မြောင်းမြတွင် ဆရာတော်တစ်ပါးကို လူဝတ်လဲ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မှ ဆရာတော် တစ်ပါးကို စစ်ကောင်စီ တပ်ဖွဲ့များက လူဝတ်လဲစေပြီး ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

မြောင်းမြမြို့၊ အမှတ် (၈) ရပ်ကွက်၊ မြဂုဏ်ရည်လမ်းရှိ ပညာဇေယျံ ကျောင်းတိုက်ကို စစ်ကောင်စီ တပ်ဖွဲ့က ဝင်ရောက်စီနင်းပြီး သီရိလင်္ကာနိုင်ငံမှ သာသနာ့ တက္ကသီလ ဓမ္မာစာရိယ BA.MA Buddhism ဘွဲ့ရ ဆရာတော် တစ်ပါးကို PDF အဖွဲ့များ နှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ လူဝတ်လဲဖမ်းဆီးသွားသည်ဟု ဒကာ၊ ဒကာမများ က ပြောသည်။

“စစ်တပ်အာဏာ သိမ်းတာကို သံဃာတွေနဲ့ အတူ ဆန့်ကျင်ဆန္ဒပြတာလည်း တစ်ကြိမ်ထဲပါ။ သိက္ခာချ လူဝတ် လဲတာ အများရှေ့မှာ သင်္ကန်း ချွတ်တာကိုမြင်ရတော့ စိတ်မချမ်းသာဘူး” ဟု ဒကာမ တစ်ဦး ကပြောသည်။

အဖမ်းခံရသည့် ဆရာတော် ဘဒ္ဒန္တမေဓာ သည် ဝါတွင်းကာလ ဝါဆိုနေသည့် အာဂန္ဓုသံဃာဖြစ်ပြီး ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့ဘူးကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက် နံနက် ၁၁ နာရီကျော် အချိန်က အင်အား ၅၀ ကျော်ခန့် ပါဝင်သည့် စစ်ကောင်စီ ၏ တပ် ဖွဲ့ဝင်များက သက်တော် ၄၅ နှစ်ခန့်ရှိ U Zinn Ba Nyi အကောင့်ပိုင်ရှင် အရှင် ဘဒ္ဒန္တမေဓာ ကို လူဝတ်လဲ စေပြီး နောက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆရာတော်ကို PDF အဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဆိုပြီး ဖမ်းဆီးခြင်းဖြစ်ပြီး ဆရာတော်၏ ကွန်ပြူတာ နှင့် ဆက်စပ်သည့်ပစ္စည်းများကိုလည်း သိမ်းဆည်းသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ ဝင်များသည် မည်သည့် ဘာသာ သာသနာ နယ်မြေကို မဆို အမှုအခင်းကိစ္စများ ဝင်ရောက် ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ ဘာသာ၊ သာသာနာ၏ တာဝန်ရှိသူ များထံ ခွင့်ပန်ခြင်း၊ ခွင့်ပြုချက်တောင်းပြီးမှသာ လုပ်ဆောင်အပ်ကြောင်း ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့က ဆရာတော် တစ်ပါးက မိန့်ဆိုသည်။

ပြီးခဲ့သော အောက်တိုဘာ ၅ ရက်နေ့ ညက ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ က ဘုန်း ကြီးကျောင်းတိုက် တစ်ခုကို ဝင်ရောက် စီးနင်းပြီးနောက် မယ်သီလရှင် တစ်ပါးကိုလည်း ဖမ်းဆီးသွားသည်။

*** ZAWGYI ***
ေျမာင္းျမတြင္ ဆရာေတာ္တစ္ပါးကို လူဝတ္လဲ ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။

ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕၊ မွ ဆရာေတာ္ တစ္ပါးကို စစ္ေကာင္စီ တပ္ဖြဲ႕မ်ားက လူဝတ္လဲေစၿပီး ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေျမာင္းျမၿမိဳ႕၊ အမွတ္ (၈) ရပ္ကြက္၊ ျမဂုဏ္ရည္လမ္းရွိ ပညာေဇယ်ံ ေက်ာင္းတိုက္ကို စစ္ေကာင္စီ တပ္ဖြဲ႕က ဝင္ေရာက္စီနင္းၿပီး သီရိလကၤာႏိုင္ငံမွ သာသနာ့ တကၠသီလ ဓမၼာစာရိယ BA.MA Buddhism ဘြဲ႕ရ ဆရာေတာ္ တစ္ပါးကို PDF အဖြဲ႕မ်ား ႏွင့္ အဆက္အသြယ္ရွိသည္ဟု ဆိုကာ လူဝတ္လဲဖမ္းဆီးသြားသည္ဟု ဒကာ၊ ဒကာမမ်ား က ေျပာသည္။

