လုံးချင်းအိမ်ဌားရမ်းသူ အိမ်ရှင်များကလည်း ဧည့်စာရင်းတိုင်ပေးရမည်ကို စိုးရိမ်ခြင်း၊လူသစ်များကို အခန်းမငှားရဲခြင်း တို့ကြောင့်အိမ်ငှားဖြင့်နေထိုင်ကြသူများ အခက်တွေ့နေရသည်ဟု ဆိုသည်။

ထားဝယ်မြို့ပေါ်တွင် ယာယီနေထိုင်ကြသူများ၊ အလုပ်လုပ်ကိုင်ရန် နေထိုင်ကြသူများ၊ အခြားသောကျေးရွာများမှ ပညာလာရောက်သင်ကြားကြသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွေ့နေထိုင်နေကြသူ အများစုတို့သည် လုံးချင်းအိမ်များ၊ အဆောင်နှင့်အိမ်ခန်းများငှားပြီးနေထိုင်ခြင်းဖြစ်သည်။

*** zawgyi ***
စစ္ေကာင္စီဖိအားေၾကာင့္အိမ္ရွင္အိမ္ငွားမ်ားအခက္ေတြ႕

သတင္းႏွင့္မီဒီယာကြန္ရက္။
၂၀၂၁ခုႏွစ္၊ စက္တင္ဘာလ၂၇ရက္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ရွာေဖြစစ္ေဆးဖမ္းဆီးမႈမ်ားျပားလာသျဖင့္ အိမ္ခန္းႏွင့္အေဆာင္ပိုင္ရွင္အခ်ိဳ႕သည္ အခန္းမ်ားဆက္လက္မငွားရမ္းေတာ့သည့္အတြက္ အိမ္ငွားျဖင့္ေနထိုင္သူမ်ား အခက္အခဲမ်ားႏွင့္ႀကဳံေနၾကရသည္ဟု ငွားရမ္းေနထိုင္သူမ်ားကေျပာသည္။

ထားဝယ္ၿမိဳ႕ အပါအဝင္ၿမိဳ႕ႀကီးမ်ားတြင္ စက္တင္ဘာလ ဒုတိယအပတ္မွစတင္၍ တကၠသိုလ္ေက်ာင္းသားအ႐ြယ္ လူငယ္မ်ား ဆက္တိုက္ဖမ္းဆီးခံေနရျခင္း၊ ဧည့္စာရင္းမ်ားတိုင္ၾကားေနရျခင္း တို႔ေၾကာင့္အိမ္ပိုင္ရွင္မ်ားက စိတ္အေႏွာင့္အယွက္မ်ား ျဖစ္လာၾကေၾကာင္းအသက္၅၀အ႐ြယ္ အိမ္ပိုင္ရွင္တစ္ဦးက ေျပာသည္။

အိမ္ပိုင္ရွင္မ်ားက ဧည့္စာရင္းတာဝန္ယူ တိုင္ၾကားေပးေနၾကရၿပီး ရပ္ကြက္အခ်ိဳ႕တြင္ ဧည့္စာရင္းတစ္ခါတိုင္လွ်င္ ငါးေထာင္က်ပ္အထိေပးေနရသည့္အတြက္ အခန္းဌားခမ်ားကိုလည္း ယခင္ကထက္ ေစ်းပိုေတာင္းေနရသည္ဟု အဆိုပါအိမ္ပိုင္ရွင္ကေျပာသည္။

ယခင္ကထားဝယ္ၿမိဳ႕ေပၚတြင္ သုံးေလးေယာက္စုေပါင္း၍ အခန္းတစ္ခန္းလွ်င္ ငါးေသာင္းခြဲႏွင့္ဌားေနရာမွ ယခုေျခာက္ေသာင္းခြဲအထိျမင့္တက္လာေနၿပီး အိမ္ရွင္အမ်ားစုက ဆက္လက္မငွါးေပးၾကသျဖင့္ အခက္အခဲျဖစ္ရသည္ဟု အေဆာင္ဌားရမ္းေနသူ အသက္၂၅ ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးကေျပာသည္။

“အိမ္ခန္းကိုကိုယ့္ဖာသာဧည့္စာရင္းတိုင္ၿပီး ေနမယ္ဆိုတာေတာင္မွ အိမ္ရွင္ေတြက အခန္းမငွားခ်င္ေတာ့ဘူးတဲ့၊ အိမ္ခန္းေတြရွာမရေတာ့လို႔လုံးခ်င္းအိမ္ေတြငွားျပန္ေတာ့လည္း ဒီလိုပဲမငွားၾကျပန္ဘူး၊ က်မတို႔မွာေနထိုင္ဖို႔ အရမ္းအခက္အခဲျဖစ္ေနတယ္“ ဟုအိမ္ငွားေနထိုင္သူအဆိုပါအမ်ိဳးသမီးကေျပာသည္။

လုံးခ်င္းအိမ္ဌားရမ္းသူ အိမ္ရွင္မ်ားကလည္း ဧည့္စာရင္းတိုင္ေပးရမည္ကို စိုးရိမ္ျခင္း၊လူသစ္မ်ားကို အခန္းမငွားရဲျခင္း တို႔ေၾကာင့္အိမ္ငွားျဖင့္ေနထိုင္ၾကသူမ်ား အခက္ေတြ႕ေနရသည္ဟု ဆိုသည္။

ထားဝယ္ၿမိဳ႕ေပၚတြင္ ယာယီေနထိုင္ၾကသူမ်ား၊ အလုပ္လုပ္ကိုင္ရန္ ေနထိုင္ၾကသူမ်ား၊ အျခားေသာေက်း႐ြာမ်ားမွ ပညာလာေရာက္သင္ၾကားၾကသူမ်ားႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေျပာင္းေ႐ြ႕ေနထိုင္ေနၾကသူ အမ်ားစုတို႔သည္ လုံးခ်င္းအိမ္မ်ား၊ အေဆာင္ႏွင့္အိမ္ခန္းမ်ားငွားၿပီးေနထိုင္ျခင္းျဖစ္သည္။