မြန်အောင်တွင် အရပ်သား ၁၅ ဦး PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်တွင် စစ်တပ်သတင်းပေးသူ တစ်ဦး သတ်ခံရပြီးနောက် ၁၄ နှစ်သား အပါအဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၅ ဦးကို PDF ဟုစွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။

သပြေကုန်းရွာသား စစ်တပ်သတင်းပေးဆိုသူ အောက်တိုဘာလ ၁ ရက်နေ့ ညနေက အသတ်ခံခဲ့ရသည်။

အဖမ်းခံထား ရသူများ၏ နေအိမ်များကို ဖျက်ဆီးကာ ဝင်ရောက် ရှာဖွေပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံး စတီး ပိုက်ချောင်းနှင့် ဆေးသုတ်ရာတွင် အသုံးပြုသည့် ပတ်တီးမှုန့်များကို သိမ်းဆည်းသွားကြောင်း ဒေသခံ အချို့က ပြောသည်။

“သူတို့သိမ်းတဲ့ဟာတွေကို ဖောက်ခွဲရေးပစ္စည်းတွေ ဆိုပြီးပြောတယ် ပြီးတော့ ရွာကိုမီးရိူ့ပစ်မယ်ဆိုပြီး ဗိုလ် လုပ်တဲ့သူကပြောသွားသေးတယ်” ဟု သပြေကုန်းတိုက်နယ်အတွင်း နေထိုင်သူ ဒေသခံ ရွာသားတစ်ဦး က ပြော သည်။

၎င်းတို့ ၁၅ ဦးကို အောက်တိုဘာ ၆ ရက်နေ့ က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးခံနေရသူများကို သပြေကုန်း နယ်မြေ ရဲစခန်းနှင့် အင်္ဂပူမြို့မ ရဲစခန်းတို့တွင် စစ်ဆေးနေပြီး မည်သူနှင့်မှလည်း တွေ့ဆုံခွင့် မရသေး ဟု မိသားစုဝင် အချို့က ပြောသည်။

အင်္ဂပူ ဒေသခံ ဦးကုလားက “အခုဒီကိစ္စက ရွာသားတွေနဲ့ ဘာမှ မဆိုင်ဘူး။ PDF တွေ လုပ်တာလို့ မြန်အောင်မြို့ ပြ ပြောက်ကြားတပ်ဖွဲ့က သူတို့လုပ်တာလို့ ဝန်ခံထားပြီသား” ဟု ပြောသည်။

သပြေကုန်းရွာသား စစ်တပ်သတင်းပေးဆိုသူ ဦးဝင်းမြင့်အောင် (ခေါ်) ဂျပ်ကြီး အောက်တိုဘာလ ၁ ရက်နေ့ ညနေက အသတ်ခံလိုက်ရသည့်ကိစ္စနှင့် ပတ်သက်၍ မြန်အောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် မြစ်ဝကျွန်းပေါ် ပြောက်ကျား စစ်ဆင်ရေး တပ်ပေါင်းစုက ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူ ၁၅ ဦးကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

အသက် ၄၀ နှစ်ကျော်ခန့် ရှိ သပြေကုန်းရွာသား စစ်တပ်သတင်းပေးဆိုသူ ဦးဝင်းမြင့်အောင်ကို အောက်တိုဘာ လ ၁ ရက်နေ့၊ ညနေ ၅နာရီခွဲ အချိန်ခန့်က သပြေကုန်းဈေးအနီး ဆိုင်ကယ်စီးလာစဉ် အမည်မသိ သေနတ်သမား တစ်ဦးက ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခြင်း ဖြစ်သည်။

*** ZAWGYI ***
ျမန္ေအာင္တြင္ အရပ္သား ၁၅ ဦး PDF ႏွင့္ အဆက္အသြယ္ရွိသည္ဟု စြပ္စြဲကာ ဖမ္းဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။

ဧရာဝတီတိုင္း ျမန္ေအာင္ၿမိဳ႕နယ္တြင္ စစ္တပ္သတင္းေပးသူ တစ္ဦး သတ္ခံရၿပီးေနာက္ ၁၄ ႏွစ္သား အပါအဝင္ အမ်ိဳးသား ၁၁ ဦး၊ အမ်ိဳးသမီး ၄ ဦး စုစုေပါင္း ၁၅ ဦးကို PDF ဟုစြပ္စြဲကာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္။

