ရခိုင်တွင် ဆောက်လုပ်ရေး ပစ္စည်းများ ၃၀% ကျော် ဈေးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။

ဒေါ်လာဈေး မြင့်တက်လာခြင်းကြောင့် ရခိုင်ပြည်နယ်တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ၃၀ ရာခိုင်နှုန်းကျော် အထိ ဈေးနှုန်းများ မြင့်တက်လာသည်ဟု  လုပ်ငန်းရှင်များက ပြောသည်။

ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာနေသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများမှာလည်း ငွေကြေးအခက်အခဲများနှင့် ပစ္စည်းများဝယ်ယူရန်အတွက် အခက်အခဲများ ကြုံတွေ့နေကြရသည်ဟု ပြောသည်။ 

“ဈေးတွေတက်တော့  ခုနောက်ပိုင်း အကြွေးမပေးတော့ဘူး။ လက်ငင်းစနစ်နဲ့ပဲ ရောင်းတော့တယ်။ အရင်က တစ်လလောက် အကြွေးစနစ်နဲ့ ရောင်းပေးတယ်။ ဘဏ်ငွေထုတ်ရတဲ့ အပိုင်းမှာလဲ အခက်အခဲတွေရှိတော့ အကြွေးလည်း မရတော့တဲ့အတွက် ပိုအခက်ခဲဖြစ်နေတယ်” ဟု  ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမြတ်ကို က ပြောသည်။

က်ရှိတွင် ဘိလပ်မြေမှလွဲ၍ ကျန်သည့် အိမ်ဆောက် ပစ္စည်းအားလုံးနီးပါး ၃၅ ရာခိုင်နှုန်း အထက် ဈေးမြင့် တက်နေသည် လုပ်ငန်းရှင်များက ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ပစ္စည်းများသည် နိုင်ငံခြားမှ တင်သွင်းနေကြရသည့်အတွက် ဒေါ်လာဈေးတက်လာခြင်းကြောင့် ယခင်ဈေးနှုန်းများထက် အဆမတန်ခုန်တက်သွားရခြင်း ဖြစ်သည်ဟု ဆောက်လုပ်ရေး ပစ္စည်းရောင်းချနေသူများ က ပြောသည်။ 

ဒေါ်လာဈေးတက်၍ ဝယ်ရင်းဈေးမြင့်ပြီး ရောင်းဈေးလဲ ၃၅ ရာခိုင်နှုန်းခန့် မြင့်လာရကြောင်း၊ ယခင်က အထပ်ပြား အသေးတစ်ချပ်လျှင် ၁၈၅၀၀ ကျပ် ခန့်သာရှိသော်လည်း ယခု ၂၃၀၀၀ ကျပ်အထိ စျေးတက်သွားသည်ဟု စစ်တွေမြို့ က အိမ်ဆောက်ပစ္စည်းဆိုင်ရှင် မချိုမာဝင်း က ပြောသည်။

ဈေးနှုန်းများ အလွန်အမင်းမြင့်တက်လာနေသည့်အတွက် ကုန်ပစ္စည်းများမှာလည်း ရောင်းအားကျဆင်းသွားသည်ဟု အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်များက ဆိုသည်။ 

ထိုကဲ့သို့ အခက်အခဲများနှင့် ကြုံတွေ့နေကြရသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်း ဆိုင် အချို့နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့ လုပ်ငန်းများ ယာယီရပ်နားထားရခြင်းများ ရှိနေကြပြီး အချို့က လည်း လုပ်ငန်းရပ်တန့်လိုက်ပါက လက်လုပ်လက်စား မှီခိုနေသူများ အလုပ်လက်မဲ့ဖြစ်သွားမည်ကို စိုးရိမ်သည့် အတွက် လုပ်ငန်းများ မရပ်ပဲ အခက်အခဲများကြားမှပင် ဆက်လက်လုပ်ကိုင်နေကြရကြောင်း လုပ်ငန်းရှင် များက ပြောသည်။

က်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းရောင်းချနေသူများ အနေဖြင့် ဒေါ်လာဈေး ၂၁၀၀ ခန့် ဖြစ်နေချိန် ကုန်ပစ္စည်းများဈေးတက်သည့် ဒဏ်အပြင် ဘဏ်မှ လိုအပ်သည့်ငွေပမာဏကို ထုတ်ယူရန် ခက်ခဲနေသည့် အတွက် လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု လုပ်ငန်းရှင်များက  ပြောသည်။

***ZAWGYI***
ရခိုင္တြင္ ေဆာက္လုပ္ေရး ပစၥည္းမ်ား ၃၀% ေက်ာ္ ေဈးတက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၇ ရက္။

ေဒၚလာေဈး ျမင့္တက္လာျခင္းေၾကာင့္ ရခိုင္ျပည္နယ္တြင္ ေဆာက္လုပ္ေရး လုပ္ငန္းသုံးပစၥည္းမ်ား ၃၀ ရာခိုင္ႏႈန္းေက်ာ္ အထိ ေဈးႏႈန္းမ်ား ျမင့္တက္လာသည္ဟု  လုပ္ငန္းရွင္မ်ားက ေျပာသည္။