“စစ္တပ္အာဏာ သိမ္းတာကို သံဃာေတြနဲ႔ အတူ ဆန႔္က်င္ဆႏၵျပတာလည္း တစ္ႀကိမ္ထဲပါ။ သိကၡာခ် လူဝတ္ လဲတာ အမ်ားေရွ႕မွာ သကၤန္း ခြၽတ္တာကိုျမင္ရေတာ့ စိတ္မခ်မ္းသာဘူး” ဟု ဒကာမ တစ္ဦး ကေျပာသည္။

အဖမ္းခံရသည့္ ဆရာေတာ္ ဘဒၵႏၲေမဓာ သည္ ဝါတြင္းကာလ ဝါဆိုေနသည့္ အာဂႏၶဳသံဃာျဖစ္ၿပီး ဘာသာ ေပါင္းစုံ ၿငိမ္းခ်မ္းေရးအတြက္ ေဆာင္႐ြက္ခဲ့ဘူးေၾကာင္း သိရသည္။

ေအာက္တိုဘာ ၈ ရက္ နံနက္ ၁၁ နာရီေက်ာ္ အခ်ိန္က အင္အား ၅၀ ေက်ာ္ခန႔္ ပါဝင္သည့္ စစ္ေကာင္စီ ၏ တပ္ ဖြဲ႕ဝင္မ်ားက သက္ေတာ္ ၄၅ ႏွစ္ခန႔္ရွိ U Zinn Ba Nyi အေကာင့္ပိုင္ရွင္ အရွင္ ဘဒၵႏၲေမဓာ ကို လူဝတ္လဲ ေစၿပီး ေနာက္ ဖမ္းဆီးသြားျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဆရာေတာ္ကို PDF အဖြဲ႕မ်ားႏွင့္ အဆက္အသြယ္ရွိသည္ဆိုၿပီး ဖမ္းဆီးျခင္းျဖစ္ၿပီး ဆရာေတာ္၏ ကြန္ျပဴတာ ႏွင့္ ဆက္စပ္သည့္ပစၥည္းမ်ားကိုလည္း သိမ္းဆည္းသြားသည္ဟု ဆိုသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား အပါအဝင္ အုပ္ခ်ဳပ္ေရးအဖြဲ႕ ဝင္မ်ားသည္ မည္သည့္ ဘာသာ သာသနာ နယ္ေျမကို မဆို အမႈအခင္းကိစၥမ်ား ဝင္ေရာက္ ေဆာင္႐ြက္မည္ဆိုပါက သက္ဆိုင္ရာ ဘာသာ၊ သာသာနာ၏ တာဝန္ရွိသူ မ်ားထံ ခြင့္ပန္ျခင္း၊ ခြင့္ျပဳခ်က္ေတာင္းၿပီးမွသာ လုပ္ေဆာင္အပ္ေၾကာင္း ဘာသာေပါင္းစုံၿငိမ္းခ်မ္းေရး အဖြဲ႕က ဆရာေတာ္ တစ္ပါးက မိန႔္ဆိုသည္။

ၿပီးခဲ့ေသာ ေအာက္တိုဘာ ၅ ရက္ေန႔ ညက ဧရာဝတီတိုင္း၊ က်ဳံေပ်ာ္ၿမိဳ႕တြင္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္အခ်ိဳ႕ က ဘုန္း ႀကီးေက်ာင္းတိုက္ တစ္ခုကို ဝင္ေရာက္ စီးနင္းၿပီးေနာက္ မယ္သီလရွင္ တစ္ပါးကိုလည္း ဖမ္းဆီးသြားသည္။