ကျိုက်လတ်မြို့နယ် လျှပ်စစ်ရုံးရှေ့ ဗုံး နှစ်လုံး ပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့ လျှပ်စစ်မီတာရုံးရှေ့တွင် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ကျော်အချိန်ခန့် က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်။

အမှတ် ၂ လမ်းရှိ မြို့နယ်လျှပ်စစ်ရုံးရှေ့တွင် ဗုံးတစ်လုံး နှင့် တစ်လုံး စက္ကန့် အနည်းငယ်စီသာ ခြားပြီး ပေါက်ကွဲခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိ ဟု အမှတ် ၂ လမ်း အတွင်း နေထိုင်သူများက ပြောသည်။

“စစ်တပ်ကတော့ ထုံးစံအတိုင်း လာစစ်ဆေးတာတွေ လုပ်တယ်။ လမ်းတွေကို ပိတ်ဆို့ စစ်ဆေးကြတယ်။ ထိခိုက်တာ ပျက်စီးတာလည်း မရှိဘူး” ဟု မျက်မြင်တွေ့သည့် ဒေသခံ တစ်ဦးက ပြောသည်။

လျှပ်စစ်ဝန်ထမ်းများက မီတာခများကို ရပ်ကွက်အချို့တွင် လိုက်လံကောက်ခံနေသဖြင့် PDF အဖွဲ့က သတိပေး ဖောက်ခွဲခြင်း ဖြစ်နိုင်ကြောင်း ကျိုက်လတ်မြို့ခံ ဦးမောင်အုန်း က ကျိုက်လတ် မြို့ပြ ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ KPDF ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြောသည်။

ယခင်က ဗုံးပေါက်ကွဲမှုများတွင် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် ခံဝန်ဖြင့် လွှတ်ပေးထားသူများကို ပြန်လည် ဖမ်းဆီးမည် ဟု သတင်းများထွက်ပေါ်နေသည့်အတွက် အချို့မှာ ထိတ်လန့်ပြီး ရှောင်တိမ်းနေကြသည်ဟု ဒေသခံ အချို့ က ပြောသည်။

“မသင်္ကာဘူးဆိုပြီး ဖမ်းတယ်။ သက်သေ အထောက်အထားမရှိတော့လည်း ကောင်းကောင်း မွန်မွန် ပြန် မလွှတ် ဘူး။ ခံဝန်လုပ်ရတယ်။ ခံဝန်မှာတော့ ပိုက်ဆံမပေးရကြောင်း အချက်ပါပေမယ့် ပိုက်ဆံတော့ ပေးရတာပါပဲ” ဟု ဖမ်းခံရဘူးသူ၏ မိသားစုဝင်တစ်ဦး က ပြောသည်။

ကျိုက်လတ်မြို့နယ်အတွင်း၌ ဇူလိုင်လ မှ စတင်၍ ယနေ့အချိန်ထိ ဗုံးပေါက်ကွဲမှု ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုများ မရှိဘူးဟု ဒေသခံများက ဆိုသည်။

*** ZAWGYI ***
က်ိဳက္လတ္ၿမိဳ႕နယ္ လွ်ပ္စစ္႐ုံးေရွ႕ ဗုံး ႏွစ္လုံး ေပါက္ကြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။

ဧရာဝတီတိုင္းေဒသႀကီး၊ က်ိဳက္လတ္ၿမိဳ႕ လွ်ပ္စစ္မီတာ႐ုံးေရွ႕တြင္ ေအာက္တိုဘာလ ၁၀ ရက္ေန႔ နံနက္ ၈ နာရီ ေက်ာ္အခ်ိန္ခန႔္ က ဗုံးႏွစ္လုံး ဆက္တိုက္ေပါက္ကြဲခဲ့သည္။

အမွတ္ ၂ လမ္းရွိ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးေရွ႕တြင္ ဗုံးတစ္လုံး ႏွင့္ တစ္လုံး စကၠန႔္ အနည္းငယ္စီသာ ျခားၿပီး ေပါက္ကြဲျခင္း ျဖစ္ၿပီး ထိခိုက္ဒဏ္ရာရရွိမႈ မရွိ ဟု အမွတ္ ၂ လမ္း အတြင္း ေနထိုင္သူမ်ားက ေျပာသည္။

“စစ္တပ္ကေတာ့ ထုံးစံအတိုင္း လာစစ္ေဆးတာေတြ လုပ္တယ္။ လမ္းေတြကို ပိတ္ဆို႔ စစ္ေဆးၾကတယ္။ ထိခိုက္တာ ပ်က္စီးတာလည္း မရွိဘူး” ဟု မ်က္ျမင္ေတြ႕သည့္ ေဒသခံ တစ္ဦးက ေျပာသည္။

လွ်ပ္စစ္ဝန္ထမ္းမ်ားက မီတာခမ်ားကို ရပ္ကြက္အခ်ိဳ႕တြင္ လိုက္လံေကာက္ခံေနသျဖင့္ PDF အဖြဲ႕က သတိေပး ေဖာက္ခြဲျခင္း ျဖစ္ႏိုင္ေၾကာင္း က်ိဳက္လတ္ၿမိဳ႕ခံ ဦးေမာင္အုန္း က က်ိဳက္လတ္ ၿမိဳ႕ျပ ျပည္သူ႔ကာကြယ္ေရး တပ္ ဖြဲ႕ KPDF ၏ ထုတ္ျပန္ခ်က္ကို ကိုးကား၍ ေျပာသည္။

ယခင္က ဗုံးေပါက္ကြဲမႈမ်ားတြင္ သံသယျဖင့္ ဖမ္းဆီးခံရၿပီးေနာက္ ခံဝန္ျဖင့္ လႊတ္ေပးထားသူမ်ားကို ျပန္လည္ ဖမ္းဆီးမည္ ဟု သတင္းမ်ားထြက္ေပၚေနသည့္အတြက္ အခ်ိဳ႕မွာ ထိတ္လန႔္ၿပီး ေရွာင္တိမ္းေနၾကသည္ဟု ေဒသခံ အခ်ိဳ႕ က ေျပာသည္။

“မသကၤာဘူးဆိုၿပီး ဖမ္းတယ္။ သက္ေသ အေထာက္အထားမရွိေတာ့လည္း ေကာင္းေကာင္း မြန္မြန္ ျပန္ မလႊတ္ ဘူး။ ခံဝန္လုပ္ရတယ္။ ခံဝန္မွာေတာ့ ပိုက္ဆံမေပးရေၾကာင္း အခ်က္ပါေပမယ့္ ပိုက္ဆံေတာ့ ေပးရတာပါပဲ” ဟု ဖမ္းခံရဘူးသူ၏ မိသားစုဝင္တစ္ဦး က ေျပာသည္။

က်ိဳက္လတ္ၿမိဳ႕နယ္အတြင္း၌ ဇူလိုင္လ မွ စတင္၍ ယေန႔အခ်ိန္ထိ ဗုံးေပါက္ကြဲမႈ ၅ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ထိခိုက္ ေသဆုံးမႈမ်ား မရွိဘူးဟု ေဒသခံမ်ားက ဆိုသည္။