ကုန္ပစၥည္းမ်ား ေဈးႏႈန္းျမင့္တက္လာေနသည့္အတြက္ ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူမ်ားမွာလည္း ေငြေၾကးအခက္အခဲမ်ားႏွင့္ ပစၥည္းမ်ားဝယ္ယူရန္အတြက္ အခက္အခဲမ်ား ႀကဳံေတြ႕ေနၾကရသည္ဟု ေျပာသည္။ 

“ေဈးေတြတက္ေတာ့  ခုေနာက္ပိုင္း အေႂကြးမေပးေတာ့ဘူး။ လက္ငင္းစနစ္နဲ႔ပဲ ေရာင္းေတာ့တယ္။ အရင္က တစ္လေလာက္ အေႂကြးစနစ္နဲ႔ ေရာင္းေပးတယ္။ ဘဏ္ေငြထုတ္ရတဲ့ အပိုင္းမွာလဲ အခက္အခဲေတြရွိေတာ့ အေႂကြးလည္း မရေတာ့တဲ့အတြက္ ပိုအခက္ခဲျဖစ္ေနတယ္” ဟု  ေဆာက္လုပ္ေရးလုပ္ငန္းရွင္ ဦးျမတ္ကို က ေျပာသည္။

လက္ရွိတြင္ ဘိလပ္ေျမမွလြဲ၍ က်န္သည့္ အိမ္ေဆာက္ ပစၥည္းအားလုံးနီးပါး ၃၅ ရာခိုင္ႏႈန္း အထက္ ေဈးျမင့္ တက္ေနသည္ လုပ္ငန္းရွင္မ်ားက ေျပာသည္။

ေဆာက္လုပ္ေရး လုပ္ငန္းသုံး ကုန္ပစၥည္းမ်ားသည္ ႏိုင္ငံျခားမွ တင္သြင္းေနၾကရသည့္အတြက္ ေဒၚလာေဈးတက္ လာျခင္းေၾကာင့္ ယခင္ေဈးႏႈန္းမ်ားထက္ အဆမတန္ခုန္တက္သြားရျခင္း ျဖစ္သည္ဟု ေဆာက္လုပ္ေရး ပစၥည္း ေရာင္းခ်ေနသူမ်ား က ေျပာသည္။ 

ေဒၚလာေဈးတက္၍ ဝယ္ရင္းေဈးျမင့္ၿပီး ေရာင္းေဈးလဲ ၃၅ ရာခိုင္ႏႈန္းခန႔္ ျမင့္လာရေၾကာင္း၊ ယခင္က အထပ္ ျပား အေသးတစ္ခ်ပ္လွ်င္ ၁၈၅၀၀ က်ပ္ ခန႔္သာရွိေသာ္လည္း ယခု ၂၃၀၀၀ က်ပ္အထိ ေစ်းတက္သြားသည္ဟု စစ္ေတြၿမိဳ႕ က အိမ္ေဆာက္ပစၥည္းဆိုင္ရွင္ မခ်ိဳမာဝင္း က ေျပာသည္။

ေဈးႏႈန္းမ်ား အလြန္အမင္းျမင့္တက္လာေနသည့္အတြက္ ကုန္ပစၥည္းမ်ားမွာလည္း ေရာင္းအားက်ဆင္းသြားသည္ဟု အိမ္ေဆာက္ပစၥည္းဆိုင္ပိုင္ရွင္မ်ားက ဆိုသည္။ 

ထိုကဲ့သို႔ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနၾကရသည့္အတြက္ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ပစၥည္းအေရာင္း ဆိုင္ အခ်ိဳ႕ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ အခ်ိဳ႕ လုပ္ငန္းမ်ား ယာယီရပ္နားထားရျခင္းမ်ား ရွိေနၾကၿပီး အခ်ိဳ႕က လည္း လုပ္ငန္းရပ္တန႔္လိုက္ပါက လက္လုပ္လက္စား မွီခိုေနသူမ်ား အလုပ္လက္မဲ့ျဖစ္သြားမည္ကို စိုးရိမ္သည့္ အတြက္ လုပ္ငန္းမ်ား မရပ္ပဲ အခက္အခဲမ်ားၾကားမွပင္ ဆက္လက္လုပ္ကိုင္ေနၾကရေၾကာင္း လုပ္ငန္းရွင္ မ်ားက ေျပာသည္။

လက္ရွိတြင္ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ပစၥည္းေရာင္းခ်ေနသူမ်ား အေနျဖင့္ ေဒၚလာေဈး ၂၁၀၀ ခန႔္ ျဖစ္ေနခ်ိန္ ကုန္ပစၥည္းမ်ားေဈးတက္သည့္ ဒဏ္အျပင္ ဘဏ္မွ လိုအပ္သည့္ေငြပမာဏကို ထုတ္ယူရန္ ခက္ခဲေနသည့္ အတြက္ လုပ္ငန္းမ်ားလုပ္ကိုင္ရာတြင္ အခက္အခဲႏွင့္ ရင္ဆိုင္ေနၾကရသည္ဟု လုပ္ငန္းရွင္မ်ားက  ေျပာသည္။