တနိုင်း၊ဖားကန့်နှင့် မိုးမောက်တွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရ။

ကချင်ပြည်နယ်ထဲက တနိုင်း-လီဒိုလမ်းမတလျှောက်၊ ဖားကန့်မြို့နယ်နဲ့ မိုးမောက်မြို့နယ်ထဲမှာ နေ့တိုင်းနီးပါး စစ်ကောင်စီရဲ့ ကားတွေ၊ စစ်ကြောင်းတွေ မိုင်းခွဲတိုက်ခိုက်ခံနေရပါတယ်။ အောက်တိုဘာလ ၆၊ ၇၊ ၈ ရက်နေ့တွေမှာလည်း တနိုင်း-လီဒိုလမ်းမတစ်လျောက်မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသလို အောက်တိုဘာလ ၆ ရက်နေ့တုန်းကလည်း ဖားကန့်မြို့နယ်ထဲမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တနိုင်းဒေသခံတစ်ယောက်က သတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကို ပြောပါတယ်။