တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၁ – ၁၀ – ၂၁ )

ပြည်သူ့ရင်ခွင်ကို ခိုလှုံလာကြမယ့် တပ်မတော်သားတွေနဲ့ ရဲတပ်ဝင်တွေရဲ့ မိသားစုဝင်တွေအတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စကို တာဝန်ယူပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ကတိပြုပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနား KBC စစ်ရှောင်စခန်းက စစ်ဘေးရှောင် ၃၀၀၀ နီးပါးအတွက် ဆန်နဲ့တခြားအစားအစာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းက တာဝန်ခံတွေက ပြောပါတယ်။

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားက ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးမှုနဲ့ အဖြေရှာဖို့ ဘာလိုမဖြစ်နိုင်သေးတာလဲဆိုတာကို အဖွဲ့နှစ်ဖွဲ့စလုံးက ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းပြီး တင်ပြထားပါတယ်။

*** ZAWGYI ***
တိုင္းရင္းသား ဘာသာ သတင္းအစီအစဥ္ ( ၁၁ – ၁၀ – ၂၁ )

ျပည္သူ႔ရင္ခြင္ကို ခိုလႈံလာၾကမယ့္ တပ္မေတာ္သားေတြနဲ႔ ရဲတပ္ဝင္ေတြရဲ႕ မိသားစုဝင္ေတြအတြက္ စားဝတ္ေနေရးနဲ႔ က်န္းမာေရးကိစၥကို တာဝန္ယူေပးမယ္လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ယာယီ သမၼတ ဒူဝါလရွီးလက ကတိျပဳေျပာဆိုလိုက္ပါတယ္။

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕၊ မိုင္းနား KBC စစ္ေရွာင္စခန္းက စစ္ေဘးေရွာင္ ၃၀၀၀ နီးပါးအတြက္ ဆန္နဲ႔တျခားအစားအစာေတြ လိုအပ္ေနတယ္လို႔ စစ္ေရွာင္စခန္းက တာဝန္ခံေတြက ေျပာပါတယ္။

ရွမ္းလက္နက္ကိုင္ႏွစ္ဖြဲ႕ၾကားက ပဋိပကၡေတြကို ေတြ႕ဆုံေဆြးေႏြးမႈနဲ႔ အေျဖရွာဖို႔ ဘာလိုမျဖစ္ႏိုင္ေသးတာလဲဆိုတာကို အဖြဲ႕ႏွစ္ဖြဲ႕စလုံးက ေျပာေရးဆိုခြင့္ရွိသူေတြကို ေမးျမန္းၿပီး တင္ျပထားပါတယ္။