သေျပကုန္း႐ြာသား စစ္တပ္သတင္းေပးဆိုသူ ေအာက္တိုဘာလ ၁ ရက္ေန႔ ညေနက အသတ္ခံခဲ့ရသည္။

အဖမ္းခံထား ရသူမ်ား၏ ေနအိမ္မ်ားကို ဖ်က္ဆီးကာ ဝင္ေရာက္ ရွာေဖြၿပီး ေဆာက္လုပ္ေရး လုပ္ငန္းသုံး စတီး ပိုက္ေခ်ာင္းႏွင့္ ေဆးသုတ္ရာတြင္ အသုံးျပဳသည့္ ပတ္တီးမႈန႔္မ်ားကို သိမ္းဆည္းသြားေၾကာင္း ေဒသခံ အခ်ိဳ႕က ေျပာသည္။

“သူတို႔သိမ္းတဲ့ဟာေတြကို ေဖာက္ခြဲေရးပစၥည္းေတြ ဆိုၿပီးေျပာတယ္ ၿပီးေတာ့ ႐ြာကိုမီး႐ိူ႔ပစ္မယ္ဆိုၿပီး ဗိုလ္ လုပ္တဲ့သူကေျပာသြားေသးတယ္” ဟု သေျပကုန္းတိုက္နယ္အတြင္း ေနထိုင္သူ ေဒသခံ ႐ြာသားတစ္ဦး က ေျပာ သည္။

၎တို႔ ၁၅ ဦးကို ေအာက္တိုဘာ ၆ ရက္ေန႔ က ဖမ္းဆီးသြားျခင္းျဖစ္ၿပီး ဖမ္းဆီးခံေနရသူမ်ားကို သေျပကုန္း နယ္ေျမ ရဲစခန္းႏွင့္ အဂၤပူၿမိဳ႕မ ရဲစခန္းတို႔တြင္ စစ္ေဆးေနၿပီး မည္သူႏွင့္မွလည္း ေတြ႕ဆုံခြင့္ မရေသး ဟု မိသားစုဝင္ အခ်ိဳ႕က ေျပာသည္။

အဂၤပူ ေဒသခံ ဦးကုလားက “အခုဒီကိစၥက ႐ြာသားေတြနဲ႔ ဘာမွ မဆိုင္ဘူး။ PDF ေတြ လုပ္တာလို႔ ျမန္ေအာင္ၿမိဳ႕ ျပ ေျပာက္ၾကားတပ္ဖြဲ႕က သူတို႔လုပ္တာလို႔ ဝန္ခံထားၿပီသား” ဟု ေျပာသည္။

သေျပကုန္း႐ြာသား စစ္တပ္သတင္းေပးဆိုသူ ဦးဝင္းျမင့္ေအာင္ (ေခၚ) ဂ်ပ္ႀကီး ေအာက္တိုဘာလ ၁ ရက္ေန႔ ညေနက အသတ္ခံလိုက္ရသည့္ကိစၥႏွင့္ ပတ္သက္၍ ျမန္ေအာင္ ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ ႏွင့္ ျမစ္ဝကြၽန္းေပၚ ေျပာက္က်ား စစ္ဆင္ေရး တပ္ေပါင္းစုက ၎တို႔၏ လက္ခ်က္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ထိုသို႔ ထုတ္ျပန္ခဲ့ေသာ္လည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက အျပစ္မဲ့ျပည္သူ ၁၅ ဦးကို PDF ဟု စြပ္စြဲကာ ဖမ္းဆီးသြားျခင္း ျဖစ္သည္။

အသက္ ၄၀ ႏွစ္ေက်ာ္ခန႔္ ရွိ သေျပကုန္း႐ြာသား စစ္တပ္သတင္းေပးဆိုသူ ဦးဝင္းျမင့္ေအာင္ကို ေအာက္တိုဘာ လ ၁ ရက္ေန႔၊ ညေန ၅နာရီခြဲ အခ်ိန္ခန႔္က သေျပကုန္းေဈးအနီး ဆိုင္ကယ္စီးလာစဥ္ အမည္မသိ ေသနတ္သမား တစ္ဦးက ပစ္ခတ္ခဲ့ၿပီးေနာက္ ေသဆုံးသြားျခင္း ျဖစ္သည္။